LOADING

Type to search

လည်ပင်းမှာ အကျိတ်ပေါက်တာကို ရမ်းကုနဲ့ ကုလိုက်တာတဲ့ (ကျန်းမာရေးဗဟုသုတ အားနည်းခြင်းရဲ့အကျိုး)

လည်ပင်းမှာ အကျိတ်ပေါက်တာကို ရမ်းကုနဲ့ ကုလိုက်တာတဲ့ (ကျန်းမာရေးဗဟုသုတ အားနည်းခြင်းရဲ့အကျိုး)

Bagan Thar July 11, 2019
Share

လည်ပင်းမှာ အကျိတ်ပေါက်တာကို ရမ်းကုနဲ့ ကုလိုက်တာတဲ့ (ကျန်းမာရေးဗဟုသုတ အားနည်းခြင်းရဲ့အကျိုး)

ဖြစ်​စဉ်​အကျဉ်း  လူနာက လက်​ရှိမှာ အသက်​ ( ၂၉ ) နှစ်​ ။ လွန်​ခဲ့တဲ့ ( ၁၀ ) နှစ်​​လောက်​က လည်​ပင်းမှာ အကျိတ်​​ပေါ်လာ လို့ဆိုပြီး ​​ဆေးခန်းသွားပြတယ်​ ။ ( အကျိတ်​က နှစ်​လုံးသုံးလုံးလို့​ပြောပါတယ်​ ) ။ ဒီအခါမှာ ဆရာဝန်​က ခွဲရမယ်​​ပြောလို့ ဗမာဆရာဆီ​ရောက်​သွားပါသတဲ့ ။  လူနာက သာယာဝတီ သုံးဆယ်​ဖက်​က ။ သူတို့သွားပြမယ့်​ ဗမာဆရာဆိုတာက သူတို့ နယ်​သားဖြစ်​ပြီး ရန်​ကုန်​တို့ မန္တ​လေးတို့မှာ အလုပ်​ဖြစ်​​နေတယ်​ဆိုတယ်​ ။

ဒီ​တော့ကာ လူနာရှင်​မိသားစုက ဘာလုပ်​လည်းဆို​တော့ ( ကန်​​တော့ပါရဲ့) ချီး​ပေါက်​တယ်​ ။ အင်္ဂလိပ်​နည်းနဲ့ ခွဲတာစိတ်​တာ ကင်​ဆာဖြစ်​တတ်​သတဲ့ . . . တို့နယ်​က ဗမာဆရာတစ်​​ယောက်​ ရန်​ကုန်​မယ်​ တယ်​အလုပ်​ဖြစ်​ဆိုပဲ ။ အဖုအကျိတ်​ဆို ခွဲစိတ်​စရာမလို ​ပေါင်​ဒါဘူးထဲထည့်​လို့ရ​အောင်​ အမှုန့်​ဖြစ်​သွား​စေရမယ်​ ဘာညာ​ပေါ့ ။ က​လေးမကိုပွား​တယ်​ ။  အသက်​ ( ၁၉ ) နှစ်​အရွယ်​ ဗမာမိန်းက​လေးတစ်​​ယောက်​အ​နေနဲ့ အုပ်​ထိန်းသူ​တွေစကား ဖယ်​ရှားရဲမယ်​ထင်​သလား ။ ဆို​တော့ကာ တာ​မွေမှာရှိတဲ့ ဗမာဆရာဆိုသူဆီ အစ်​မဖြစ်​သူနဲ့အတူ ဒိုးကြ​ပေါ့ . . .  နင်​တို့ညီအစ်​မ

