LOADING

Type to search

မြန်မာ-တရုတ်နယ်စပ်တွင် ဖရဲသီးအရောင်းအဝယ် ရပ်တန့်လျက်ရှိ

မြန်မာ-တရုတ်နယ်စပ်တွင် ဖရဲသီးအရောင်းအဝယ် ရပ်တန့်လျက်ရှိ

Bagan Thar September 11, 2019
Share

မြန်မာ-တရုတ်နယ်စပ် ၌ ဒေါ်လာ သန်းနှင့်ချီရနေသော ဖရဲသီး အရောင်းအဝယ်သည် ယခုလ ဒုတိယပတ်အတွင်း ရပ် တန့်နေကြောင်း သစ်သီးအရောင်း အဝယ်ပြုလုပ်သူများက ပြော သည်။ လုံခြုံမှုမရှိသည့် ကုန်သွယ် ရေးလမ်းကြောင်း အပါအဝင် တရုတ်နိုင်ငံ၏ ဖရဲသီးဝယ်လိုအား ကျဆင်းခြင်းကြောင့် ကုန်သွယ်မှု ရပ်တန့်ခဲ့ရကြောင်း မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ မိန်မိန်းသစ်သီးပွဲရုံက ဆိုသည်။

‘‘ဝမ်တိန် ဖရဲသီးကွင်းမှာ ရောက်နေတဲ့ ဖရဲသီးတွေက ယခင်ပေါက်ဈေး တစ်တန်ကို ယွမ် ၁,၅၀၀ ကနေ အခုဆိုရင် ယွမ် ၉၀၀ ကနေ ၆၀၀ အထိ တဖြည်းဖြည်းကျနေတယ်’’ဟု မိန်မိန်းသစ်သီးပွဲရုံက ကြေညာ သည်။ဈေးသာရှိပြီး ဝယ်သူမရှိ သည့် အနေအထားဖြစ်နေကာ မူဆယ်ရှိ သစ်သီးပွဲရုံများက နောက်ထပ် ဖရဲသီးတင်ပို့မှု ရပ်တန့်ထားပြီး ဈေးကွက်ပြန်ကောင်းလာချိန်ကို ထပ်မံအသိပေးမည်ဟု မိန်မိန်းသစ်သီးပွဲရုံကဆိုသည်။

ဖရဲသီးဈေးကွက်သည် တရုတ်နိုင်ငံကိုသာ အဓိကအား ထားရသည့် အခြေအနေရှိပြီး လတ်တလော ဈေးကွက်အခြေ အနေအရ တရုတ်နိုင်ငံ၌ ဖရဲသီး ပေါ်ချိန်နှင့် တိုက်နေခြင်းကြောင့် ဝယ်လိုအား လျော့နည်းနေ၍ အ ရောင်းအဝယ်ပိတ်ထားရသည့် အခြေအနေဖြစ်နေကြောင်း ဖရဲ သခွားအသင်းဥက္ကဋ္ဌ ဦးနိုင်ဝင်းက ဆိုသည်။

‘‘အခုရနေတဲ့ ဈေးနဲ့ဆိုရင် မကိုက်တော့ဘူး။ အဲဒါကြောင့် ပွဲစားတွေကလည်း ဒီအချိန်မတင် ရင် ကောင်းမယ်ဆိုပြီး ပိတ်ထား လိုက်တာပေါ့။ အဓိကကတော့ သူတို့ဆီက ရာသီဥတုကောင်းနေ တော့ အဝယ်ကလည်း နည်း တယ်’’ဟု ၎င်းက ဆိုသည်။ ယခင်နှစ် ဖရဲသီးဈေးကွက် အရ စက်တင်ဘာနှင့် အောက်တို ဘာတွင် ဈေးကောင်းရခြင်းကြောင့် အဆိုပါ ခန့်မှန်းချက်ဖြင့် တောင် သူအများစု ဖရဲသီးစောစိုက်ခဲ့၍ ယခု အခြေအနေအရ ထိခိုက်မှုရှိ လာမည်ဖြစ်ကြောင်း ဦးနိုင်ဝင်းက ဆက်လက်ပြောသည်။

‘‘ပြည်တွင်းဈေးကွက်ကို လောလောဆယ် လပိုင်းအတွင်း အကြံပြုတယ်။ ပြည်တွင်းက တော့ ဘေးမဖြစ်ဘူး။ အမြတ် တော့နည်းတယ်။ ဒါပေမဲ့ ဆုံးရှုံးမှု လည်းနည်းတယ်။ တစ်ခုရှိတာက ၁၁ လပိုင်းဆိုရင် သေချာပေါက် နယ်စပ် ဖရဲသီးဈေးကွက် ပြန် ကောင်းလာလိမ့်မယ်’’ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံသို့ အဓိကတင် ပို့နေသော ဖရဲသီးမှာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ၆၆၀,၀၁၆ တန်မှ ဒေါ်လာ ၇၆ ဒသမ ၈၇၄ သန်း၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ၈၀၀,၄၂၄ တန်မှ ဒေါ်လာ ၇၇ ဒသမ ၄၆ သန်း၊ ယခုဘဏ္ဍာနှစ်တွင် ၇၄၈,၄၇၂ တန် တင်ပို့မှုမှ ဒေါ်လာ ၆၆ ဒသမ ၄,၅၂၉ သန်းရရှိသည်။

7Day Daily (လေးစားမှုနှင့် ခရက်ဒစ်)

Leave a Comment

Your email address will not be published. Required fields are marked *