LOADING

Type to search

မထသရဲ့ ခြေရာကို ကွက်တိနင်းနိုင်တဲ့ YBS ၉၂ (တာဝန်ရှိသူများ ကြပ်မတ်ပေးကြပါဦး)

မထသရဲ့ ခြေရာကို ကွက်တိနင်းနိုင်တဲ့ YBS ၉၂ (တာဝန်ရှိသူများ ကြပ်မတ်ပေးကြပါဦး)

Bagan Thar September 10, 2019
Share

Y.B.S.၉၂ ကို အရေးယူ ပေးနိုင်သူများရှိတယ်ဆိုကူညီပါ ပုံထဲမှာပါသောကား 1I -2500 ၁၀.၉.၂၀၁၉ ဇဝန မှ ထွက်ချိန် ညနေ ၄း၄၅ ကျနော်တက်သော ဘဝမြင့် မှတ်တိုင်သို့ရောက်ရှိချိန် ညနေ ၅း၀၀ ပါလာသော စပါယ်ယာ (အင်္ကျီ အပြာ ပုဆိုး ပန်းရောင်ကွက် အသား ညို အရပ်ပု) မှ တက်လာလာချင်း လူလိုနားလည်တယ်ဆိုနောက်ထဲ တိုးနော် ခရီးသည်တွေက စောက်ရေးမပါဘူး စောက်ပုံမလာဘူး လူလိုပြောနေရင်မရဘူးဟု ထပ်ကာထပ်ကာ ခရီးသည်များကို ပြောဆိုဆက်ဆံခဲ့ပါသည်။

ထပ်မံ၍ စံပြဈေးမှတ်တိုင်တွင် လူအတော်များများ ထပ်တက်လာပါသည် ထိုအတိုင်းပင်ပြောဆိုပါသည် ခရီးသည်မိန်းကလေးများ အမျိုးသမီးများကိုလည်း ပြောဆိုအတင်တွန်းထိုးပါသည်။ ခရီးသည်စီထည့်ခြင်းထက်ပိုကာ တွန်းသည့်အားမှာ အတော်ပြင်းပါသည်။ အရက်သောက်စား ထား၍ မူးရစ်ရမ်းကားနေခြင်းသာဖြစ်ပါသည်။ အပေါက်ဝအနားရပ်နေသော အမေအိုတစ်ဦး ၏ မျက်နှာသို့လည်းတံတောင်ဖြင့်တွက်မိ၍ အတော်နာသွားပုံရပါသည်။

ယာဉ်မောင်းမှ တားသော်လည်း စပါယ်ယာ မှ အဲခရီးသည်တွေ ဒီလောက်ပြောတာတောင် တော်ကာမကျဘူး စီးနေတာကြာပီ လူလိုကိုနားမလည်ဘူးေ-ာက်ရေးမပါဘူး ဟုသာရိုင်းစိုင်းကြမ်းတမ်းစွာ ဆက်ပြောနေပါသည် တစ်ကားလုံးရှိ ခရီးသည်များ အားလှည့်ပတ်ဆဲဆိုတွန်းထိုးမြဲ ပြုလာရာ မိုးစွေ မှတ်တိုင်သို့ လိုင်စင်ရုံးမရောက်မီ ခရီးသည်အမျိုးသားတစ်ဦးအား ထပ်မံဆောင့်တွန်းရာမှ အပြန်အလှန် ထပ်မံ၍ စကားများကြပီး ခရီးသည်များနှင့်လည်း အပြန်အလှန် ထပ်စကားများ ရန်ဖြစ်ကြသည် အထိ မိုက်ရိုင်းစော်ကားခဲ့ပါသည်။

နောက်ဆုံး ယာဉ်မောင်းမှ စပါယ်ယာ အားပြောဆို မာန်မဲခဲ့ပြီး ခရီးသည်များကလည်း ပြောဆိုကြသဖြင့် ဘေလီထိပ် YATA ရုံးနားမရောက်မီ အဲဒီကောင်ငြိမ်ကျသွားပါသည်။ မ.ထ.သ ခေတ်တို့ Y.B.S ခေတ်တို့ ဆိုတဲ့စကားတွေမပြောပါဘူး။ မီနီဘတ်စ်ယာဉ် များတွင် စပါယ်ယာ တင်ပေးခြင်းသည် ခရီးသည်များ အဆင်ပြေစွာ စီးနင်းရန် အတက်အဆင်း တံခါးအဖွင့်အပိတ် ပြုလုပ်ပေးရန်စသော အကြောင်းပြချက်များဖြင့် တင်ထားခြင်းသာဖြစ်ပါသည်။ယခုကဲ့သို့ ခရိီးသည်များအား ဆက်ဆံခြင်းနှင့် မူးယစ်သောက်စား၍ ယာဉ်ပေါ်သို့တက်ခွင့်ပေးခြင်း တို့အတွက် ယခုကားယာဉ်မောင်းတွင်တာဝန်အပြည့်အဝရှိပါသည်။

ကားဘေးတွင်ကပ်ထားသော စတေကာအရ ယာဉ်အကူမပါ ယာဉ် စီး ခ ပုံ ထဲ ထည့်ရန် လို့ ရေးထားသဖြင့် ယခုဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် ယာဉ်မောင်းသည်လည်း တရားခံ ဖြစ်ပါသည်။ ခရီးသည်များမှာ ညနေပိုင်း ထောက်ကြံ့ သို့ရောက်အောင်မမောင်းဘဲ အောင်မင်္ဂလာကားဝင်း ရှေ့ မှ စံပြဈေးသို့ ပြန်လှည့်သွားခြင်းကိုလည်း အပြစ်မပြောဘဲ ဇဝန ဘဝမြင့် စံပြဈေး မှတ်တိုင်မှ မှော်ဘီ ဘက်သို့ ကားသုံးဆင့်ခန့်ပြောင်းစီးရခြင်းကိုလည်း နားလည်ပေးနိုင်ပါသည်။

ဒေါသအဖြစ်ဆုံးမှာ ယခုကဲ့သို့ ပိုက်ဆံလည်းပေးစီးရပြီး ပေါ်တာဆွဲခံရသူတွေကိုတင်လာသလို သူမိန်းမရဲ့ အငယ်တွေ ကိုတင်လာသလို မူးရူးဆဲဆို မိုက်ရိုင်း စော်ကား တွန်းထိုး ၍ ပြဿနာ ရှာခြင်းကို မကျေနပ်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ (ဘယ်သူလဲတော့မသိ) မှ ထိုလမ်းကြောင်းရှိ Y.B.S ၉၂ များအား လိုအပ်သလို စစ်ဆေးအရေးယူနိုင်ကြပါရန် တင်ပြပေးလိုက်ပါသည် ဆက်ပြောစရာတွေ ကျန်ပါသေးတယ် ဖတ်ပေးသူများကို တကယ်အားနာလို့ စာတော်တော်ရှည်သွားတာနားလည်ပေးကြပါ။

satetra sithu (လေးစားမှုဖြင့် ခရက်ဒစ်)

Leave a Comment

Your email address will not be published. Required fields are marked *