LOADING

Type to search

အားငယ်နေတဲ့ မိဘတွေကို ပြုစု စောင့်ရှောက်ပေးကြပါ

အားငယ်နေတဲ့ မိဘတွေကို ပြုစု စောင့်ရှောက်ပေးကြပါ

Bagan Thar August 16, 2019
Share

အားငယ်နေတဲ့ မိဘတွေကို ပြုစု စောင့်ရှောက်ပေးကြပါ

တစ်ယောက်ကရေးတယ်  အဖေက လေဖြတ်ထားတယ် ၂၄နာရီ နာ့စ်မနဲ့ ထားရတယ် ပစ်ထားလို့မရဘူး  အမေက ဆေးရုံတက်ရသတဲ့  သားတွေက ကျောင်းတက် နေတယ်  မိန်းမက ဆရာဝန် အလုပ်ဆင်း ကိုယ်တိုင်ကလည်း အလုပ် လုပ ရတဲ့  သူ့နေရာဝင်ကြည့်မိတယ် ကိုယ်ချင်းစာမိတယ် ပြုစုနိုင်တုန်း ကုသိုလ် ရတာပေါ့ တတ်နိုင်ဦးမှပါ ဟုလည်း တွေးရပြန်သည်

တစ်ယောက်ကရေးပြန်တယ် “ခွင့်လွှတ်ပါအဖေ”တဲ့  ညတိုင်းနီးပါး မိသားစုအားလုံး အိပ်မောကျခ်ျိန်မှာ တစ်ရေးနိုးပြီး ဗိုက်ဆာတတ်တာကို အဖေ့အရွယ်ရောက်မှ သိလိုက်ရတာ ခွင့်လွှတ်ပါအဖေ၊  ညတိုင်းနီးပါး မိသားစုအားလုံး အိပ်မောကျ ခ်ျိန်မှာ တစ်ရေးနိုးပြီး ပြန်အိပ်မရတော့လို့ တီဗွီဖွင့်ကြည့်ပြီး အချိန်ကုန်စေတာကို အဖေ့အရွယ်ရောက်မှ သိလိုက်ရတာ ခွင့်လွှတ်ပါအဖေ၊ ညပိုင်းအိပ် မရလို့ မနက်နဲ့ နေ့လည်မှာ အင်အားပြန်လည်ဖြည့်တင်းစေဖို့ အိပ်ပေးရတဲ့ အဖေ့ကို နားလည် မပေးနိုင်ခဲ့ တာကို အဖေ့အရွယ်ရောက်မှ သိလိုက်ရတာ ခွင့်လွှတ်ပါအဖေ၊  မကွယ်လွန်ခင် ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်လို့ တစ်ညလုံး ဝေဒနာကို ကျိတ်မှိတ်ခံစားသွားတယ် ဆိုတာ နှောင်းမှ သိလိုက်ရလို့ ခွင့်လွှတ်ပါအဖေ။ ဒီစာထဲက အဖေ့နေရာကို ကိုယ်လည်းရောက်လုလုပါ  တွေးတတ်ပါပြီ  ဝင်ခံစားကြည့်ပေါ့  မိဘပေမယ့် သားသမီးကို အားနာရပြန်တာ ရှိတယ် အသိမပေးချင်တာလည်းရှိမယ်။

နောက်ဖြစ်ရပ် တခု …ကြီးကြီးညွန့် ဘာလို့အောက်ဆင်းလာလည်း လေတိုက်တယ် မဆင်းလို့မရလို့ ဆင်းလာတာ ဘယ်သူတွဲဆင်းလည်း  ငါ့မြေးမ တွဲတယ်လေ  ပြန်တက်ချင်ရင်ပြော ကျွန်တော် ကုန်းပိုးမယ်  မတက်ဘူး အပေါ်မှာ မောင်အောင်ကျော်သား မူးရမ်းနေတာ ဒါးကြီးနဲ့  မတက်သေးဘူး စိတ်နောက်လို့  ဟုတ်ကဲ့ ကြီးကြီး  (ကြီးကြီးညွန့် ၉၆နှစ် သူ့သားနဲ့ ချွေးမကဆုံးသွားပြီ သူ့မြေးက ရမ်းနေသတဲ့  ခင်ပွန်း ရယ် သား၃ယောက်ရယ် ချွေးမတစ်ယောက်ရယ် က ဆုံးနှင့်ပြီ မြေးကရမ်းတော့ ဒီအဖွားကြီး ဘယ့်နှယ်လုပ်မလည်း  သူ့နေရာက ဝင်ကြည့်မိပြန်သည် သတိကောင်းနေသေး တော့ ပိုခံစားရပေမည်) အသက်ရှည်တိုင်းကောင်းတာမဟုတ်ပါ  အသက်ရှည်လေ ဇရာဗျာတိ နှင့် လောကဓံကို  ပိုခံရလေ မဟုတ်လို့ ဘာလည်း လို့ တွေးမိသည်။

