LOADING

Type to search

ဒါဖတ္ၿပီးမွ ကုိရီးယားမွာ အလုပ္သြားလုပ္ဖုိ႔ စဥ္းစားပါ။

ဒါဖတ္ၿပီးမွ ကုိရီးယားမွာ အလုပ္သြားလုပ္ဖုိ႔ စဥ္းစားပါ။

Bagan Thar October 13, 2018
Share

သင္တန္း ေၾကာ္ညာတစ္ခု ေတြ႕မိသည္ –

( အနည္းဆံုး အေျခခံ လစာ ျမန္မာေငြ၁၉သိန္းေက်ာ္မွ သိန္း ၃၀ အထက္ ရရွိႏိုင္သည္! ကိုးရီးယားတြင္ E-9 visaျဖင့္ အစိုးရ တရားဝင္ အလုပ္ လုပ္ကိုင္ႏိုင္ေသာ အခြင့္အေရး ရွိေနပါၿပီ! )

ရုတ္တရက္ဆို ဟုတ္တုတ္တုတ္ပါ ။

ကိုရီးယားကို အလုပ္လာလုပ္ဖို႕ ျပင္ဆင္ေနၾကသည့္ ျမန္မာျပည္ရွိ ညီကိုငယ္မ်ားကို ေသခ်ာ နားလည္နုိင္ဖို႕ ေသခ်ာတဲ့ အရာတစ္ခုကို ေျပာျပခ်င္ပါသည္ ။

အဲဒါကေတာ့ ကိုရီးယားကို လာဖို႕ ျပင္ဆင္ရတာ အင္မတန္လြယ္သည္။ တစ္ကယ္ ထြက္လာရဖို႕ေတာ့ မလြယ္ပါ ။ ေရာက္လာ ရင္ ပိုမလြယ္ေတာ့ပါ ။

အဲဒီ စကားကို အက်ယ္ရွင္းရမည္ဆိုပါက ကိုရီးယားကို လာဖို႕ ျပင္ဆင္ရတာ လြယ္သည္ ဆိုတာက နီးစပ္ရာ သင္တန္းေက်ာင္း တစ္ခုမွာ သင္တန္းေၾကးေပး သင္တန္းတက္လိုက္တာနဲ႕ .. သင္ဟာ ကိုရီးယားကို သြားဖုိ႕ ျပင္ဆင္ ေနသူ ေအာ္တိုမက္တစ္ ျဖစ္သြားပါၿပီ။ အင္မတန္လြယ္တယ္ေနာ္ ။

အဲဒီလို သင္တန္းေလး တက္ရံုနဲ႕ ကိုရီးယားကို သြားရဖို႕ ေသခ်ာသလား ? အဲဒါ နဖူးေပၚလက္တင္ စဥ္းစားဖို႕ေတာင္ မလိုပါ။ ဘယ္လိုမွ မလြယ္ပါဘူး ။

ကိုရီးယားသြားဖို႕ အဲလို ခပ္လြယ္လြယ္နဲ႕ ျပင္ဆင္တဲ့လူ မ်ားေလေလ .. ကိုယ့္အတြက္ ကိုရီးယား သြားရဖို႕ဟာ
အခြင့္အေရး နဲေလေလ ျဖစ္မွာပါပဲ ။ ဘာေၾကာင့္လဲဆုိေတာ့ ကိုရီးယားကို အလုပ္သမား ေခၚတာဟာ လူအေရအတြက္ အကန္႕အသတ္နဲ႕ ေခၚတာ ျဖစ္လို႔ပါပဲ ။

