LOADING

Type to search

ဆံပင်​ပညာရှင်​ hair stylist​တွေက သူ့​ဖောက်​သည်​​တွေကို ​ပြောပြခဲတဲ့ လျှို့ဝှက်​ချက်​ ၁၁ခု

Tags: ,

ဆံပင်​ပညာရှင်​ hair stylist​တွေက သူ့​ဖောက်​သည်​​တွေကို ​ပြောပြခဲတဲ့ လျှို့ဝှက်​ချက်​ ၁၁ခု

Bagan Thar November 1, 2018
Share

လှပစတိုင်​ကျတဲ့ ဆံပင်​ပုံစံ​လေးတခုဟာ အမျိုးသမီးတ​ယောက်​ရဲ့ မိမိကိုယ်​ကိုယ်​ တန်​ဖိုးထားယုံကြည်​မှုကို တ​နေ့တာလုံး သိသိသာသာ တိုးတက်​​စေနိုင်​ပါတယ်​။ ဒါ​ပေမဲ့ ဆံပင်​ပညာရှင်​ hair stylistတ​ယောက်​နဲ့ ချိန်းဆိုပြီး ပြုပြင်​တို​င်းလည်း ​ကောင်းမွန်​တဲ့ရလဒ်​တခု ထွက်​လာဖို့က အာမခံချက်​အမြဲမရှိပါဘူး။ ဒါဟာ ဘာ့​ကြောင့်​လဲဆို​တော့ အဓိကအားဖြင့်​ hair stylistတိုင်းမှာ သူတို့ရဲ့ ကိုယ်​ပိုင်​လျို့ဝှက်​ချက်​​တွေရှိ​နေကြပြီး တချို့​တွေက သင့်​ဆံပင်​ရဲ့ကျန်းမာလှပမှုကို တကယ်​ရည်​ရွယ်​ကြတာမျိုးမဟုတ်​လို့ပါပဲ။

ဒါ့​ကြောင့်​ hair stylistတချို့ ဖွင့်​​ပြော​လေ့မရှိတဲ့ လျှို့ဝှက်​ချက်​​တွေထဲက သင့်​ဆံပင်​ကို တခုခုအ​ပြောင်းအလဲလုပ်​ဖို့ ဗျူတီဆလွန်းမသွားခင်​ သိထားသင့်​တဲ့ အချက်​ ၁၁ချက်​ကို ​ဖော်​ပြလိုက်​ပါတယ်​။

၁) သင့်​ရဲ့ hair stylistကို သင်​လုပ်​ချင်​တဲ့၊ သ​ဘောကျတဲ့ဆံပင်​ပုံစံကိုသာမက သင်​မကြိုက်​တဲ့ပုံစံ​တွေကိုပါပြပါ။

ဗျူတီဆလွန်းကို မသွားခင်​မှာ ကိုယ်​ကြိုက်​တဲ့ဆံပင်​ပုံစံအမျိုးမျိုးကိုသာမက သင်​လုံးဝမကြိုက်​တဲ့၊ အဲဒီလိုပုံစံဖြစ်​သွားမှာကို လုံးဝမလိုလားတဲ့ ဆံပင်​ပုံစံ​တွေကိုပါ ရှာ​ဖွေ savedလုပ်​ပါ၊ screenshot စခရင်​​ရှော့ရိုက်​ယူသွားပါ။ ကိုယ်​လိုချင်​တဲ့​ ​နောက်​ဆုံးပုံထွက်​​ အတိအကျ​လေးကို ပြနိုင်​မယ်​ဆိုရင်​ အ​ကောင်းဆုံးပါ။ ‘ဒါမျိုး​လေးအတိုင်းကို နည်းနည်းတိုတာ​လေး​နော်​။’ လို့​ပြောတာမျိုးက ကိုယ်​ဖြစ်​​စေချင်​သလို ထွက်​လာဖို့ ခဲယဉ်းပါတယ်​။ ဘာ့​ကြောင့်​လဲဆို​တော့ တ​ယောက်​နဲ့တ​ယောက်​ စိတ်​ထဲမှာ သတ်​မှတ်​ထားတဲ့ နည်းနည်းတိုတာ ဆိုတဲ့ပမာဏက တူချင်​မှတူကြမှာမို့ပါ။ ကိုယ်​လိုချင်​တဲ့ ပုံစံအတိအကျကို ပုံနဲ့တကွပြနိုင်​ရင်​ သင့်​ရဲ့ hair stylistက သင်​ဘာလိုချင်​တယ်​ဆိုတာကို နားလည်​ဖို့ အများကြီး အ​ထောက်​အကူဖြစ်​ပါတယ်​။ မဖြစ်​​စေချင်​တဲ့ မကြိုက်​တဲ့ပုံစံက​တော့ သတိ​ပေးဖို့ပါ။

@Baganthar/ ပုဂံသား
#YoursJames

၂) တကြိမ်​တည်း ​ဆေးဆိုးရုံနဲ့ ကိုယ်​လိုချင်​တဲ့ စိတ်​ကူးထဲကအ​ရောင်​ကို တန်းရဖို့ဆိုတာ မဖြစ်​နိုင်​ပါဘူး။

သင်​ရဲ့ဆံပင်​ကို အ​မှောင်​ကာလာနဲ့ တ​လျှောက်​လုံး နှစ်​များစွာ အကြိမ်​ကြိမ်​ဆိုးလာခဲ့ပြီး အခုချက်​ချင်းမှာပဲ သင်​လုပ်​ချင်​​နေတာက ပလက်​တီနမ်​​ရွှေ​ရောင်​ဆံပင်​ ဖြစ်​​နေတယ်​ဆိုရင်​ စုစု​ပေါင်းကုန်​ကျနိုင်​တဲ့ အ​တော်​​လေးများပြားတဲ့ ​ငွေပမာဏနဲ့ ဆန္ဒရှိ​နေတဲ့အ​ရောင်​ကိုရဖို့ အ​ရောက်​သွားရမဲ့ ရက်​များစွာကို ကြိုတင်​ပြင်​ဆင်​ထားလိုက်​ပါ​တော့။ အရည်​အ​သွေးမြင့်​ ဆံပင်​​ဆေးဆိုး အလင်းမြှင့်​ခြင်းဟာ ​ဈေးကြီးပြီး ကြာရှည်​တဲ့ လုပ်​ငန်းစဉ်​ဖြစ်​တခုဖြစ်​ပါတယ်​။ တကယ်​လို့များ hair stylistက သင့်​ကို နက်​နက်​​မှောင်​​မှောင်​ သင့်​ဆံပင်​အ​ရောင်​က​နေ ရုတ်​တရက်​ချက်​ချင်း ​ရွှေအိုဖြူဆွတ်​အ​ရောင်​ဆီ ​ပြောင်းပါလားလို့ ကမ်းလှမ်းလာခဲ့ရင်​ ဒီ​လောက်​ကြီး အလွယ်​တကူ Yes မလုပ်​လိုက်​ပါနဲ့၊ မင်းဟာ ဝါကျင့်​ကျင့်​​ခေါင်းကြီးဖြစ်​သွားဖို့ သို့မဟုတ်​ တ​မွှေးမှမကျန်​ဖြစ်​သွားဖို့ အန္တရာယ်​မှာ ရှိ​နေပါတယ်​။

@Baganthar/ ပုဂံသား
#YoursJames

၃) Hair Stylistက သင့်​ဆံပင်​ရဲ့ ​ဆေးဆိုးခဲ့တဲ့​ အ​ရောင်​သမိုင်းကို သိသင့်​ပါတယ်​၊ ​ပြောပြ​ပေးရပါမယ်​။

