LOADING

Type to search

ဖြိုးပြည့်စုံ လွတ်သွားရတဲ့ အဓိကအကြောင်းအရင်း

ဖြိုးပြည့်စုံ လွတ်သွားရတဲ့ အဓိကအကြောင်းအရင်း

Bagan Thar October 9, 2019
Share

ဖြိုးပြည့်စုံတို့က အပြစ်မရှိလို့ လွတ်သွားတာပါဟု ဗဟန်းမြို့နယ်မှုးပြော

အဆိုတော်ဖြိုးပြည့်နှင့် သူငယ်ချင်းနှစ်ဦးကို ယနေ့ ညနေ ၃နာရီခွဲအချိန်က လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့ ရဲမှုးသိန်းဝင်းက အတည်ပြုခဲ့ပါတယ်။

“လွတ်ပေးလိုက်တာထက် အပြစ်မရှိလွတ်သွားတာပါဗျာ။ ၃ နာရီခွဲလောက်က လွတ်ပေးလိုက်တာပါ။ ဥပဒေအရ လွှတ်ရမယ့်ကိစ္စရှိလို့ လွှတ်ပေးလိုက်တာပါ။ ကျွန်တော် အဲလောက်ပဲဖြေပါရစေ။ ကျွန်တော်ချည်းပဲ လွှတ်တာမဟုတ်ဘူး။ ဥပဒေကြောင်းအရ လွှတ်ရမယ့်ကိစ္စဖြစ်ပြီး ဥပဒေနဲ့ အညီလွှတ်တာနော်။ ဗရမ်းဗတာလွှတ်တာမဟုတ်ပါဘူး”ဟု ရဲမှုးသိန်းဝင်းက ပြောပါတယ်။

အောက်တိုဘာ ၇ ရက် ညနေက မြန်မာပလာဇာတွင် ဖြိုးပြည့်စုံ ၊ ငြိမ်းချမ်းကို နှင့် ရော်နီစန်းလွင်တို့ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။

ဖြိုးပြည့်စုံတို့ကို မူးယစ်ပုဒ်မ ၁၉ (က) နဲ့ ဗဟန်းမြို့နယ်စခန်းမှာ အမှုဖွင့်ထားတာဖြစ်ပါတယ်။ အောက်တိုဘာ ၇ ရက် ညနေပိုင်းက မြန်မာပလာဇာမှာ ဖြိုးပြည့်စုံနဲ့ သူငယ်ချင်းနှစ်ယောက်တို့ကို မူးယစ်တပ်ဖွဲ့က ဖမ်းဆီး အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

နောက်တစ်နေ့မှာတော့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ၎င်းတို့ရဲ့ တရားဝင်းဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ၁၂၀၀၀ ကျပ်တန်ဖိုးရှိတဲ့ ကတ်တမင်းဆေးပြား ၁၀ ပြားကို ဖြိုးပြည့်စုံတို့သုံးဦးဆီက ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဆေးပြားဘူးနဲ့ ဓာတ်ပုံတွေနဲ့ အတူ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ထုတ်ပြန်အပြီး နာရီပိုင်းအတွင်းမှာ အဲဒီကြေညာချက်ကို ဖြုတ်ချသွားခဲ့ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *