LOADING

Type to search

မြတ်​ဗုဒ္ဓကို အဘယ်​​ကြောင့်​ဆည်းကပ်ကိုးကွယ်​တာလဲ

မြတ်​ဗုဒ္ဓကို အဘယ်​​ကြောင့်​ဆည်းကပ်ကိုးကွယ်​တာလဲ

Bagan Thar October 30, 2018
Share

မြတ်​ဗုဒ္ဓကို အဘယ်​​ကြောင့်​ကဆည်းကပ်ကိုးကွယ်​တာလဲ ?
တစ်​ခါတုန်းက စာ​ရေးသူနဲ့ခရစ်​ယာန်​ဒကာမ​လေးတစ်​​ယောက်​နဲ့အမှတ်​မထင်​စကား​ပြောဖြစ်​ကြတယ်​။
အဲဒီမှာ ခရစ်​ယာန်​ဒကာမ​လေးက စာ​ရေးသူကို ” မြတ်​ ဗုဒ္ဓကို ဘာ​ကြောင့်​ကိုးကွယ်​ဆည်းကပ်​သလဲ ?လို့ဒီ​မေးခွန်း​လေးကို​မေးလာခဲ့တယ်​…။
စာ​ရေးသူလည်း သူ့ကိုမိမိရဲ့အမြင်​နဲ့အကျယ်​တဝင့်​​​ရှင်းပြ​​ပေးခဲ့ပါတယ်​။
မြတ်​ဗုဒ္ဓကို အဘယ်​​ကြောင့်​ဆည်းကပ်​ကိုးကွယ်​သလဲဆိုရင်​မြတ်​​ဗုဒ္ဓဘုရားရဲ့
၁။”သိသင့်​သိထိုက်​​သောတရား​တော်​မြတ်​​တွေကို သိခွင့်​ရတယ်။ သိတဲ့အတိုင်းလည်းကျင့်​ကြံခွင့်​ရတယ်​။ ”
၂။”မပြုသင့်​ မလုပ်​သင့်​​သော မ​ကောင်းကျိုးကို​ပေးနိုင်​​သော
အကုသိုလ်​​အမှု​တွေကို သိခွင့်​ရတယ်​။
သိတဲ့အတိုင်းလည်းမပြုဘဲ မလုပ်​ဘဲ​​နေခွင့်​ရတယ်​။ ”
၃။”ပြုသင့်​ လုပ်​သင့်​​သော ​ကောင်းကျိုးကို​ပေးနိုင်​​သော
ကုသိုလ်​အမှု​တွေကိုသိခွင့်​ရတယ်​။
သိတဲ့အတိုင်းလည်း ပြုခွင့်​ လုပ်​ခွင့်​ရတယ်​။ ”
၎။”မိမိအ​​ပေါ် ​ကောင်းသူ ဆိုးသူ​တွေကို ဘယ်​​လိုစိ​တ်​မျိုး​တွေထားရမယ်​ဆိုတာကို ဗုဒ္ဓကလမ်းပြ​ပေး​ပြီးသိခွင့်​ ပြုခွင့်​ရတယ်။”
၅။”​ကောင်းတာလုပ်​ရင်​ ​ကောင်းတဲ့အကျိုးရမယ်​။မ​ကောင်းတာလုပ်​ရင်​ မ​ကောင်းတဲ့အကျိုးရမယ်​” ဆိုတဲ့
လက်​​တွေ့ကျတဲ့ဗုဒ္ဓရဲ့တရားဓမ္မ​တွေကို သိခွင့်​ရသလို့ပြုခွင့်​လည်းရတယ်​။ ”
၆။” ကောင်းကျိုး / မ​ကောင်းကျိုး ​| အဖြူ / အမည်း | အ​ကြောင်း/ အကျိုး အ​ကောင်း / အဆိုး ​တွေကို ခွဲခြား​ဝေဖန်​နိုင်​​အောင်​ ဗုဒ္ဓရဲ့တရား​တွေကအ​ကောင်းဆုံးလမ်းပြ​ပေးတယ်​ ။
၇။ဗုဒ္ဓရဲ့အဆုံးအမ​တွေ​ကြောင့်​ သတ္တဝါ​လောကတစ်​ခုလုံး​အေးချမ်းတယ်​။
ရိုင်းစို​င်း​နေတဲ့စိတ်​​တွေကို ဗုဒ္ဓရဲ့တရား​တော်​​တွေက အ​ကောင်းဆုံးယဉ်​​ကျေး​လိမ္မာ​လာ​အောင်​ လမ်းပြ​​ပေးတယ်​ လမ်းညွန်​​ပေးတယ်​ ” ။
၈။လမ်းမှား​ရောက်​​နေတဲ့သတ္တဝါ​တွေကို လမ်းမှန်​​ရောက်​​အောင်​ လမ်းမမှား​ရ​အောင်​ ဗုဒ္ဓရဲတရားဓမ္မ​တွေကသ အ​ကောင်းဆုံးအဆုံးအမ​တွေဖြစ်​​တယ်​ ”