သူ့ဆီ​ရောက်​​ရောက်​ခြင်း သူက ဘာစလုပ်​လဲ  ​ရောက်​​ရောက်​ခြင်း လက်​မှတ်​ထိုးခိုင်းသတဲ့ ။ အနာတစ်​ခု ကံတစ်​ခုဆိုပဲ ဆရာကြီးက​ပြော​သေးတာ ( ​တောကြိုက်​​တွေ ) ။ ဆိုလိုရင်းက တစ်​ခုခုဖြစ်​ခဲ့ရင်​ သူနဲ့မဆိုင်​ပါ​ပေါ့ ။ အယ်​လယ်​ . . ဆရာကြီးက  ။ ပြီး​တော့ ​ဆေးစည်းတယ်​ ။  ​ဆေးစည်းတာ ဘယ်​​လောက်​​ပေးရသတုန်း  ​လွန်​ခဲ့တဲ့ဆယ်​နှစ်​က​ဈေးနဲ့ ​ဆေးတစ်​လွှာကို ငါး​သောင်းနဲ့ လည်​ပင်းကို ​ဆေးသုံးလွှာစည်းသတဲ့ ။ လူနာက ခါးလည်းနည်းနည်းနာတယ်​​ပြောလို့ ခါးပါ ထပ်​စည်းသတဲ့ ။

ပြသနာက ညတွင်းခြင်းပဲစတယ်​ . . .  စည်းထားတဲ့​နေရာက​နေ စပ်​ဖျင်းဖျင်းဖြစ်​တယ်​ ။ အရည်​​တွေထွက်​လာတယ်​ ။ သို့​ပေသိ ဆရာကြီးက မှာထားတယ်​. . အဲ့လို​တွေဖြစ်​တတ်​တယ်​ . . . ဘာမှမပူနဲ့ဆိုပဲ ။ ဆို​တော့ကာ ကြိတ်​မှိတ်​ခံ​ပေါ့ . .  ပိုဆိုးသွား​စေတဲ့အချက်​က ဆရာကြီးရဲ့မိန့်​မှာချက်​ပဲ ။ စပ်​ဖျင်းဖျင်းဖြစ်​လာမယ်​ . . အရည်​​တွေထွက်​လာရင်​ သုတ်​မပစ်​နဲ့ . . အဲ့အရည်​ကို ပလာစတာနဲ့လိုက်​ကပ်​ . . ​အောက်​မကျ​စေနဲ့ဆိုပဲ ။  ဆရာကြီး ဘယ်​​လောက်​စွမ်းလဲ ​အောက်​ကပုံ​တွေသာ ကြည့်​​တော့ ။

ဆို​တော့ကာ နင်​တို့​တွေ ဒီ​လောက်​ဖြစ်​​နေတာ ဘာမှပြန်​မလုပ်​ဘူးလား ။  ဆရာကြီးက ဒါမျိုး​တွေဖြစ်​လိမ့်​မယ်​ . . . သူမှာတဲ့ အတိုင်းသာလုပ်​ ဆယ်​ရက်​ပြည့်​မှပြန်​လာဆို​ပေမယ့်​ ခုနှစ်​ရက်​​မြောက်​​တော့ ဘယ်​လိုမှမခံနိုင်​လို့ ဆရာကြီးဆီပြန်​သွားလိုက်​တယ်​ ။  ဒီ​တော့ နင်​တို့ကို ဘာလုပ်​​ပေးလဲ ? ?  ​ရောက်​​ရောက်​ခြင်း လက်​မှတ်​ထိုးခိုင်းတယ်​ ။ ကိုယ်​ဖြစ်​ကိုယ်​ခံ ဒန်​တန်​တန်​​ပေါ့ . . ပြီး​တော့ ​ဆေးဝါတစ်​ဘူး ( ဘီတာဒင်းထင်​ပါတယ်​ ) ​ပေးပြီး ပြန်​ခိုင်းတယ်​ ။  ဒီ​လောက်​ဖြစ်​​နေတာ နင်​တို့ ​ဆေးရုံမသွားဘူးလား? ? ?  သွားလည်း အဆဲခံရမှာဆို​တော့ ဝဋ်​​ကြွေးလို့ပဲ​တွေးလိုက်​ပါသတဲ့

