LOADING

Type to search

ပန်းတောင်းမြို့တွင် ကိုယ်မောင်းတဲ့ကား ကိုယ့်ပြန်နင်းလို့ အနိစ္စရောက်ရတဲ့အဖြစ် ဖြစ်ပွား

ပန်းတောင်းမြို့တွင် ကိုယ်မောင်းတဲ့ကား ကိုယ့်ပြန်နင်းလို့ အနိစ္စရောက်ရတဲ့အဖြစ် ဖြစ်ပွား

Bagan Thar July 14, 2019
Share

ကိုယ်မောင်းတဲ့ကား ကိုယ့်ပြန်နင်းလို့ သေရတဲ့အဖြစ်

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့ သရက်လိန်အုပ်စု သူရဲဇီးကျေးရွာ မြစ်ကမ်းနားဘက်ဖြတ်လမ်း လမ်းကြားတွင်ယာဉ် မောင်းတစ်ဦး ကိုယ်မောင်းတဲ့ကား ကိုယ့်ပြန်နင်းလို့ သေရတဲ့ဖြစ် စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

” ဆန်တင်ပြီး ရန်ကုန်သွားပို့မှာ သူ့ရွာခဏဝင်တာ ကားစက်နိုး မရလို့ ပြင်ရင်းဖြစ်သွားတာ ဘက်ဂီယာထိုးထားပြီးသတိလွတ် သွားတာထင်တယ်ဗျ ကားရှေ့ဘီးကခြေထောက်အရင်နင်းခံရ တာ လူကဟန်ချက်ပျက်ပြီးလဲတော့ ကားဘီးနဲ့ ခေါင်းကိုကြိတ်မိ တာ သူ့ကားက သူ့ပြန်နင်းမိပြီးသေသွားတာပေါ့ဗျာ စိတ်မကောင်း စရာဘဲဗျာ”ဟု ပန်းတောင်းမြို့မရဲစခန်းနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်မင်းဦးက ပြောသည်။

ဖြစ်စဉ်မှာ(၁၃.၇.၂၀၁၉)ရက်နေ့ နေ့လည် (၃)နာရီအချိန်ခန့် ယာဉ်မောင်း မျိုးဝင်းကျော် မောင်းနှင်သည့် MGY-1B /5907 NISSAN အမျိုးအစား(အစိမ်းရောင်)ခေါင်းတို ဆယ်ဘီးကား သည် ဆန်များတင်ဆောင်ထားပြီး သူရဲဇီးကျေးရွာ ပန်းတောင်း- ပြည်ကားလမ်း မိုင်တိုင်အမှတ် ၉/၁ နှင့်၉/၂အကြား မြစ်ကမ်း ဘက်လမ်းသွယ်တွင် ကားစက်ပျက်၍ရပ်ထားပြီး ယာဉ်မောင်းမှ ကားစက်စမ်းရာ နိုးမရသဖြင့် ဝါယာကြိုးအားကိုင်ပြီး ကားအောက် ဘက် Cut Out အားထောက်ပြီးစက်နိုးရန်ကားပေါ်မှဆင်းကာ ကားအောက်သို့အရောက်ကားမှာ ဘက်ဂီယာဝင်နေသည်ကိုမသိ ဘဲ ကားဘီးနောက်သို့လိမ့်စဉ် ယာဉ်မောင်း၏ ယာဘက်ခြေခုံအား တက်ကြိတ်မိပြီး ဟန်ချက်ပျက်ကာ ကားရှေ့ဘီးအောက်နောက်ဘ က်သို့ လဲကျသွားရာ ဦးခေါင်းအားတက်ကြိတ်မိသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပန်းတောင်းမြို့မရဲစခန်း(ပ)၁၁/၂၀၁ ၉ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရအမှုဆောင်ရွက်ကာ အမှုအား ဒုရဲအုပ်အောင်ဇော်ထက်မှ လက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်း ရရှိသည်။

ပြည့်သဲမောင်(ပြည်) 09423671883 ပြည်သတင်း

Leave a Comment

Your email address will not be published. Required fields are marked *