၉။ဗုဒ္ဓက တစ်​​ယောက်​တည်း နိဗ္ဗာန်​ကိုသွားလို့ရပါလျက်​နဲ့ မသွားဘဲ သတ္တဝါအ​တွေ​အ​ပေ ​မေတ္တာ ကရုဏာ ထားပြီးနိဗ္ဗာန်​​ရောက်​​ကြောင်းတရား​တွေကို ​ဟော​ဖော်​ညွန်​ကြား​လမ်းပြ​ပေးတယ်​ ”
၁၀။ ဆင်းရဲသူ /ချမ်းသာသူ ရုပ်​ဆိုးသူ/ရုပ်​လှသူစသည်​ အဆင့်​အတန်းပုဂ္ဂိုလ်​မခွဲခြားဘဲ တစ်​ညီထဲ​မေတ္တာထားပြီး
တရား​တော်​​တွေ​​ဟောကြား​ပေးတယ်​ ။
၁၁။ ငါဘာသာကိုသာ ဝင်​ရမယ်​ တစ်​ခြားဘာသာကို ဝင်​ခွင့်​မပြုဘူး။ဝင်​ရင်အပြစ်​သင့်​မယ်​လို့ အတ္တဆန်​တဲ့ဝါဒကို ပယ်​ချပြီး ဘယ်​အရာမဆိုခွဲခြားစိတ်​ဖြာ စဉ်းစားဆင်​ခြင်​ပြီးမှ ယုံဖို့သတ္တဝါ​တွေကို လမ်းမှန်​ညွှန်းကြား​ပေးတယ်​ ။
၁၂။ ဗုဒ္ဓ​ဟောကြားတဲ့တရား​တော်​​တွေဟာ လွှဲ​ချော်​သွားတယ်​ဆိုတာ မရှိသလိ တရား​တော်​ကိုလိုက်​နာကျင့်​ကြံလို့အကျိုးမဲ့သွားတယ်​ဆိုတာလည်း
မြတ်​ဗုဒ္ဓရဲ့ဝါဒမှာ မရှိပါဘူး ။
၁၃ ။ဘဝရဲ့ထွက်​​မြောက်​ရာအစစ်​ရှာ​ဖွေဖို့ဆိုတာ ဗုဒ္ဓ၏တရား​တော်​များကသာအစစ်​အမှန်​ဖြစ်​ပါတယ်​ ။
၁၄။ပူ​လောင်​​နေတဲ့ မ​အေးချမ်းတဲ့ဒီကမ္ဘာ​မြေကြီး​ကိုငြိမ်းချမ်း​အေးချမ်းဖို့ဆိုရင်​ ဗုဒ္ဓ၏တရား​တော်​​တွေက ငြိမ်းချမ်း​အောင်​ ​အေးချမ်း​​အောင်
စွမ်း​ဆောင်​နိုင်​ပါတယ်​ ။
၁၅။မြတ်​ဗုဒ္ဓဟာ လူသားဘုရားဖြစ်​တဲ့အတွက်​ လတ်​​တွေ့ကျတယ်​။ သဘာဝကျတယ်​။ အကျင့်​စရဏမပါပဲဆု​တောင်း​နေရုံ​နဲ့မရဘူး။
တရား​တော်​ကျင့်​ကြံအားထုတ်​ရင်​ တရား​တော်​ကပြန်​​စောင့်​​ရှောက်​တယ်​ ။
၁၆။ဗုဒ္ဓ၏တရား​တော်​​တွေဟာ နည်းနည်းကျင့်ကြံရင်​နည်းနည်းအကျိုးရှိမယ်​။
အများကြီးကျင့်​ကြံရင်​အများကြီးအကျိုးရှိတယ်​။
ကျင့်​ကြံရင်​ ကျင့်​ကြံသ​လောက်​အကျိုးရှိပါတယ်​ ။
ဒါ​ကြောင်​မြတ်​ဗုဒ္ဓကို ကိုးကွယ်​ဆည်းကပ်​တာပါ လို့​ဖြေကြားခဲ့ပါတယ်​ ။
ဒီအ​ဖြေဟာ စာ​ရေးသူရဲ့အမြင်​နဲ့
ရေးထားတာဖြစ်​သည့်​အတွက်​ မှားယွင်းလွဲ​ချော်​ခဲ့သည်​ရှိ​သော်​ စာ​ရေးသူ၏ညံ့ဖျင်းမှု​ကြောင့်​သာဖြစ်​သည်​ဟုဝန်​ခံပါသည်​….။
“ဗုဒ္ဓအဆုံးအမ – နှလုံးလှဖြင့်​ ​-
လောကအ​မှောင်​ – အလင်း​ဆောင်​အံ့ ”
ကျန်းမာချမ်းသာကြပါ​စေ…။
မျိုးဆက်​သစ်​အရှင်​{ဖို​လေးလုံး}

Leave a Comment

Your email address will not be published. Required fields are marked *