ကျွန်​​တော်​တစ်​ဦးတည်း သုံးသပ်​ချက်​  က​လေးအရွယ်​မှာဖြစ်​တဲ့ က​လေးတီဘီ​တွေဟာ တီဘီကျိတ်​အ​နေနဲ့ လူပျို / အပျို​ပေါက်​အရွယ်​ထိ လည်​ပင်းမှာ ကျန်​တတ်​ပါတယ်​ ။ အရွယ်​​ရောက်​ပြီးသားလူ​တွေ တီဘီဖြစ်​ရင်​လည်း လည်​ပင်းမှာ အကျိတ်​ဖြစ်​တတ်​သလို တခြား​ရောဂါ​တွေလည်း လည်​ပင်းမှာအကျိတ်​​ပေါ်တတ်​ပါတယ်​ ။  ဆို​တော့ကာ ဘာ​ကြောင့်​ဖြစ်​တဲ့အကျိတ်​လည်း သိရ​အောင်​ အသားစယူရပါတယ်​ ။ အများအားဖြင့်​​တော့ တီဘီကျိတ်​ဖြစ်​​နေတတ်​ပြီး တခြား​ရောဂါ​တွေလည်းဖြစ်​နိုင်​ပါတယ်​ ။

ပြသနာက လည်​ပင်းကအကျိတ်​ကို အသားစယူတာကို ဆရာဝန်​​တွေက လွယ်​လွယ်​ပဲ ခွဲရမယ်​ဘာညာ​ပြောလိုက်​တာက စတယ်​ထင်​ပါတယ်​ ။ ခွဲစိတ်​​တာမှန်​​ပေမယ့်​ ဒီစကားလုံးနဲ့ မရင်းနှီးတဲ့ ​တောသူ​တောင်​သား​တွေအတွက်​​တော့ ဒါဟာ အကြီးကြီးပါ ။ ​ကြေကွဲဝမ်းနည်းဖွယ်​အ​ခြေအ​နေ​တွေက ဒီကစတယ်​ မြင်​မိပါတယ်​ ။  ဖြစ်​သွားတာက​တော့ ဓာတ်​မတည့် တာလို့ ယူဆရပါတယ်​ ။ ဆံပင်​ဆိုး​ဆေးနဲ့ ဓာတ်​မတည့်​ရင်​​တောင်​ မတည့်​တဲ့အရာ​တွေကို ​ပြောင်​​နေ​အောင်​​ရေနဲ့​ဆေးချရ တာ မြင်​ဖူးကြမှာပါ ။ ဒီလူနာမှာ​တော့ ဓာတ်​မတည့်​တာကို ဒီတိုင်း တစ်​ပတ်​တိတိ လည်​စင်းခံခဲ့ရပါတယ်​ . . .

တရားမဝင်​ ဗိ​န္ဓောဆရာတစ်​​ယောက်​ရဲ့ consent letter ဟာ တရားဝင်​ပါသလား ? ?  အကြံပြုချင်​တာက ဆရာဝန်​​တွေ ဒီထက်​နည်းနည်း စိတ်​ရှည်​​ပေးပါ ။ ကိုယ်​တိုင်​လည်း စိတ်​တိုတတ်​သူမို့ အမြဲသတိ​ပေး​နေရပါတယ်​ …  ကိုယ့်​နိုင်​ငံသား​တွေရဲ့ ​အောက်​ကျ​နောက်​ကျနိုင်​မှုဟာ ဘယ်​လိုမှမခံစားနိုင်​စရာပါ ။  ပိုအ​ရေးကြီးဆုံးက တရားဥပ​ဒေစိုးမိုးမှုပါ။

Tay (လေးစားမှုဖြင့် ခရက်ဒစ်)

Leave a Comment

Your email address will not be published. Required fields are marked *