LOADING

Type to search

“ကလေးကဗျာလား၊ ဆရာဆရာမတွေကို လှောင်တဲ့ ကဗျာလား မသဲကွဲဘူး”

“ကလေးကဗျာလား၊ ဆရာဆရာမတွေကို လှောင်တဲ့ ကဗျာလား မသဲကွဲဘူး”

Bagan Thar August 13, 2019
Share

“ကလေးကဗျာလား၊ ဆရာဆရာမတွေကို လှောင်တဲ့ ကဗျာလား မသဲကွဲဘူး”

ယနေ့ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ကလေးကဗျာ (၂) ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။ ယနေ့ခေတ်မှာ ပုံစံအမျိုးမျိုးနဲ့ လူမျိုးစုံ အကြားမှာ သူတို့ရဲ့ ဖြစ်တည်မှုတွေ၊ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်တွေကို မလှောင်ပြောင်ကြဖို့ အားလုံးက ဝိုင်းဝန်း နှိုးဆော်နေ တဲ့ အချိန်မှာ ဒီလို body shaming ကဗျာမျိုးကို ထုတ်ဝေတယ်ဆိုတဲ့ စာရေးဆရာကိုတော့ အတော် အံ့သြမိပါတယ်။

မြန်မာပေါကားတွေ၊ လူပြက်တွေရဲ့ ပေါက်ကရ ပြက်လုံးတွေကြောင့် အသားမည်းသူ၊ အဝလွန်သူ၊ အပိန်လွန်သူ၊ အရပ်ပုသူတွေဟာ ပိုမို အလှောင်ပြောင် ခံနေရပါတယ်။ ကလေးတွေကလည်း အဲဒီလို လူမျိုးတွေကို လှောင်ပြောင် လာကြပါပြီ။ အဲဒီလို ဖြစ်နေတဲ့ အချိန်မှာ ကလေးတွေကို လမ်းမှန်ပြပေးရမယ့် ကဗျာတွေ ရေးသား ထုတ်ဝေရမယ့် အစား ဒီလိုမျိုး သူတပါးကို ချိုးနှိမ်တဲ့ ကဗျာတွေကို ရေးသားထုတ်ဝေကြတာ အလွန်ကို စိတ်ပျက်မိပါတယ်။

ဒီလို ကဗျာမျိုးကို ဖတ်မိတဲ့ ကလေးတွေ အနေနဲ့လည်း ဆရာ၊ ဆရာမတွေကို အရိုအသေတန်ပြီး ကွယ်ရာမှာ လှောင်ပြောင် ကြပါလိမ့်မယ်။ အဲဒီလိုဆို သင်ကြားရေးမှာ အနှောင့်အယှက် ဖြစ်မှာ အမှန်ပါပဲ ခင်ဗျာ။ အဲဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေနဲ့ ဒီလိုမျိုး ကဗျာတွေကို စိစစ်ကြပ်မတ်ပေးကြပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်။ မူရင်းပို့စ်နဲ့ ကဗျာ (၂) ပုဒ်ကို အောက်မှာ ဖော်ပြထားပါတယ် ခင်ဗျာ-

“ကိုယ့်သမီးလေးကိုဖတ်ပြဘို့ ဝယ်လာမိတယ်…. အထဲကကဗျာတွေထဲက ဆရာကြီး နဲ့ ဆရာမ ကဗျာဖတ်ပြမလို့ ဖတ်ကြည့်မိတယ်… အတော်စိတ်မကောင်းဖြစ်မိတယ်.. မြန်မာပြည်ဟာ စာပေအဆင့်အတန်းအတော်နိမ့်သွားပါလား.. ခပ်ရိုင်းရိုင်းပြောရရင်တော့.. စာပေအဆင်အတန်း…အောက်တန်းစားဆန်နေပြီလား… စိတ်ဆင်းရဲရတယ်….”

Zaw Lynn Moe (လေးစားမှုဖြင့် ခရက်ဒစ်)

ဆရာကြီး (ကဗျာ) – ဆရာကြီး… ဆရာကြီး သားတို့ ဆရာကြီး၊ ဆရာကြီးက ခန့်ထယ်ဂုဏ် မျက်မှန် ပါဝါကုန်၊ သူ့တိုက်ပုံက တဖားဖား ဘယ်ခါ မချွတ်အား၊ အရပ်မားမား ရှည်လွင့်စွာ ခြေလှမ်းကျဲနဲ့ပါ၊ သူ့ကွယ်ရာမှာ ခေါ်တတ်ရဲ့ “သစ်ကုလားအုပ်” တဲ့၊

ဆရာမ (ကဗျာ) – ဆရာမ…ဆရာမ သားတို့ ဆရာမ၊ ဆရာမက သိပ်လှတာ ဝါးခြမ်းပြားလိုပါ၊ မီးသွေးပေါ်မှာ ထုံးဖြူသုတ် မိတ်ကပ်ချယ်တဲ့ရုပ်၊ လှုပ်လီလှုပ်လဲ့ ကျောင်းလာသဗျို့ လဲတော့မလိုလို၊ “မိုးဟေကို” လို့ခေါ်ပါမှ သူက သဘောကျ။

Leave a Comment

Your email address will not be published. Required fields are marked *