သင့်​ဆံပင်​ကို ​ဆေးမဆိုးမီမှာ သင့်​ဆံပင်​နဲ့ပတ်​သတ်​တဲ့ သိနိုင်​သမျှ အရာအားလုံးကို hair stylistက သိထားသင့်​ပါတယ်​။ ဘယ်​နှစ်​ကြိမ်​ အ​ရောင်​​ပြောင်းခဲ့ဖူးတယ်​၊ ဘာအ​ရောင်​​တွေ သုံးခဲ့ဖူးတယ်​ စသဖြင့်​​ပေါ့။ အထူးသဖြင့်​ သင်​က သင့်​ဆံပင်​အ​ရောင်​ကို လုံးဝ​ပြောင်းပစ်​​တော့မှာဆိုရင်​ ဒီအချက်​က ပိုပြီး​ရေးကြီးပါတယ်​။ ဆံပင်​​ဆေးဆိုးတဲ့အခါ မှန်​ကန်​တဲ့နည်းလမ်းနဲ့ ချဉ်းကပ်​နိုင်​ဖို့ ဒါနဲ့ပတ်​သတ်​တဲ့ အ​သေးစိတ်​အချက်​အားလုံးက အမှန်​တကယ်​ လိုအပ်​ပါတယ်​။

@Baganthar/ ပုဂံသား
#YoursJames

၎) Hair Stylistက ဟိုက်​ဒရိုဂျင်​ပါ​အောက်​ဆိုဒ်​(​အောက်​ဆီးဒန့်​ Oxidant) ဘယ်​နှရာခိုင်​နှုန်း သုံးတာလဲဆိုတာကို ​မေးပါ။

သင့်​ဆံပင်​အ​ရောင်​ကို ချိန်းပြီး ပိုလင်းသွား​အောင်​လုပ်​ဖို့ ဆုံးဖြတ်​ထားတယ်​ဆိုရင်​ သင့်​ရဲ့ hair stylistကို ​အောက်​ဆီးဒန့်​ Oxidant % ဘယ်​နှရာခိုင်​နှုန်းသုံးမှာလဲလို့ ​မေးပါ။ တကယ်​လို့ ၉%နဲ့အထက်​သုံးမယ်​ဆိုရင်​ သင့်​ဆံပင်​ထဲက ပရိုတိန်း​တွေကို အ​ရောင်​ခြယ်​ခံရနိုင်​တဲ့ အန္တရာယ်​ဖြစ်​နိုင်​​ချေများပြီး ဒါက သင့်​ဆံပင်​အ​ရောင်​ကို သည့်​ထက်​ ပိုလင်း​အောင်​ လုပ်​လို့မရ​တော့ဘဲ ဝါကျင်​ကျင်​အဖြစ်​ ​ပြောင်းလဲသွားနိုင်​ပါတယ်​။

@Baganthar/ ပုဂံသား
#YoursJames

၅) ဆံပင်​အ​ကောက်​ပုံ​လေး သွင်း​ပေးလိုက်​တာက hair stylistရဲ့အမှားကို ဖုံးကွယ်​​ပေးပါတယ်​။

ဆံပင်​​ဆေးဆိုးရင်း၊ ညှပ်​ရင်း မှားသွားတာ​တွေကို ဖုံးကွယ်​ဖို့ ရိုးရှင်းတဲ့လှည့်​ကွက်​တခုကို Hair Stylistက အသုံးပြုနိုင်​ပါတယ်​။ ဒါက​တော့ ဆက်​တင်​အ​ကောက်​​လေးတခု လုပ်​​​ပေးလိုက်​တာပါ။ stylistရဲ့ အလုပ်​ကို အကဲဖြတ်​ဖို့ရာ သင့်​ဆံပင်​ကို blow dryer ​လေမှုတ်​စက်​သုံးပြီး အ​​ဖြောင့်​ဆွဲခိုင်းပါ။ ​ချော​မွေ့​ဖြောင့်​စင်းတဲ့ဆံပင်​က အမှားအယွင်း​​တွေအားလုံးကို အရှင်းသား မြင်​ရ​စေပါတယ်​။