စာေမးပြဲေအာင္တိုင္း လာလို႕ရတာ မဟုတ္ပါ ။ စာက်ိဳးစားလို႕ .. စာေမးပြဲ ေျဖနုိ္င္တဲ့လူ မ်ားရင္ စာေမးပြဲ ေအာင္မွတ္ဟာ တက္လာမွာပါပဲ ။ စီဘီတီဆို ပိုဆိုးပါတယ္ ။ ေခၚမယ့္လူအေရအတြက္က အေယာက္ ၁၀၀ ဆိုပါေတာ့ ။ ေျဖတဲ့လူက အေယာက္ တစ္ေထာင္ျဖစ္ေနရင္ အဲဒီ အေယာက္တစ္ေထာင္ထဲမွာ စာေတာ္သူမ်ားေနလို႕ စာေမးပြဲ ေပးမွတ္က အမွတ္ ၁၀၀ ေပးတာမွာ လူေပါင္း ၉၀၀ ေလာက္က အရမ္းေတြ ေတာ္ၿပီး ၉၅ မွတ္အထိ ရေနၿပီး က်န္တဲ့ အေယာက္ ၁၀၀ ဟာ
အမွတ္ျပည့္ေတြဆိုလို႕ကေတာ့ .. ဘာမွေမးမေနနဲ႕ အဲဒီအပတ္စဥ္ စာေမးပြဲမွာ ေအာင္မွတ္ကို ၉၆ မွတ္ကေန
ျဖတ္မွာ ေသခ်ာပါတယ္ ။

အဲဒီမွာ .. မေက်မနပ္နဲ႕ ေအာင္မွတ္ျဖတ္တာ မ်ားလိုက္တာ ဘာညာ ေၾကကြဲေဒါသ ထြက္ေနတဲ့လူဟာ ျဖစ္စဥ္ကို
နားမလည္လို႕ပါပဲ ။ အကယ္၍ ျမန္မာကို အေယာက္ ၁၀၀ ေခၚမွာကို လူအေယာက္ တစ္ေထာင္ ဝင္ေျဖလို႕ .. အမွတ္ ၅၀ ေက်ာ္တာ ဆယ္ေယာက္ေတာင္ မရွိဘူးဆို .. ေအာင္မွတ္ သတ္မွတ္ခ်က္ ေလ်ာ့လာမွာေပါ့ ။ ဒါ ဘာမွ ထူးဆန္းတာမွ မဟုတ္တာ ။

အဲေတာ့ .. ကိုရီးယား လာရဖို႕ လြယ္သလား ခက္သလား ? လက္ရွိ အေျခအေနေတြနဲ႕ ခ်ိန္ထိုးစဥ္းစားၾကေစခ်င္ပါတယ္ ။ တစ္ကယ္ေတာ့ .. စာေမးပြဲ ေျဖနုိင္တဲ့လူတိုင္းကို စာေမးပြဲ အေအာင္ေပးတာ မဟုတ္သလို .. စာေမးပြဲ ေအာင္တိုင္းလည္း
အလုပ္ေခၚစာ ခ်ေပးတာ မဟုတ္ပါ ။

လူအေရအတြက္ .. ခြဲတမ္း သတ္မွတ္ၿပီး ေခၚတာျဖစ္လို႕ သင္တန္းတက္ရတာ လြယ္တယ္ .. ျပင္ဆင္ရတာ လြယ္တယ္
သြားရဖို႕ေတာ့ မလြယ္ပါ ။ ဘာေၾကာင့္လဲဆိုေတာ့ ေျဖတဲ့လူ မ်ားေနလို႕ပါပဲ ။

ေျဖတဲ့လူမ်ားရင္ .. ေအာင္တဲ့လူ နဲမယ္ .. သြားရတာ ခက္မယ္။ ေျဖတဲ့လူ နဲရင္ .. ေျဖသမွွ်လူ ေအာင္မယ္ .. သြားရတာ လြယ္မယ္။ ဒါေၾကာင့္ .. ကိုယ့္ ပါတ္ဝန္းက်င္က လူေတြကို ေတြ႕ရင္
ကိုရီးယား မသြားၾကနဲ႕ .. မေကာင္းဘူးလို႕ေျပာပါ ။

ပိုက္ဆံကုန္တယ္ သင္တန္းေၾကး အလွဴေပးသလိုျဖစ္ၿပီး သင္တန္းဆရာေတြပဲ ခ်မ္းသာသြားမွာလို႕ တရားေဟာပါ။ကိုရီးယားမွာ အမွန္တကယ္ ျဖစ္ပ်က္ေနတဲ့ ဒုကၡ ဆင္းရဲနဲ႕ ပင္ပန္းျခင္းေတြ ၊ ဖိနွိပ္ခံရမွုေတြ ၊ လုပ္အားခ မရရွိမွုေတြ ၊ ထိခိုက္ေသဆံုးရမွုေတြ အေၾကာင္းကို ကြက္ကြက္ကြင္းကြင္း မီးေမာင္းထိုးျပပါ ။

