LOADING

Type to search

ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများ နေရပ်ပြန်စရာ မလိုဘဲ ဗီဇာသက်တမ်း တိုးခွင့်ရမည်

ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများ နေရပ်ပြန်စရာ မလိုဘဲ ဗီဇာသက်တမ်း တိုးခွင့်ရမည်

Bagan Thar July 14, 2019
Share

ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများ နေရပ်ပြန်စရာ မလိုဘဲ ဗီဇာသက်တမ်း တိုးခွင့်ရမည်

ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသော ရွှေ့ပြောင်းမြန် မာလုပ်သားများ နေရပ်ပြန်ရန်မ လိုဘဲ ဗီဇာသက်တမ်းတိုးရန် ထိုင်းအစိုးရက သဘောတူ ကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာ  သံရုံးမှ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက ပြောသည်။

ထိုင်းအစိုးရ၏ အထူးအစီ အစဉ်အရ သဘောတူလက်ခံခြင်း ဖြစ်ပြီး သန်းချီရှိသော မြန်မာလုပ် သားများအတွက် သတင်းကောင်း  ဖြစ်ကြောင်း ဦးစန်းမောင်ဦးက ပြောသည်။ ‘‘အစက MoU စနစ်နဲ့ ပြန် ပြီးတော့ လုပ်ခိုင်းထားတာ။ အခု တော့ နေရပ်လည်း ပြန်စရာမလို တော့ဘူး။ ဒီမှာပဲသက်တမ်းတိုး နေထိုင်လုပ်ကိုင်လို့ရသွားပြီ’’ ဟု ၎င်းက ပြောသည်။

ထိုင်းအစိုးရက ကနဦးတွင် ဗီဇာနှင့်အလုပ်ပါမစ် သက်တမ်း ကုန်မည့် လုပ်သားများ နေရပ်ပြန် ၍ နှစ်နိုင်ငံသဘောတူ စာချုပ် (MoU) စနစ်ဖြင့် လာရောက်လုပ် ကိုင်ရန် ကြေညာထားသော်လည်း မြန်မာအစိုးရ တောင်းဆိုချက် အရ ယခုကဲ့သို့လက်ခံသဘောတူ ခြင်းဖြစ်သည်။ သို့သော် ယခင်ထက် ရှစ်ဆ ခန့်ကုန်ကျမည်ဖြစ်သည်။ ယခင် က ၂ နှစ်သက်တမ်းရှိ ဗီဇာသက် တမ်းတိုးရာတွင် ဘတ် ၅၀၀ သာ ကုန်ကျသော်လည်း ယခုအစီအ စဉ်က တစ်နှစ်သက်တမ်းလျှင် ဗီဇာကြေးဘတ် ၁,၉၀၀ ကုန်ကျ မည်ဖြစ်သည်။

THAILAND-MYANMAR-MIGRATION-LABOUR-RIGHTS

ထို့အပြင် ယခင်က အလုပ် ပါမစ်၂ နှစ်သက်တမ်းကို ဘတ် ၅၀၀ သာ ကုန်ကျသော်လည်း ယခု   တစ်နှစ်သက်တမ်းလျှင် ပါမစ်ကြေး ဘတ် ၁,၉၀၀ နှင့် ဆေးစစ်ခ   ဘတ်   ၅၀၀ ထပ်မံ ကုန်ကျမည်ဖြစ်သည်။ ထိုကဲ့သို့ ကုန်ကျမှုများပြား နေခြင်း အပေါ် ဇူလိုင် ၁၇ တွင် ပြု လုပ်မည့် အစည်းအဝေး၌ ထိုင်း အစိုးရထံ မေတ္တာရပ်ခံတောင်းဆို မည်ဖြစ်ကြောင်း ဦးစန်းမောင်ဦး က ပြောသည်။

‘‘အခုအစီအစဉ်ကတော့ အ လုပ်သမားတွေ သဘောကျတဲ့အ စီအစဉ်ပေါ့။ သက်တမ်းကုန်လို့ မြန်မာပြည်ပြန်ပြီး MoU စနစ်နဲ့ပြန်လာမယ်ဆိုရင် အသွား၊အပြန်ရော ဟိုမှာ နှစ်လလောက်ကကြာမှာ ဆိုတော့ အခက်အခဲတွေရှိတယ်။ အခုတော့ ပိုက်ဆံသွင်းရတာများ ပေမယ့် ကျန်တာက အဆင်ပြေ တယ်’’ဟု ထိုင်းနိုင်ငံ မဟာချိုင် နယ်မြေတွင် အလုပ်လုပ်ကိုင်နေ သူ ကိုမြတ်သူကပြောသည်။

နှစ်နိုင်ငံ သဘောတူစာချုပ် (MoU) ဖြင့် လာရောက်အလုပ် လုပ်ကိုင်သော မြန်မာလုပ်သား များသည် သက်တမ်းတိုး ဆောင်ရွက်ရန် တစ်လလျှင် လူ ၂,၀၀၀ ခန့် နေရပ်ပြန်နေရသည်။ ထို့အ ပြင် ပတ်စ်ပို့နှင့်ယာယီပတ်စ်ပို့ ကိုင်ဆောင်ထား သူများသည် တစ်ရက်လျှင် လူ ၁၀၀ ခန့် စာ အုပ်လျှောက်ထားနေသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် မည် သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (CI) ကိုင်ဆောင်ထား သူ ၁၂ သိန်းခန့်ရှိပြီး ယာယီ ပတ်စ်ပို့ ကိုင်ဆောင်ထားသူ ခြောက်သိန်းနှင့် MoU ဖြင့် လာ ရောက်လုပ်ကိုင်သူ ခြောက်သိန်း၊ စုစုပေါင်း နှစ်သန်း ကျော် တရား ဝင်ရှိနေသည်။

7Day Daily (လေးစားမှုဖြင့် ခရက်ဒစ်)

Leave a Comment

Your email address will not be published. Required fields are marked *