@Baganthar/ ပုဂံသား
#YoursJames

၆) ​ဈေးကြီးတဲ့ ပ​ရော်​ဖက်​ရှင်​နယ်​ ဆံပင်​သုံးကုန်​ပစ္စည်း​တွေကို ​ဈေး​ပေါတာ​တွေနဲ့ အစားထိုးတာ၊ ​ရေ​ရောတာမျိုး​တွေနဲ့ ကြုံနိုင်​ပါတယ်​။

ကံမ​ကောင်းစွာနဲ့ပဲ ဒါကအမှန်​ပါ။ ဆလွန်းတခုက ​ငွေကျန်​ပိုထွက်​ချင်​ပြီ၊ အကြံအဖန်​လုပ်​ချင်​ပြီဆိုရင်​ ဆံပင်​သုံးပစ္စည်းကိုလည်း ဘယ်​ချန်​ထားပါ့မလဲ။ တန်​ဖိုးကြီး ​ခေါင်း​လျှော်​ရည်​​တွေ၊ အဆီ​တွေကို အ​ပေါစား​တွေနဲ့​ရောတာ၊ ​ရေနဲ့​ရောတာ​တွေ ဖြစ်​လာနိုင်​ပါတယ်​။ ရလဒ်​အ​နေနဲ့ ကုန်​ပစ္စည်းရဲ့ PH Level ​ပြောင်းသွားပြီး လုံးဝအသုံးမဝင်​ဖြစ်​သွားနိုင်​သလို အန္တရာယ်​ရှိတာမျိုး​တောင်​ ဖြစ်​နိုင်​ပါတယ်​။ ဥပမာအ​နေနဲ့ အားနည်းတဲ့ဆံပင်​ သို့မဟုတ်​ ​ဆေးဆိုးထားတဲ့ဆံပင်​အတွက်​ ​ခေါင်း​လျှော်​ရည်​ရဲ့ PH levelက 4.5 က​နေ 5.5 ဖြစ်​ပြီး ပုံမှန်​နဲ့ အဆီပြန်​တတ်​တဲ့ဆံပင်​အတွက်​က PH level 7က​နေ 8ဖြစ်​ပါတယ်​။

@Baganthar/ ပုဂံသား
#YoursJames

၇) Perm ဆံပင်​​​ကောက်​သား​လေးဟာ ကျန်းမာသန်​စွမ်းတဲ့ဆံပင်​အတွက်​ပဲ သင့်​​တော်​ပါတယ်​။

ချော​မွေ့​ပျော့​ပြောင်းတဲ့ဆံပင်​ရှိသူ အမျိုးသမီးများဟာ ဘဝမှာ တကြိမ်​​လောက်​ဖြစ်​ဖြစ်​ ဆံပင်​အ​ကောက်​ perm​လေး လုပ်​ကြည့်​ဖို့ စိတ်​ကူးရှိကြပါတယ်​။ သို့​သော်​လည်း တချို့​သော ဆံပင်​အမျိုးအစားများအတွက်​​တော့​ကောက်​ဖို့ ​အား​ပေးမှာမဟုတ်​ပါဘူး။ ပါး​သော၊ အားနည်း​သော သို့မဟုတ်​ bleached/ချွတ်​ထား​သောဆံပင်​များဟာ ဆံပင်​​ကောက်​ဖို့သုံးတဲ့ ထုတ်​ကုန်​များ​မှာပါတဲ့ ပါဝင်​ပစ္စည်း​တွေကြောင့့် အများကြီးထိခို​က်​နိုင်​ပါတယ်​။ ဒါ​တွေ အသာထားလို့ အချို့ဆံပင်​အမျိုးအစား​တွေဆို အ​ကောက်​​ဆေး​တွေနဲ့ အလုပ်​ကိုမဖြစ်​တာမျိုးအထိ ရှိပါတယ်​။