ဒါဆို .. လူေတြ ကိုရီးယား သြားဖို႕ စိတ္ပ်က္ၿပီး တစ္ကယ္  အပင္ပန္းခံနုိင္သူ .. တစ္ကယ္ ဇြဲရွိသူ ၊ စိတ္ဓါတ္ ခိုင္မာသူ ၊
ရည္ရြယ္ခ်က္ရွိသူေတြေလာက္ပဲ တစ္ကယ္သြားဖို႕ ဆံုးျဖတ္ၾကေတာ့မွာ ေသခ်ာပါတယ္ ။

———

ကဲ .. သင္တန္းေက်ာင္းေတြ ေၾကာ္ညာေနသလို

အနည္းဆံုး အေျခခံ လစာ ျမန္မာေငြ၁၉သိန္းေက်ာ္မွ သိန္း ၃၀ အထက္ ရရွိႏိုင္သည္!ဆိုတာ ဟုတ္နုိင္လား မဟုတ္နုိင္လား ဒီသတင္းကို ဖတ္ၾကည့္ပါ ။

▪ေရႊ႕ေျပာင္းအလုပ္သမား အလုပ္သင္ကာလ စနစ္ဆိုတာ ဘာကိုေခၚတာလဲ?

ေရႊ႕ေျပာင္းအလုပ္သမားသည္ ၂ နွစ္တာကာလ အလုပ္သင္အျဖစ္  လုပ္ကိုင္ကာ ပထမနွစ္တြင္ ၂၀% ၊ ဒုတိယနွစ္တြင္ ၁၀% ျဖင့္  အနိမ့္ဆံုးလုပ္အားခထက္ ေလွ်ာ့ခ်၍ ေပးေခ်မည့္ စနစ္ျဖစ္ပါသည္။ လက္ရွိတြင္လည္း ဥပေဒအရ၏ အနိမ့္ဆံုး အဆင့္ကို ရရွိေနၿပီး ထိုအထဲကမွ ထပ္မံျဖတ္ေတာက္မည့္သေဘာ ျဖစ္ပါသည္။

ဥပမာအားျဖင့္ တစ္လ အနိမ့္ဆံုး လုပ္ခသည္ သိန္း ၂၀ ျဖစ္ပါက ေရႊ႕ေျပာင္းအလုပ္သမားသည္ ပထမနွစ္တြင္ ၁၆ သိန္း ၊
ဒုတိယနွစ္တြင္ ၁၈ သိန္းသာ ရရွိမည္ျဖစ္ပါသည္။ အနိမ့္ဆံုး လုပ္အားခသည္ ယခုအထိ အားလံုးေသာ အလုပ္သမား မ်ားထံ တန္းတူညီမွ်စြာ သတ္မွတ္ထားခဲ့ပါသည္။ သို႕ေသာ္ ယခုမွစ၍ ေရႊ႕ေျပာင္းအလုပ္သမားမ်ားထံ အနိ္မ့္ဆံုး
လုပ္ခကို ေလွ်ာ့ခ် ေပးေခ်နို္င္ရန္ ဥပေဒကို ေျပာင္းလဲမည္ ျဖစ္ပါသည္။

▪အလုပ္ရွင္နွင့္ လႊတ္ေတာ္အမတ္မ်ား ၊ အစိုးရတို႕ အနိမ့္ဆံုးလုပ္ခ ဥပေဒကို ေျပာင္းလဲရန္ ျပင္ဆင္ေနၾကၿပီ

တစ္ခ်ိန္ က အခမဲ့ျဖစ္ေသာ အေဆာင္စရိတ္ ၊ စားေသာက္စရိတ္ကို လုပ္အားခထဲမွ ၂၀% အထိ အလုပ္ရွင္က ျဖတ္ေတာက္ ပိုင္ခြင့္ကို အလုပ္သမားဝန္ၾကီးဌါနက ခြင့္ျပဳခဲ့ၿပီး ျဖစ္ပါသည္။ ထို႕ထက္ပို၍ ေရႊ႕ေျပာင္းအလုပ္သမား အလုပ္သင္ကာလ စနစ္ျဖင့္ ဥပေဒကို ေျပာင္းလဲပါက ေရႊ႕ေျပာင္းအလုပ္သမား လစာ သည္ အမ်ားဆံုး ၄၀% အထိ ေလ်ာ့က်သြားမည္ ျဖစ္ပါသည္။

