LOADING

Type to search

စိတ်ဖိစီးမှုကင်းပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေမယ့် နည်းလမ်း (၉) သွယ်

စိတ်ဖိစီးမှုကင်းပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေမယ့် နည်းလမ်း (၉) သွယ်

Bagan Thar August 16, 2019
Share

ညဘက် အိပ်မပျော်တဲ့ ရက်တွေ များလာတဲ့အခါ စိတ်အနေအ ထား၊ စွမ်းရည်နဲ့ မှတ်ဉာဏ်စွမ်း အားတွေကို ထိခိုက်နိုင်တဲ့အပြင် မတော်တဆမှုတွေနဲ့ ရောဂါဘယ တွေပါ ၀င်လာတဲ့အထိ ဒုက္ခပေး နိုင်ပါတယ်။

အလုပ်နဲ့ လူမှုဝန်းကျင် က စိတ်ဖိစီးမှုတွေဟာ နှစ် နှစ်ခြိုက်ခြိုက် အိပ်ပျော်မှုကို အ တားအဆီးဖြစ်စေတတ်ပြီး ဦး နှောက်ရဲ့ လုပ်ငန်းဆောင်တာ တွေအတွက် ကောင်းမွန်စွာအိပ် စက်ခြင်းဟာ လွန်စွာအရေးကြီး တာကြောင့် အိပ်မပျော်သူတွေ လုပ်ဆောင်ကြည့်သင့်တာလေး ကို မျှဝေချင်ပါတယ်။

၁။ ကဖိန်းဓာတ်ကို လျှော့ချခြင်း – ကိုယ်ခန္ဓာကို နိုးကြားတက် ကြွစေနိုင်တဲ့ ကဖိန်းဓာတ်ပါ အစားအသောက်တွေကို ရှောင် ရှားရမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ် စွမ်းရည်ပြည့်ပြီး သဘာဝအတိုင်း ကျန်းမာစေဖို့အတွက် ရေ(သို့ မဟုတ်)ဆေးလက်ဖက်ရည်တို့ သောက်ပေးသင့်ပါတယ်။

၂။ ကောင်းစွာအနားယူခြင်း – ညနေခင်းအချိန်တွေမှာ အတတ်နိုင်ဆုံး စိတ်ကိုအနားပေး ရမှာ ဖြစ်ပါတယ်။ အခန်းကို လေ ကောင်းလေသန့်ရအောင် ဖွင့် ထားပြီး စာအုပ်ဖတ်တာပဲဖြစ်ဖြစ်၊ ယောဂလေ့ကျင့်တာပဲ ဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

၃။ ဘယ်ဘက်နှာခေါင်းဖြင့် အသက် ရှူခြင်း – ယောဂလေ့ကျင့်ခန်းတစ်ခု ဖြစ်တဲ့ ညာနှာခေါင်းကိုပိတ်ပြီး ဘယ်နှာခေါင်းဖြင့်သာ အသက် ရှူခြင်းက နှစ်ခြိုက်စွာ အိပ်ပျော် ဖို့ ထောက်ကူနိုင်တယ်လို့ ဆိုပါ တယ်။ အဲဒီလိုမျိုး ငါးမိနစ် လောက် အသက်ပြင်းပြင်းရှူပေး တာက ခန္ဓာကိုယ်နဲ့ စိတ်ကို အ နားပေးနိုင်ပါတယ်။

၎။ အိပ်ပျော်စေမယ့် အစားအစာစားခြင်း – ညဘက်မှာ အစာကြေလွယ် တဲ့ အစာတွေစားပေးရင် နှစ်ခြိုက် စွာ အိပ်ပျော်ဖို့ ထောက်ကူပေး နိုင်ပါတယ်။ ဆေးဖက်ဝင်ပန်းရေ နွေးကြမ်း၊ နွားနို့နဲ့ ပျားရည်၊ ငှက် ပျောသီးတို့ကို စားပေးနိုင်ပါတယ်။

၅။ စိတ်ကို လေ့ကျင့်ခြင်း – လုပ်ငန်းခွင်က စိတ်ဖိစီးမှု တွေနဲ့ နေ့အချိန် လုပ်ငန်းဆောင် တာ တချို့ကြောင့် နံနက် ၂ နာရီ၊ ၃ နာရီထိ အိပ်မရတာတွေ ဖြစ် တတ်တဲ့အတွက် အခက်အခဲ၊ စိတ်ရှုပ်စရာတွေကို မိသားစု၊ မိတ်ဆွေ၊ ချစ်သူတစ်ဦးဦးနဲ့ မျှဝေဖြေရှင်းတာမျိုးတွေ လုပ်ရပါမယ်။

၆။ ရေနွေးနွေးဖြင့် ရေချိုးခြင်း – အိပ်ခါနီး ရေနွေးလေးနဲ့ ရေ ချိုးပေးတာက အိပ်ပျော်စေမယ့် နည်းတစ်ခုလို့ ဆိုရမှာပါ။ ရေနွေး ထဲကို ဆားအနည်းငယ်၊ ရနံ့ဆီ အနည်းငယ်ထည့်ပြီး မိနစ် ၂၀ လောက် စိမ်ချိုးပေးသင့်ပါတယ်။

၇။ နားနေချိန်ယူခြင်း – အလုပ်တစ်ခုခု လုပ်တဲ့အခါ ၁၀ မိနစ်လောက် အနားပေးပြီးမှ ဆက်လုပ်တာမျိုးတွေ လုပ်ပေး သင့်ပါတယ်။ လမ်းလျှောက်တာ ပဲဖြစ်ဖြစ်၊ လေ့ကျင့်ခန်းတစ်ခုခု လုပ်တာပဲဖြစ်ဖြစ် ဆောင်ရွက်နိုင် ပါတယ်။

၈။ စာဖတ်ခြင်း – အိပ်ခါနီး စိတ်ကို အတည် ငြိမ်ဆုံးဖြစ်စေတာကတော့ စာ ဖတ်ခြင်းပါပဲ။ အဆုံးသတ်ကို မသိတဲ့ စာအုပ်သစ်တစ်အုပ် ဖတ် ခြင်းက အိပ်ပျော်စေမှုကို ပိုအ ကျိုးဖြစ်စေတယ်လို့ ဆိုပါတယ်။

၉။ အလင်းကိုရှောင်ရှားခြင်း – ခပ်စူးစူး အလင်းတွေဟာ အိပ်ချင်စိတ်ကိုပြေပျောက်စေနိုင် တာကြောင့် အိပ်ခန်းကို အမှောင် ချထားသင့်ပါတယ်။ ဒါမှမဟုတ် မျက်လုံးကို အလင်းကာတပ်အိပ် တာ၊ ဆူညံသံကြောင့် အနှောင့် အယှက်မဖြစ်အောင် နားကြပ် လေးတပ်အိပ်တာမျိုးတွေ လုပ် နိုင်ပါတယ်။

ခရက်ဒစ် – 7DayDaily

Leave a Comment

Your email address will not be published. Required fields are marked *