@Baganthar/ ပုဂံသား
#YoursJames

၈) ဆံပင်​ညှပ်​ပုံ​ရွေးတဲ့အခါ ကိုယ့်​ဆံပင်​ရဲ့တည်​​ဆောက်​ပုံကို သတိရပါ။

ဆံပင်​ညှပ်​ပုံ အသစ်​တခုကို ​ရွေးချယ်​တဲ့အခါ ကိုယ့်​ရဲ့မျက်​နှာကျကိုသာမက ဆံပင်​တည်​​ဆောက်​ပုံကိုပါ အာရုံထား​ပေးပါ။ ဥပမာ ​ပျော့ပြီး ပွယွယွဆံပင်​​လေး​တွေက ပုံစံတကျငြိမ်​​နေဖို့ ခဲယဉ်းပါတယ်​။ ဒါ့ကြာင့်​မို့ ဒီဆံပင်​အမျိုးအစားရှိတဲ့ အမျိုးသမီး​တွေကို ​ဂျော်​မက်​ထရစ်​ပုံကျ ဆံပင်​စတိုင်​​တွေ ညှပ်​ဖို့ အားမ​ပေးတာပါ။ ဆယ်​လီဘရစ်​တီ​တွေ ​ရွေးချယ်​တဲ့ ဆံပင်​ပုံ​တွေကို ကြည့်​ပါ။ အထူးသဖြင့်​ ကိုယ်​နဲ့ ဆံပင်​တည်​​ဆောက်​ပုံတူတဲ့ ဆယ်​လီ​တွေကို​ပေါ့။

@Baganthar/ ပုဂံသား
#YoursJames

၉) ဆံပင်​အမျိုးအစားတိုင်းက ဖွသင့်​တာ မဟုတ်​ပါဘူး။

ပါးလျ၊ ပွယွ သို့မဟုတ်​ ​ကောက်​​သားရှိတဲ့ ဆံပင်​များဟာ ဆံပင်​ပါးကပ်​​ကြေးနဲ့ မညှပ်​သင့်​ပါဘူး။ ​ကောက်​​ကွေးတဲ့ဆံပင်​​တွေမှာ ​ကောက်​နိုင်​တဲ့တည်​​ဆောက်​ပုံရှိပြီး ဒီလိုဆံပင်​အမျိုးအစားကို ဖွလို​က်​ရင်​ ပိုပြီး​တော့​တောင်​ပွလာ​စေပြီး ဆံပင်​အဖျား​တွေက ပြတ်​လွယ်​ကာ နှစ်​ခွ​တွေကွဲလာပါလိမ့်​မယ်​။

@Baganthar/ ပုဂံသား
#YoursJames

၁၀) Keratin နဲ့ဆံပင်​​​ဖြောင့်​တာဟာ ဆံပင်​ကို ဘာမှပြုပြင်​မ​ပေးနိုင်​ပါဘူး။

Keratinဆိုတာဟာ လူသားရဲ့ဆံပင်​မှာပါဝင်​တဲ့ ပရိုတိန်းတခုဖြစ်​ပါတယ်​။ Keratinနဲ့ ဆံပင်​​ဖြောင့်​စဉ်​အတွင်း hair stylistက keratinထုတ်​ကုန်​ကို ဆံပင်​​ပေါ်မှာ အသုံးပြုလိုက်​တာဖြစ်​ပြီး ဒါက ဆံသား​ပေါ်က အကွဲ​တွေ၊ အ​ပေါက်​​တွေကို ဖာ​ထေးဖြည့်​စွက်​သွားပါတယ်​။ ဆံပင်​​ဖြောင့်​တဲ့ထုတ်​ကုန်​အများစုမှာ လူဖန်​တီးထားတဲ့ keratin​တွေ ပါဝင်​ကြပါတယ်​။ ဒါက ပျက်​ဆီး​နေတဲ့ဆံသားကို ပြုပြင်​​ပေးတာ သို့မဟုတ်​ ကုသ​ပေးတာမျိုး မဟုတ်​ပါဘူး၊ အဲဒီအစား ပျက်​ဆီး​နေတာ​တွေကို လှပတဲ့အကာ​လေး အုပ်​​ပေးလိုက်​တာမျိုး ဖြစ်​ပါတယ်​။

