LOADING

Type to search

အဆိုတော် ဖြိုးပြည့်စုံအပါ (၃) ဦးကို အမှုမှ ကွင်းလုံးကျွတ် ပြန်လွှတ်လိုက်ပြီ

အဆိုတော် ဖြိုးပြည့်စုံအပါ (၃) ဦးကို အမှုမှ ကွင်းလုံးကျွတ် ပြန်လွှတ်လိုက်ပြီ

Bagan Thar October 9, 2019
Share

အဆိုတော် ဖြိုးပြည့်စုံအပါ (၃)ဦးကို အမှုမှ ကွင်းလုံးကျွတ် ပြန်လွှတ်လိုက်ပြီ…

အောက်တိုဘာ – ၉ ၊ ၂၀၁၉

မူးယစ်မှုနဲ့ ပြီးခဲ့တဲ့ နှစ်ရက်က ဖမ်းဆီးခံထားရတဲ့ ဖြိုးပြည့်စုံ လွတ်သွားပြီလို့ နာမည်ကြီးအဆိုတော်အသိုင်းအဝန်းကနေ စပြီး သတင်းထွက်လာပါတယ်။

ဒီညနေ ၄ နာရီခွဲလောက်မှာ သတင်းစထွက်လာတာဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာမှာလည်း နိုင်ငံကျော်အဆိုတော်တွေက လွတ်သွားပြီလို့ တိုက်ရိုက်ရေးသားတင်တာမျိုးမလုပ်တဲ့တိုင်း “Yayyyy .. “ ဆိုပြီး အပြိုင် တင်နေကြတာတွေ့ရပါတယ်။

အဆိုတော် ချောစုခင်

အဆိုတော် ရေဗက္ကာဝင်း

အဆိုတော် သံသာဝင်း

ဗဟန်းမြို့မရဲစခန်းတွင် တရားစွဲဆိုထားသော တေးသံရှင် ဖြိုးပြည့်စုံပါ ၃ ဦးအား ဓာတုဗေဒဝန်ရုံးမှ ပြန်ကြားချက်အရ မူးယစ်ဆေးဝါးမဟုတ်ခြင်းအရလည်းကောင်း ဥပဒေမှ တရားစွဲဆိုရန် မသင့်ကြောင်း အကြံပြုချက်အရလည်းကောင်း ယနေ့ ညနေ ၃ နာရီ မိနစ် ၃၀ အချိန်က ကျင့် ၁၆၉ အရ အချုပ်မှ လွှတ် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဖြိုးပြည့်စုံတို့ကို မူးယစ်ပုဒ်မ ၁၉ (က) နဲ့ ဗဟန်းမြို့နယ်စခန်းမှာ အမှုဖွင့်ထားတာဖြစ်ပါတယ်။ အောက်တိုဘာ ၇ ရက် ညနေပိုင်းက မြန်မာပလာဇာမှာ ဖြိုးပြည့်စုံနဲ့ သူငယ်ချင်းနှစ်ယောက်တို့ကို မူးယစ်တပ်ဖွဲ့က ဖမ်းဆီး အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

နောက်တစ်နေ့မှာတော့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ၎င်းတို့ရဲ့ တရားဝင်းဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ၁၂၀၀၀ ကျပ်တန်ဖိုးရှိတဲ့ ကတ်တမင်းဆေးပြား ၁၀ ပြားကို ဖြိုးပြည့်စုံတို့သုံးဦးဆီက ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဆေးပြားဘူးနဲ့ ဓာတ်ပုံတွေနဲ့ အတူ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ထုတ်ပြန်အပြီး နာရီပိုင်းအတွင်းမှာ အဲဒီကြေညာချက်ကို ဖြုတ်ချသွားခဲ့ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *