LOADING

Type to search

အဝတ်လျှော်ခ လာတောင်းတယ်ဆိုပြီး တိုက်ခန်းတွေကို လိုက်လိမ်နေတဲ့ အမျိုးသမီး (ရုပ်သံ)

အဝတ်လျှော်ခ လာတောင်းတယ်ဆိုပြီး တိုက်ခန်းတွေကို လိုက်လိမ်နေတဲ့ အမျိုးသမီး (ရုပ်သံ)

Bagan Thar August 13, 2019
Share

အဝတ်လျှော်ခ လာတောင်းတယ်ဆိုပြီး တိုက်ခန်းတွေကို လိုက်လိမ်နေတဲ့ အမျိုးသမီး (ရုပ်သံ)

တိုက်ခန်းတွေကို ပစ်မှတ်ထား လိုက်လိမ်နေတာပါ အဝတ်လိုက်လျှော်တယ် လို့ ပြောပါတယ် ကလေးကလည်း ဟယ်လ်ပင် ဆေးရုံမှာ တင်ထားရလို့ ဆေးဝယ်ဖို့ ငွေလိုနေလို့ ခု ဘေးခန်းကိုအဝတ်လျှော်ခ လာတောင်းတာ မရလို့ဆိုပြီး ဆေးစာရွက် ထုတ်ပြပါတယ်။

ဆေးစာရွက်သာ ပြောတာပါ ဆေးရုံတံဆိပ် ဘာညာ ဘာမှမပါဘူး မှတ်မိသလောက် နှာခေါင်းစည်းရယ် ဂလူးကို့စ်ရယ် ကျန်တဲ့ ဆေး၂မျိုးရယ် စုစုပေါင်း ၄ မျိုးပါပဲ အကုန်မြန်မာစာလိုရေးထားတယ်  ဘယ်ဆေးရုံမှ ဆရာဝန်က ဝယ်ရမယ့် ဆေးကို မြန်မာစာလုံးပေါင်းနဲ့ ရေးမပေးတာ ဆေးရုံတက်ဖူးသူတိုင်း သိကြပါလိမ့်မယ် အာ့အချိန်တော့ ကိုယ်လဲ ဒါကို မစဉ်းစားမိဘူး  သူက ခု ဆေးဝယ်ဖို့ ငွေလိုနေလို့ ကျနော့ကို ငွေ စိုက်ပေးလိုက်ဖို့ ပြီးရင် ဘေးခန်းက လူတွေဆီက ပြန်တောင်းယူဖို့ ပြောပါတယ်။

ကိုယ်လဲ ဆေးရုံတက်ဖူးတော့ ကိုယ်ချင်းစာလို့ လိုအပ်တဲ့ငွေကို ကူညီပေးလိုက်ပါတယ်  ဘေးခန်းက လူတွေပြန်လာမှ မေးကြည့်တော့ သူတို့က အဝတ်ကို ကိုယ်တိုင်လျှော်တာပါတဲ့ တစ်ခါမှ လူငှားမလျှော်ဖူးဘူးဆိုပြီးပြောပါတယ် အာ့ခါကျမှ ဒါလိမ်နည်းတစ်မျိုးပါလားဆိုပြီး သိလိုက်လို့ Fb ပေါ်တောင်တင်လိုက်သေးတယ် အာ့တုန်းက တကယ်ထင်ပြီး ပေးလိုက် တော့ စာသားချည်းသက်သက် တင်လိုက်မိတယ် သူ့ပုံကို မရိုက်ထားမိလိုက်ဘူး  ခုလည်း မမှတ်မိလောက်ဘူးထင်ပြီး ဒီအတိုင်းပဲ လာထပ်လိမ်တယ် လိမ်တဲ့အိမ်တွေ များနေလို့ အိမ်တွေကို မမှတ်မိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အရင်ပုံစံ အတိုင်းပဲ ပြောလိမ်တာပါ ကျနော်က သူ့ကို မှတ်မိနေလို့ ရဲတိုင်မယ်ဆိုမှ ပြေးဆင်းသွားပါတယ်  လူတွေရဲ့ သနားစိတ်ကို ခုတုံးလုပ်ပြီး တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လိမ်နေတာပါ မမှတ်မိလောက်ဘူး ထင်ပြီး ထပ်လာလိမ်တာပါ။ တခါပဲ ရမယ် လူလိမ်အန်တီရေ  ငွေလေး 6000 နဲ့ဆိုပြီး လာမပြောပါနဲ့ တစ်အိမ်ထဲ လိုက်လိမ်မယ်မထင်လေနဲ့ အိမ်ပေါက်စေ့ လိုက်လိမ်နေမှာဆိုတော့ တစ်အိမ် 6000 နဲ့ တနေကုန်ဆို တွက်သာကြည့် ဘယ်လောက်တွက်ခြေကိုက်လဲလို့။

ရှာမစားဘဲ အမြဲ လိမ်စားနေတယ်ဆိုတာ အသိသာကြီးပါ ငိုမဲ့မဲ့ အမူအရာနဲ့ အိုက်တင်ကျွမ်းပါသေးတယ် သနားမိလို့ ကတော့ ပါပြီသာမှတ်  တစ်ခါလာလိမ်တာ ခံပေးလိုက်မယ် နောက်တခါလာလိမ်တာမျိုးကတော့ ကျွန်တော်လုံးဝ သည်းမခံနိုင်ဘူး။

ရုပ်သံဖိုင်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်-

Shine Htun Zaw (လေးစားမှုဖြင့် ခရက်ဒစ်)

Leave a Comment

Your email address will not be published. Required fields are marked *