တစ္လလွွ်င္ အနိမ့္ဆံုးလုပ္ခ သိန္း ၂၀ ဆိုပါက ေရႊ႕ေျပာင္းအလုပ္ သမားသည္ ၁၂ သိန္းအျပင္ ပို၍ ရနိုင္မည္ မဟုတ္ပါ။ ဥပေဒသာ အတည္ျဖစ္သြားပါက ျပန္လည္ျပင္ဆင္ရန္ မျဖစ္နုိင္ေတာ့ေခ်။ ပို၍ ပို၍ ဆိုးလာဖို႕သာ ရွိပါေတာ့သည္။ လတ္တေလာ ေရႊ႕ေျပာင္းအလုပ္သမားထံ အနိမ့္ဆံုးလုပ္ခထက္ ေလ်ာ့နဲေပးေခ်မွုသာ စတင္ပါက ေနာင္တြင္ အနိမ့္ဆံုး လုပ္အားခထဲမွ အမ်ိဳးမ်ိဳးေသာ ေခါင္းစဥ္မ်ားတပ္ကာ ျဖတ္ေတာက္မွုထပ္မ်ား ထပ္တိုး ျဖစ္ေပၚလာ ေတာ့မွာ ေသခ်ာပါသည္။

—–

ဒါေၾကာင့္ သင္တန္းေတြကို ေၾကာ္ညာၾကရင္လည္း ပကတိ အရွိ အေျခအေနေတြကိုပါ ၾကိဳတင္ အသိေပး ၊ သတိေပး ၾကေစခ်င္ပါတယ္ ။ အဆင္ေျပမယ္ .. ကူညီမယ့္လူေတြ အဆင္သင့္ရွိတယ္။ အလုပ္ကလည္း ေပါတယ္ .. စိတ္ခ်ရတယ္ .. လစာလည္း မတရားေကာင္းတယ္ .. စသျဖင့္ လူေတြရဲ႕ ေခါင္းထဲကို ေလာဘစိတ္ေတြ အတင္းရိုက္ထည့္ၿပီး ကိုယ့္ သင္တန္း ဆီ လူလာေအာင္ ေသြးေဆာင္ ဖ်ားေယာင္းၿပီး ဆြယ္တရားေဟာၿပီး ေၾကာ္ညာတာမ်ိဳး မျဖစ္ၾကေစဖို႕
တိုက္တြန္း လိုရင္း ျဖစ္ပါတယ္ ။

Credit – ခန္႕ေနသူတိုး (ျမန္မာအတိုင္ပင္ခံ) ဘူဆန္စင္တာ 051-304-4725

Unicode Version

ဒါဖတ်ပြီးမှ ကိုရီးယားမှာ အလုပ်လုပ်ဖို့ စဉ်းစားပါ။

သင်တန်း ကြော်ညာတစ်ခု တွေ့မိသည် –

( အနည်းဆုံး အခြေခံ လစာ မြန်မာငွေ၁၉သိန်းကျော်မှ သိန်း ၃၀ အထက် ရရှိနိုင်သည်! ကိုးရီးယားတွင် E-9 visaဖြင့် အစိုးရ တရားဝင် အလုပ် လုပ်ကိုင်နိုင်သော အခွင့်အရေး ရှိနေပါပြီ! )

ရုတ်တရက်ဆို ဟုတ်တုတ်တုတ်ပါ ။

ကိုရီးယားကို အလုပ်လာလုပ်ဖို့ ပြင်ဆင်နေကြသည့် မြန်မာပြည်ရှိ ညီကိုငယ်များကို သေချာ နားလည်နိုင်ဖို့ သေချာတဲ့ အရာတစ်ခုကို ပြောပြချင်ပါသည် ။