နောက်ဖြစ်ရပ် တခု အသိတစ်ယောက် အိမ်ရောက်ပြန်တော့ သူက  ဟောလစ် ဖျော်နေသည် ဖျော်နေတာက ဒန်အိုးကြီး နှင့်  မြည်းကြည့်တော့ မချို မပြစ် ဟောလစ်ဖြစ်တယ် ဆိုရုံသာ  သူမှာသော မုန့်လက်ညှိုးပေးရင်း မုန့်ထုပ်မှာတာ အများကြီး ဘာလုပ်ဘို့လည်း မေးမှ ဇာတ်လမ်း ဇာတ်ကွက်ကို သိရပေတော့သည်။ ဒီလို  အဖေက အယ်ဇိုင်းမား ဖြစ်နေတာ ဘယ်တော့ မဆို  လူတွေ့တိုင်း ငါဘာမှမစားရသေးဘူးချည်းပြောတယ်  အစက ဒို့လည်းငြင်းတယ် ပေါ့ကွာ  ခုပဲစားပြီးတာ ဒယ်ဒီ လက်ကို နမ်းကြည့်တို့ ဘာတို့ ပြောမိတယ်  သူ့မြေးတွေက ဆို ဖုန်းနဲ့ ရိုက်ထားတယ် ဗီဒီယိုပေါ့  အဖိုးစားပြီးပြီ တွေ့လားဆိုပြီးပြတယ်  သူ့မျက်နှာလေးငယ်သွားတယ်ကွ။

ဒီတော့စိတ်မကောင်းဘူး အယ်ဇိုင်းမားသမားကလည်း  ကျန်တာကောင်းတော့ အစာချေအားသိတ်ကောင်းနေတယ် ထင်ပါရဲ့ကွာ လူတွေကို ငါဘာမှမစားရသေးဘူးချည်းပြောနေတော့တာ  အခုတော့နည်းကောင်းရှာထားတယ် သူ့ကိုမငြင်းတော့ဘူး အများကြီးဖျော်ထားတယ် ဓါတ်ဘူးနဲ့ပေါ့ ပြောတာနဲ့ ဟောလစ် ကျဲကျဲ ရယ် မုန့်လက်ညှိုး တစ်ချောင်းရယ် ပေးလိုက်တာပဲ အဲ့ဒိလိုကျတော့လည်း ပြုံးလို့ပေါ့ ကွာ  အကြိမ်ရေ များတော့ အန္တရာယ် မဖြစ်အောင်  သူလည်းကျေနပ်အောင် စီမံရတာကွ  သူတို့ဟာ သိတ်သနားဘို့ကောင်းတယ် သူငယ်ချင်းတဲ့ခင်ဗျာ

အဲ့သည်မှာ အမေ့ကိုသတိရသွားသည်  အမေသည် ကိစ္စတစ်ခုကို သုံးလေးခါ ပြောစပြုပြီ ဘယ်တုန်းက ပျောက်မှန်းမသိ ရှိခဲ့မှန်းမသိတာတွေကို ပြန်ရှာလာပြီ ဟိုလူယူသည် သည်လူယူသည်  စိတ်တိုတတ်စပြုပြီ  ကန့်လန့်မပြောမိအောင် စီမံမှရမည်ဟု  တေးထားမိသည် ။ ပြုစုနေရသူတွေ  ပြုစုခံနေရသူတွေ ရှိကြသည်  ပြုစုသူတွေ ကြာလာရင် စိတ်တိုကြသည်  မြင်အောင်ကြည့်ဘို့လိုသည် ဟူ၍သာ မေတ္တာစကားပါးရပါသည်  သူတို့အပြုစုခံချင်လွန်းလို့ မဟုတ်ကြပါ  သူတို့ မဟန်နိုင်ကြလို့ပါ  သေချာ တွေးကြည့်ရင် ဘယ်သူမှတောင် အသက်ရှည်ချင်ကြမှာ မဟုတ်ဘူးဟု အဖြေရသည်။ ဖတ်ကြည့်ပြီး မျက်ရည်ကျမိပါရဲ့ သတိတရားအမြဲထား နောင်တဆိုတာ နောင်မှလာ

အေးလေး (လေးစားမှုဖြင့် ခရက်ဒစ်)

Leave a Comment

Your email address will not be published. Required fields are marked *