LOADING

Type to search

အရည်အချင်း ပြည့်ဝသော ကိုလှရွှေတို့ (ဟာသ)

အရည်အချင်း ပြည့်ဝသော ကိုလှရွှေတို့ (ဟာသ)

Bagan Thar July 11, 2019
Share

အရည်အချင်း ပြည့်ဝသော ကိုလှရွှေတို့ (ဟာသ)

ရဲမှူးကြီး တစ်ယောက်ဟာ အထူး စုံစမ်း ထောက်လှမ်းရေးမှူး ရွေးချယ်ရန်အတွက် ရဲအုပ် ၃ယောက် ကို အင်တာဗျူး သည်။  ရဲမှူးကြီးက ပထမ ရဲအုပ်အား တရားခံ တစ်ယောက်၏ ဓာတ်ပုံကို မိနစ်ဝက် ခန့် ပြသည် ။ ထို့နောက် မေးခွန်း တစ်ခု မေးသည် ။  ” ကဲ . . . ဒါ . . တရားခံရဲ့ ပုံပဲ … မင်း ဒီဓာတ်ပုံ ကို မှတ်မိ သလား … ဘာထူးခြား ချက်ကို တွေ့သလဲ … ပြောပါအုံး … ”  ရဲအုပ် က ပြန်ဖြေသည်။

” ဒီကောင် ကို ဖမ်းမယ်ဆို လွယ်ပါတယ် … ဒီကောင့်မှာ မျက်လုံး တစ်လုံးပဲ ပါတယ်ခင်ဗျ ”  ရဲမှူးကြီး စိတ်ညစ်သွားသည်။  “တော်တော် . . ဟေ့ကောင် … ဒါ ဘေးတစ်စောင်း ရိုက်ထားတာကွ .. သွား . . နောက်တစ်ယောက် လွှတ်လိုက်” ဒုတိယ ရဲအုပ် အခန်းတွင်းသို့ ဝင်လာသည် ။

ရဲမှူးကြီးက စောစောက ဓာတ်ပုံ ကိုပင်ပြ၍ ယခင်မေးခွန်းကို ပင် မေးသည် ။ ဒုတိယ ရဲအုပ်က ဖြေသည်။  ” ဟုတ်ကဲ့ .. ဒီကောင်ပုံက မှတ်မိဖို့ လွယ်ပါတယ် … ဒီကောင့်မှာ နားရွက် တစ်ဖက်ပဲ ပါတယ်ခင်ဗျ အပြင်မှာ မြင်ရင် မှတ်မိလွယ် ပါတယ် … ”  ရဲမှူးကြီး စိတ်ညစ်သွားရ ပြန်သည် ။  ” ဟင်း လာပြန်ပြီ တစ်ယောက် … ဒါက ဘေးတစ်စောင်း ရိုက်ထားတာကွ သွား . . နောက်ဆုံး တစ်ယောက်ကို လွှတ်လိုက် ”  တတိယ ရဲအုပ် အခန်းတွင်း ဝင်လာသည် ။

ရဲမှူးကြီးက ရှေးနည်း အတိုင်းပင် ဓာတ်ပုံပြသည် ။ မေးခွန်း မေးသည် ။ တတိယ ရဲအုပ်က ပြန်ဖြေသည် ။  ” ဆရာ . . ဒီကောင် မျက်ကပ်မှန် တပ်ထားတာ ခင်ဗျ ”  ရဲမှူးကြီး တရားခံ၏ အချက်အလက် ဖိုင်တွဲကို သွားကြည့်သည် ။ တစ်ကယ် ပင် တရားခံသည် မျက်ကပ်မှန် တပ်ထားသည်ကို သိလိုက်ရသည် ။ သူ အတော် အံ့သြ သွားသည် ။

တတိယရဲအုပ်ကို အတော် အထင်ကြီး သွားသည် ။ ထို့ကြောင့် ရဲအုပ်အား မေးခွန်း ဆက်မေး ကြည့်သည် ။  ” နေပါအုံးကွ တရားခံ မျက်ကပ်မှန် တပ်ထားရတယ် ဆိုတာ မင်းဘယ်လို သိလဲ”  ” လွယ်ပါတယ်ဆရာ . . မျက်လုံးတစ်လုံး ၊ နားတစ်ဖက်ပဲ ရှိတဲ့ကောင် မျက်မှန် ဘယ်လိုလုပ် တပ်လို့ ရမလဲဗျ ”  ” တိန် ” (ဟာသ သဘောဖြင့် ဖော်ပြ ထားခြင်း ဖြစ်ပါသည်။)

မူရင်းရေးသားသူ (လေးစားမှုဖြင့် ခရက်ဒစ်)

Leave a Comment

Your email address will not be published. Required fields are marked *