ဒီလို လုပ်​ငန်းစဉ်​ရဲ့ အကျိုးတရား​တွေ ကုန်​သွားတဲ့အချိန်​​ရောက်​တဲ့အခါ သင့်​ဆံပင်​ဟာ ပျက်​စီးလွယ်​ပြီး ကြမ်းတမ်းလာပါလိမ့်​မယ်​။ သဘာဝ Keratinအ​ပေါ်မှာ အ​ခြေခံထားတဲ့ထုတ်​ကုန်​​တွေမှာ Formaldehyde ​ဖော်​မယ်​လ်​ဒီဟိုက်​ပါဝင်​ပြီး ဒါက အဆုတ်​နဲ့ အသက်​ရှူလမ်း​ကြောင်း​ကို အန္တရာယ်​ဖြစ်​စေတဲ့ အကျိုးဆက်​ရှိပါတယ်​။

@Baganthar/ ပုဂံသား
#YoursJames

၁၁) Hair Slaon​တွေရဲ့ treatments အများစုက အကျိုးမရှိတာ​တွေပဲများပါတယ်​။

ဆလွန်း​တွေရဲ့ ဆံပင်​ဆိုင်​ရာ လုပ်​ငန်းစဉ်​အဝဝ အများစုဟာ ​ဖောက်​သည်​တ​ယောက်​စီက​နေ ​ပိုက်​ဆံရှာချင်​တဲ့ရည်​ရွယ်​ချက်​ကသာ အဓိကဖြစ်​ပါတယ်​။ သင့်​ဆံပင်​အတွက်​ သင့်​​တော်​​ကောင်းမွန်​တဲ့ ကုသမှု၊ ​စောင့်​​ရှောက်​မှု​ပေးဖို့ အဓိကမဟုတ်​ပါဘူး။ ပါးလျားပြီး ပျက်​စီးလွယ်​တဲ့၊ နှစ်​ခွ​တွေကွဲ​နေတဲ့ ဆံပင်​ရှိရခြင်း ​အ​ကြောင်းတရားက သင့်​ခန္ဓာကိုယ်​ ကျန်းမာ​ရေးရဲ့ ပိုပြီးနက်​ရှိုင်းတဲ့​နေရာမှာ ရှိ​နေတာပါ။ ဒါကိုမသိဘဲ အသုံးမဝင်​တဲ့ ဆံပင်​လုပ်​ငန်းစဉ်​​တွေက​တော့ အမိုက်​စားကပ်​​ကြေး​တွေနဲ့ ဆံပင်​ညှပ်​တာ၊ botox​တွေ၊ ဆံပင်​ အ​ရောင်​တင်​တာ​တွေတို့ပါပဲ။

@Baganthar/ ပုဂံသား
#YoursJames

ဒါက​တော့ Bright Sideက​နေ သိသမျှဖွင့်​ချထားတဲ့ လျှို့ဝှက်​ချက်​​တွေဖြစ်​ပါတယ်။ သင့်​မှာ​ရော တခြားသိထားတဲ့ လျှို့ဝှက်​ချက်​​တွေရှိရင်​ တခြားသူ​တွေလည်း သိရ​အောင်​ မျှ​ဝေခဲ့ပါဦး။ မိန်းက​လေးတိုင်း ကျန်းမာလှပနိုင်​ကြပါ​စေ​နော်​။

© Bright Side
@Baganthar/ ပုဂံသား
#YoursJames

Tags:

Leave a Comment

Your email address will not be published. Required fields are marked *