LOADING

Type to search

လျှပ်စစ်ဓာတ်အားကို များများ သုံးရင် မီတာခလည်း များများ ပေးရမယ်

လျှပ်စစ်ဓာတ်အားကို များများ သုံးရင် မီတာခလည်း များများ ပေးရမယ်

Bagan Thar August 16, 2019
Share

လျှပ်စစ်ဓာတ်အားကို များများ သုံးရင် မီတာခလည်း များများ ပေးရမယ်

ဗဟန်းက ကွန်ဒိုကြီး တစ်လုံး။ ၁၄ လွှာရှိတယ်။  ၁၂ ထပ် က လူနေတယ် ။  တစ်လွှာမှာ စတုရန်းပေ ၁၆၀၀ နဲ့ ၂၂၀၀ ကြား ၁၁ ခန်း ရှိတယ် ။ အောက် ၂ လွှာက ကုမ္ပပိုင် ။ ပိတ်ထားတယ် ။ လူနေတဲ့ ၁၂ လွှာရဲ့ စင်္ကြန်လမ်း (လူနေခန်းတွေ မပါ)မှာ တစ်လွှာကို ၂ ပေ မီးချောင်း ၃၀ ခန့် နဲ့ စုစုပေါင်း ၃၆၀ ခန့် ။ ကားပတ်ကင်မှာ ၂ ပေ မီးချောင်း ၁၀၀ ခန့် ။ စုစုပေါင်း ၂ ပေ မီးချောင်း ၄၆၀ ခန့် လောက် အသုံးပြု ထားတာ ရှိတယ် ။

ပရက်ရှာပန့် ရေမော်တာ ၃ လုံး (၁၀ / ၁၅ ကောင် အား)  (အားလုံးခန့်မှန်း ပါ ၊ တကယ် On ground မှာ ဒီထက် ပိုများတယ် )  ရေမော်တာတစ်လုံးက အမြဲ အော်တို လည်နေတယ် ။ တစ်ခန်းခန်းက ရေသုံးလို့ လေပေါင်ချိန် လျော့သွား တာနဲ့ စက်က အော်တိုတွန်းတယ်။ အခန်း ၁၀၀ ကျော်ဆိုတော့ စက်က နားရတယ် မရှိဘူး ။  ၁၅ ယောက်စီး ဓါတ်လှေကား ၃ စီးရှိတယ် ။ ပျက်တဲ့အချိန် ၊ ကြံ့ခိုင်ရေး လုပ်တဲ့အချိန်ကလွဲ လို့ အမြဲ Run နေတယ် ။  ရုံးချိန်ဆိုရင် Nonstop ပဲ ။

ဓါတ်လှေကား စက်ခန်း နဲ့ အီလက်ထရွန်းနစ် ကွန်ထရိုးရွန်း(Control Rooms)တွေမှာ ၁.၅ အဲယားကွန်း ၃ / ၄ လုံး တပ်ထားတယ် ။  အဲဒီ စက်ကရိယာအားလုံး နားချိန်မရှိ၊ ပိတ်ရက်မရှိ အမြဲသုံးနေတယ် ။  စင်္ကြန်လမ်းမီးတွေလည်း ၂၄ နာရီ ပါတ်လုံး အမြဲတမ်းဖွင့်ထားတယ်။ ဘယ်တော့မှ မပိတ်ဘူး ။ ပိတ်လို့လည်းမရဘူး ။ အလင်းရောင်မလုံလောက်ဘူး။  မီတာခက ယခင် ၆ သိန်းခွဲခန့် ကျတယ် ။  ယခုလ ၉ သိန်းခွဲခန့် ကျတယ် ဆိုပါတယ် ။

ဒီတော့ _ ဒီကွန်ဒိုလောက်လည်း မကြီး၊ ဓါတ်လှေကားလည်း မပါ ။ ၂၄ နာရီလည်း မီးဖွင့်မထား ။ မြေအောက် ရေလှောင်ကန် ကနေ ၂၄ နာရီ ရေတွန်းစနစ်လည်း မသုံး ။ အဲဒီလို နေရာမျိုးတွေက မီတာက သိန်းရာချီကျတယ် ဆိုတော့ စဉ်းစားစရာတွေ ဖြစ်ကုန်တယ် ။  အဖြေက တစ်ခုပဲ ရှိတယ် ။ Lighting သက်သက်မဟုတ်ပဲ လျှပ်စစ်မီးကို မဆင်မခြင် သုံးတယ်ပေါ့ ။

တစ်နေကုန် အဲယားကွန်းတွေ ဖွင့်ထားမယ် ။ ဇိမ်ခံမယ် ။ ရေပူရေအေး Water Cooler စက်ကလေးက လည်းသုံး ။ ရေချိုးတော့ ဘွိုင်လာနဲ့ ။ ချက်တာပြုတ်တာကို ဈေးသက်သာတဲ့ Gas မသုံးဘူး ။ လျှပ်စစ်ပဲသုံးတယ် ။ မီးတွေ စည်းကမ်းမရှိဖွင့်ထားမယ် ။ မီတာစား သက်သာမဲ့ အစီအစဉ်တွေချမထားဘူး ။  အဲဒီလိုနေရာမျိုးတွေက အများပြည်သူ အလှူငွေနဲ့ လည်ပတ်ရတဲ့ နေရာမျိုးတွေဆိုရင် ရေရှည်ရပ်တည်ဖို့ ခက်မယ် ။ အလှူရှင်တွေ ညောင်းမယ် ။ သဒ္ဓါကျသွားမယ် ။ ငြိုငြင်လာမယ် ။

မရေးချင်ပေမဲ့ အမုန်းခံ ရေးလိုက်မိတယ် ။  တာဝန်ရှိသူတွေ ၊ ဦးစီးဦးဆောင်တွေ ဆင်ခြင်မိကြဖို့ပါ ။  အလှူရှင်တွေရဲ့ စေတနာ သဒ္ဓါကို ဖြုန်းတီး မပစ်သင့်ဘူး ထင်ပါတယ် ။  ရေးလိုက်မိတယ် ။ ခွင့်လွတ်ပါ ။ လျှပ်စစ်မီးနဲ့ နေခွင့်မရသေးတဲ့ ကျေးလက် နေ ပြည်သူတွေ အများကြီးရှိတယ် ။  ကျွန်တော်က ၁၀ တန်းအထိ ရေနံဆီမီးခွက်နဲ့ စာကျက်ခဲ့ရသူ ။ စာနာမိကြစေဖို့ပါ ။

ဦးဟစ် အကောင့်မှ ကူးယူဖော်ပြပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *