LOADING

Type to search

မန္တလေးမြို့ပေါ်တွင် ငှက်ကြီးတောင် ဓါးတချောင်းနှင့် သွားလာနေသူအား ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူ

မန္တလေးမြို့ပေါ်တွင် ငှက်ကြီးတောင် ဓါးတချောင်းနှင့် သွားလာနေသူအား ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူ

Bagan Thar May 19, 2019
Share

မန္တလေးမြို့ပေါ်တွင် ငှက်ကြီးတောင် ဓါးတချောင်းနှင့် သွားလာနေသူအား ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူ

မန္တလေးမြို့ပေါ်တွင် ငှက်ကြီးတောင် ဓါးတချောင်းကို တရားမ၀င်လွယ်ကာ သွားလာနေသူအား ရဲတပ်ဖွဲ့က ၀ိုင်းဝန်း ဖမ်းဆီး စစ်ဆေးခဲ့ပြီး ဥပဒေအရအရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

မေ ၁၈ ရက်နေ့ ည ၉နာရီအချိန်ခန့်တွင် အမှတ်၈မြို့မရဲစခန်း မှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ထင်လင်းကျော် ဦးဆောင် သော သက်သေများ နှင့်အဖွဲ့သည် နယ်မြေအတွင်း မှုခင်းကျဆင်းရေးအတွက် အထူး စုံစမ်းဆောင်ရွက်နေစဉ် ၇၃×၃၀ လမ်းထောင့် တွင် အမျိုးသားတဦးမှာ ငှက်ကြီးတောင် ဓါးရှည်တချောင်းကို တရားမ၀င်လွယ်ဆောင်ကာ ဆိုင်ကယ်ဖြင့် သွားလာနေသည်ကို တွေ့ရှိခဲ့သဖြင့် ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြောင်းသတင်းရရှိသည်။

ယင်းသို့ ဖမ်းဆီးရမိသူကို စစ်ဆေးမေးမြန်းရာ ၄င်းမှာ ရန်နိုင်ဦး (၃၃နှစ်)၊ စိတ္တရမဟီရပ်ကွက်၊ ချမ်းအေးသာဇံမြို့နယ် နေသူဖြစ် ကြောင်းသိပြီး ၄င်းနှင့်အတူ လူ့အသက်ကို သေစေနိုင်သော အရိုးအသွား ၂ပေ ၄ လက်မ၊ အသွားထက်၊ ဓါးဦးချွန်၊ကြေးရိုးတပ် ငှက်ကြီးတောင် ဓါးတချောင်း၊၆၆ဃ/—–နံပါတ်ပြား တပ်ဆင်ထားသော Kamax အမျိုးအစား (စိမ်းပုတ်ရောင်)ဆိုင်ကယ် တစီး၊ ဘောင်အမှတ် MMKWKCHLD1J0000050 ၊ စက်အမှတ်-KA1P52FMI1J000010 (ဒစ်ဝိုင်းပါ) ပစ္စည်းများကို သက်သေခံ ပစ္စည်း များအဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အများပြည်သူ စိတ်အနှောက်အယှက်ဖြစ်အောင် အသက်အ န္တရာယ်ကို ဖြစ်စေနိုင်သော ငှက်ကြီးတောင် ဓါးတချောင်း ကို တရား မ၀င်လွယ်ဆောင်ကာ သွားလာနေသူ ရန်နိုင်ဦးကို ဥပဒေအရ အရေးယူပေးပါရန် ရဲအုပ် ထင်လင်းကျော်မှ တရားလိုပြု လုပ် ၍ တိုင်တန်းခဲ့ကြောင်း သတင်းရရှိသည်။

Credit – စိုင်းထူးခန့်၊ News Watch

Leave a Comment

Your email address will not be published. Required fields are marked *