အဲဒါကတော့ ကိုရီးယားကို လာဖို့ ပြင်ဆင်ရတာ အင်မတန်လွယ်သည်။ တစ်ကယ် ထွက်လာရဖို့တော့ မလွယ်ပါ ။ ရောက်လာ ရင် ပိုမလွယ်တော့ပါ ။

အဲဒီ စကားကို အကျယ်ရှင်းရမည်ဆိုပါက ကိုရီးယားကို လာဖို့ ပြင်ဆင်ရတာ လွယ်သည် ဆိုတာက နီးစပ်ရာ သင်တန်းကျောင်း တစ်ခုမှာ သင်တန်းကြေးပေး သင်တန်းတက်လိုက်တာနဲ့ .. သင်ဟာ ကိုရီးယားကို သွားဖို့ ပြင်ဆင် နေသူ အော်တိုမက်တစ် ဖြစ်သွားပါပြီ။ အင်မတန်လွယ်တယ်နော် ။

အဲဒီလို သင်တန်းလေး တက်ရုံနဲ့ ကိုရီးယားကို သွားရဖို့ သေချာသလား ? အဲဒါ နဖူးပေါ်လက်တင် စဉ်းစားဖို့တောင် မလိုပါ။ ဘယ်လိုမှ မလွယ်ပါဘူး ။

ကိုရီးယားသွားဖို့ အဲလို ခပ်လွယ်လွယ်နဲ့ ပြင်ဆင်တဲ့လူ များလေလေ .. ကိုယ့်အတွက် ကိုရီးယား သွားရဖို့ဟာ

အခွင့်အရေး နဲလေလေ ဖြစ်မှာပါပဲ ။ ဘာကြောင့်လဲဆိုတော့ ကိုရီးယားကို အလုပ်သမား ခေါ်တာဟာ လူအရေအတွက် အကန့်အသတ်နဲ့ ခေါ်တာ ဖြစ်လို့ပါပဲ ။

စာမေးပွဲအောင်တိုင်း လာလို့ရတာ မဟုတ်ပါ ။ စာကျိုးစားလို့ .. စာမေးပွဲ ဖြေနိုင်တဲ့လူ များရင် စာမေးပွဲ အောင်မှတ်ဟာ တက်လာမှာပါပဲ ။ စီဘီတီဆို ပိုဆိုးပါတယ် ။ ခေါ်မယ့်လူအရေအတွက်က အယောက် ၁၀၀ ဆိုပါတော့ ။ ဖြေတဲ့လူက အယောက် တစ်ထောင်ဖြစ်နေရင် အဲဒီ အယောက်တစ်ထောင်ထဲမှာ စာတော်သူများနေလို့ စာမေးပွဲ ပေးမှတ်က အမှတ် ၁၀၀ ပေးတာမှာ လူပေါင်း ၉၀၀ လောက်က အရမ်းတွေ တော်ပြီး ၉၅ မှတ်အထိ ရနေပြီး ကျန်တဲ့ အယောက် ၁၀၀ ဟာ

အမှတ်ပြည့်တွေဆိုလို့ကတော့ .. ဘာမှမေးမနေနဲ့ အဲဒီအပတ်စဉ် စာမေးပွဲမှာ အောင်မှတ်ကို ၉၆ မှတ်ကနေ

ဖြတ်မှာ သေချာပါတယ် ။

အဲဒီမှာ .. မကျေမနပ်နဲ့ အောင်မှတ်ဖြတ်တာ များလိုက်တာ ဘာညာ ကြေကွဲဒေါသ ထွက်နေတဲ့လူဟာ ဖြစ်စဉ်ကို

နားမလည်လို့ပါပဲ ။ အကယ်၍ မြန်မာကို အယောက် ၁၀၀ ခေါ်မှာကို လူအယောက် တစ်ထောင် ဝင်ဖြေလို့ .. အမှတ် ၅၀ ကျော်တာ ဆယ်ယောက်တောင် မရှိဘူးဆို .. အောင်မှတ် သတ်မှတ်ချက် လျော့လာမှာပေါ့ ။ ဒါ ဘာမှ ထူးဆန်းတာမှ မဟုတ်တာ ။

အဲတော့ .. ကိုရီးယား လာရဖို့ လွယ်သလား ခက်သလား ? လက်ရှိ အခြေအနေတွေနဲ့ ချိန်ထိုးစဉ်းစားကြစေချင်ပါတယ် ။ တစ်ကယ်တော့ .. စာမေးပွဲ ဖြေနိုင်တဲ့လူတိုင်းကို စာမေးပွဲ အအောင်ပေးတာ မဟုတ်သလို .. စာမေးပွဲ အောင်တိုင်းလည်း

အလုပ်ခေါ်စာ ချပေးတာ မဟုတ်ပါ ။

လူအရေအတွက် .. ခွဲတမ်း သတ်မှတ်ပြီး ခေါ်တာဖြစ်လို့ သင်တန်းတက်ရတာ လွယ်တယ် .. ပြင်ဆင်ရတာ လွယ်တယ်

သွားရဖို့တော့ မလွယ်ပါ ။ ဘာကြောင့်လဲဆိုတော့ ဖြေတဲ့လူ များနေလို့ပါပဲ ။

ဖြေတဲ့လူများရင် .. အောင်တဲ့လူ နဲမယ် .. သွားရတာ ခက်မယ်။ ဖြေတဲ့လူ နဲရင် .. ဖြေသမျှလူ အောင်မယ် .. သွားရတာ လွယ်မယ်။ ဒါကြောင့် .. ကိုယ့် ပါတ်ဝန်းကျင်က လူတွေကို တွေ့ရင်

ကိုရီးယား မသွားကြနဲ့ .. မကောင်းဘူးလို့ပြောပါ ။

ပိုက်ဆံကုန်တယ် သင်တန်းကြေး အလှူပေးသလိုဖြစ်ပြီး သင်တန်းဆရာတွေပဲ ချမ်းသာသွားမှာလို့ တရားဟောပါ။ကိုရီးယားမှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ ဒုက္ခ ဆင်းရဲနဲ့ ပင်ပန်းခြင်းတွေ ၊ ဖိနှိပ်ခံရမှုတွေ ၊ လုပ်အားခ မရရှိမှုတွေ ၊ ထိခိုက်သေဆုံးရမှုတွေ အကြောင်းကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြပါ ။

ဒါဆို .. လူတွေ ကိုရီးယား သွားဖို့ စိတ်ပျက်ပြီး တစ်ကယ်  အပင်ပန်းခံနိုင်သူ .. တစ်ကယ် ဇွဲရှိသူ ၊ စိတ်ဓါတ် ခိုင်မာသူ ၊

ရည်ရွယ်ချက်ရှိသူတွေလောက်ပဲ တစ်ကယ်သွားဖို့ ဆုံးဖြတ်ကြတော့မှာ သေချာပါတယ် ။

———

ကဲ .. သင်တန်းကျောင်းတွေ ကြော်ညာနေသလို

အနည်းဆုံး အခြေခံ လစာ မြန်မာငွေ၁၉သိန်းကျော်မှ သိန်း ၃၀ အထက် ရရှိနိုင်သည်!ဆိုတာ ဟုတ်နိုင်လား မဟုတ်နိုင်လား ဒီသတင်းကို ဖတ်ကြည့်ပါ ။

▪ရွှေ့ပြောင်းအလုပ်သမား အလုပ်သင်ကာလ စနစ်ဆိုတာ ဘာကိုခေါ်တာလဲ?

ရွှေ့ပြောင်းအလုပ်သမားသည် ၂ နှစ်တာကာလ အလုပ်သင်အဖြစ်  လုပ်ကိုင်ကာ ပထမနှစ်တွင် ၂၀% ၊ ဒုတိယနှစ်တွင် ၁၀% ဖြင့်  အနိမ့်ဆုံးလုပ်အားခထက် လျှော့ချ၍ ပေးချေမည့် စနစ်ဖြစ်ပါသည်။ လက်ရှိတွင်လည်း ဥပဒေအရ၏ အနိမ့်ဆုံး အဆင့်ကို ရရှိနေပြီး ထိုအထဲကမှ ထပ်မံဖြတ်တောက်မည့်သဘော ဖြစ်ပါသည်။

ဥပမာအားဖြင့် တစ်လ အနိမ့်ဆုံး လုပ်ခသည် သိန်း ၂၀ ဖြစ်ပါက ရွှေ့ပြောင်းအလုပ်သမားသည် ပထမနှစ်တွင် ၁၆ သိန်း ၊

