LOADING

Type to search

နေပြည်တော် မြို့မဈေးထဲက ငါးရံ့ခြောက်အတုများကို သတိထား

နေပြည်တော် မြို့မဈေးထဲက ငါးရံ့ခြောက်အတုများကို သတိထား

Bagan Thar May 19, 2019
Share

နေပြည်တော် မြို့မဈေးထဲက ငါးရံ့ခြောက်အတုများကို သတိထား

မြို့မ ဈေးထဲ မြို့သားတွေ ဈေးဝယ်ကြသလို တောသားတွေလည်း ပလူပျံ  ငါးခြောက်ဆိုင်တစ်ဆိုင် ဘက်ရောက်တော့ ကိုယ်ကလည်း ငါးရံ့ခြောက်ပက်ရှာနေတာဆိုတော့ ငါးရံ့ခြောက်မှာ ၄၀၀၀၀ဈေးမှ ၇၀၀၀၀/၈၀၀၀၀လောက်ထိ ဈေးပေါက်နေ ပုံပါဟာက သာမန်အားဖြစ် ၅၀၀၀၀/၆၀၀၀၀တန် ဈေးအမြင့်အတန်းစားထဲကဘဲ အဲ့ဒါကို ၄၅၀၀၀တဲ့ တန်တယ်ပေါ့

“အမြီးတွေက ဘာဖြစ်တာလည်းဗျ”ဆိုတော့  “သယ်ရ ပိုးရတော့ ပဲ့တာပေါ့”တဲ့  “Aww!!!,ပဲ့တာကလည်း ဒေါင့်(ထောင့်) လေး ကပ်ပဲ့နေတယ်”  “အင်းးးးးးး”  “ဒီအစားထဲက အမြီးမပဲ့တာ တစ်ကောင်လောက် ပြပေးပါလား”  ဘာတစ်ခွန်းမှ ပြန်မပြော  “အဒေါ့်အမြီးတွေက အကုန်ပဲ့နေတာနော်,ပဲ့တဲ့နေရာတွေကလည်း အကုန်အတူတူတွေဘဲ”  အဒေါ်ကြီး မျက်နှာ တင်းမာလာ တင်းမှာပေါ့ သူက လိမ်တာလေ

အမှန်တော့ တန်ဘိုးမရှိတဲ့ ငါးဒိုင်းတွေကို  တန်ဘိုးမြင့်တဲ့ ငါးရံ့ခြောက်အဖြစ် လိမ်ရောင်းကြတာပါ။ ၎င်းငါးဒိုင်းသည် အမျိုးသမီးများ/အမျိုးသမီး ရောဂါဝေသနာသည်များနှင့် မတည့်ဟူ၍ ကြားဖူးမိ၊ အထူးသဖြင့် သွေးနုသားနုတွေ လုံးဝ ရှောင်ရမယ့် ငါး။

သွေးနုသားနု အစဉ်လာမှာ  အစားဆင်ခြင်ကြတာ သဘာဝဘဲလေ ထန်းလျှက်ရည်နဲ့ ထမင်းဖြူ၊ ထမင်းဖြူနဲ့ ဟင်းချို၊ ထမင်းဖြူနဲ့ ငါးရံ့ချောက်မီးဖုတ် ဒါတွေသာ အဓိက စားကြတာ အစဉ်လာတစ်ခုလိုဖြစ်နေ တော်ရုံလူ တော်ရုံအခြေနေဆို ငါးရံ့ခြောက်လေး မစားနိုင်ရှာ ဒီအခြေနေမှာ သာမန်ထက် ဈေးလေးလျှော့ပေါ့လို့  ငါးရံ့ခြောက်ဆိုပြီး ငါးဒိုင်းချောက်တွေကို လိမ်ရောင်းခံရရင်ဖြင့်….

အချို့ကျတော့ ဈေးတောင်မလျှော့ဘူး မသမာလွန်းတဲ့နည်းနဲ့ တန်ဘိုးချင်းမညီမျှတဲ့ ငါးနှစ်မျိုး နိမ့်ရာကို မြင့်ရာနဲ့ မတိမ်းမယိမ်း ရောင်းကြတော့  အတော်အောက်တန်းကျလွန်းလိုက်တာဗျာ!!!  အတုအစစ်ဆိုရာမှာ နီးဆက်သူတွေ အဖို့တော့ သိသာစွာနဲ့ ပိုင်းခြားနိုင်ပါတယ်။

အရသာ အရောင် အရိုး အသားအခြေနေ ယေဘူယျ အထင်ရှားဆုံးကတော့  ငါးဒိုင်းမှာ အမြီးရဲ့ လက်ဝဲဘက်ထောင့်နား မှာ အမဲအဝိုင်းစက်ကြီးပါတယ် အဲ့ဒါကို အချို့က ဆေးရောင်တစ်မျိုးနဲ့ ဖုံးဖိကြ အချို့ကတော့ ချိုးဖဲ့လိုက်တယ်။ မတော်တဆ ကျိုးပဲ့တာမျိုးဆိုရင် အကောင်တိုင်းဟာ လက်ဝဲဘက်ထောင့် တစ်နေရာထဲကနေ ကွက်ပဲ့နေစရာ အကြောင်း မရှိ အဖြေက အဲ့ဒါပါဘဲ  အထူး သတိပြု ရှောင်ရှားနိုင်ကြပါစေကြောင်း!!!

မေတ္တာဖြင့် – ကျော်ဆက်ပိုင်

Credit – ကျော်ဆက်ပိုင်

Leave a Comment

Your email address will not be published. Required fields are marked *