ဒုတိယနှစ်တွင် ၁၈ သိန်းသာ ရရှိမည်ဖြစ်ပါသည်။ အနိမ့်ဆုံး လုပ်အားခသည် ယခုအထိ အားလုံးသော အလုပ်သမား များထံ တန်းတူညီမျှစွာ သတ်မှတ်ထားခဲ့ပါသည်။ သို့သော် ယခုမှစ၍ ရွှေ့ပြောင်းအလုပ်သမားများထံ အနိမ့်ဆုံး

လုပ်ခကို လျှော့ချ ပေးချေနိုင်ရန် ဥပဒေကို ပြောင်းလဲမည် ဖြစ်ပါသည်။

▪အလုပ်ရှင်နှင့် လွှတ်တော်အမတ်များ ၊ အစိုးရတို့ အနိမ့်ဆုံးလုပ်ခ ဥပဒေကို ပြောင်းလဲရန် ပြင်ဆင်နေကြပြီ

တစ်ချိန် က အခမဲ့ဖြစ်သော အဆောင်စရိတ် ၊ စားသောက်စရိတ်ကို လုပ်အားခထဲမှ ၂၀% အထိ အလုပ်ရှင်က ဖြတ်တောက် ပိုင်ခွင့်ကို အလုပ်သမားဝန်ကြီးဌါနက ခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။ ထို့ထက်ပို၍ ရွှေ့ပြောင်းအလုပ်သမား အလုပ်သင်ကာလ စနစ်ဖြင့် ဥပဒေကို ပြောင်းလဲပါက ရွှေ့ပြောင်းအလုပ်သမား လစာ သည် အများဆုံး ၄၀% အထိ လျော့ကျသွားမည် ဖြစ်ပါသည်။

တစ်လလျှင် အနိမ့်ဆုံးလုပ်ခ သိန်း ၂၀ ဆိုပါက ရွှေ့ပြောင်းအလုပ် သမားသည် ၁၂ သိန်းအပြင် ပို၍ ရနိုင်မည် မဟုတ်ပါ။ ဥပဒေသာ အတည်ဖြစ်သွားပါက ပြန်လည်ပြင်ဆင်ရန် မဖြစ်နိုင်တော့ချေ။ ပို၍ ပို၍ ဆိုးလာဖို့သာ ရှိပါတော့သည်။ လတ်တလော ရွှေ့ပြောင်းအလုပ်သမားထံ အနိမ့်ဆုံးလုပ်ခထက် လျော့နဲပေးချေမှုသာ စတင်ပါက နောင်တွင် အနိမ့်ဆုံး လုပ်အားခထဲမှ အမျိုးမျိုးသော ခေါင်းစဉ်များတပ်ကာ ဖြတ်တောက်မှုထပ်များ ထပ်တိုး ဖြစ်ပေါ်လာ တော့မှာ သေချာပါသည်။

—–

ဒါကြောင့် သင်တန်းတွေကို ကြော်ညာကြရင်လည်း ပကတိ အရှိ အခြေအနေတွေကိုပါ ကြိုတင် အသိပေး ၊ သတိပေး ကြစေချင်ပါတယ် ။ အဆင်ပြေမယ် .. ကူညီမယ့်လူတွေ အဆင်သင့်ရှိတယ်။ အလုပ်ကလည်း ပေါတယ် .. စိတ်ချရတယ် .. လစာလည်း မတရားကောင်းတယ် .. စသဖြင့် လူတွေရဲ့ ခေါင်းထဲကို လောဘစိတ်တွေ အတင်းရိုက်ထည့်ပြီး ကိုယ့် သင်တန်း ဆီ လူလာအောင် သွေးဆောင် ဖျားယောင်းပြီး ဆွယ်တရားဟောပြီး ကြော်ညာတာမျိုး မဖြစ်ကြစေဖို့

တိုက်တွန်း လိုရင်း ဖြစ်ပါတယ် ။

Credit – ခန့်နေသူတိုး (မြန်မာအတိုင်ပင်ခံ) ဘူဆန်စင်တာ 051-304-4725

Leave a Comment

Your email address will not be published. Required fields are marked *