LOADING

Type to search

လူငယ်စီးပွားရေး ပညာရှင်ကို စက်မှုဒုဝန်ကြီးအဖြစ် တာဝန်ပေး

လူငယ်စီးပွားရေး ပညာရှင်ကို စက်မှုဒုဝန်ကြီးအဖြစ် တာဝန်ပေး

Bagan Thar August 16, 2019
Share

လူငယ်စီးပွားရေး ပညာရှင်ကို စက်မှုဒုဝန်ကြီးအဖြစ် တာဝန်ပေး

စက်မှုဝန်ကြီးဌာနအတွက် အရေးပါတဲ့ ပြောင်းလဲမှု အစပါ။ တိုင်းပြည်အတွက်ရော ခေတ်အဆက်ဆက် မအောင်မြင်ခဲ့တဲ့
စက်မှုဝန်ကြီးဌာနအတွက်ပါ အားကိုးရသူတစ်ဦး ဖြစ်ပါစေ ….ကြိုဆိုပါတယ် ဒေါက်တာမင်းရဲပိုင်ဟိန်း …

စီးပွားရေးပညာရှင်နောက်တစ်ဦးကို စက်မှုဝန်ကြီးဌာနတွင်တာဝန်ပေး

နိုင်ငံတော်သမ္မတရုံးမှ​အမိန့်အမှတ်၊ ၃၆/ ၂၀၁၉ ဖြင့် ဒေါက်တာမင်းရဲပိုင်ဟိန်းကို​ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ်​ ခန့်အပ်တာဝန်ပေးလိုက်သည်ဟုသိရှိရပါသည်။

ဒေါက်တာမင်းရဲပိုင်ဟိန်းသည်​ မြန့်မာစီးပွားရေး​ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြုပြင်ပြောင်းလဲရေးအတွက်​ မူဝါဒပိုင်းဆိုင်ရာ၊ အကြံပေးခြင်း၊ သုတေသန​ ပြုလုပ်ခြင်းများကိုဖေါ်ဆောင်လျက်ရှိသော၊ Dr. Sean Turnell သုတေသနဒါရိုက်တာအဖြစ်​ လုပ်ကိုင်လျက်ရှိသော​ မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်း​( Myanmar Development Institute)​ ၏ Executive Director တစ်ဦးဖြစ်ပါသည်။

ထို့ပြင်​နိုင်ငံတော်စီးပွားရေးရာ​ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ​ (National Economic Coordination Committee)​ နှင့်​ ဖွံ့ဖြိုးမှုအကူအညီများ​ ညှိနှိုင်းရေးအဖွဲ့​ (Development Assistance Coordination Unit)​ တွင်လည်းအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောက်လျက်ရှိပါသည်။ University of Wisconsin-Madison မှာ​စီးပွားရေးပညာရပ်ဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့ပြီး၊ နိုင်ငံတကာတက္ကသိုလ်၊ အဖွဲ့အစည်းများနှင့်တက်ကြွစွာ​ပူးပေါင်းဆောင်ရွက်နေသူတစ်ဦးဖြစ်ပါသည်။

အသက်(၈၀)ရှိပြီဖြစ်တဲ့စီမံဘဏ္ဍာရေးဝန်ကြီးဦးစိုးဝင်းကိုစက်မှုဝန်ကြီးအဖြစ်ပါ​ မကြာသေးခင်ကတာဝန်ပေး အပြီး၊ ယခုအခါ​ စီးပွားရေးပညာရှင်နောက်တစ်ဦးကို​ ဒုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်စေခြင်းပင်ဖြစ်ပါသည်။ အင်ဂျင်နီယာ တယောက်ထက်​ စီးပွားရေး၊ ဖွံ့​ဖြိုးရေးလုပ်ငန်းစဉ်များတွင်​ထဲထဲဝင်ဝင်​ ဆောင်ရွက်နေသူတစ်ဦးကိုတာဝန်ယူစေခြင်းဖြင့်၊ နိုင်ငံပိုင်စလက်ရုံများ၏ အရှုံးပေါ်နေမှုများကို​ စီးပွားရေးအမြင်ဖြင့်​ ပိုမိုထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ရန်​ အားဖြည့်ပေးလိုက်ခြင်းဟုယူဆမိပါသည်။

(ယောနသန်)၊ Photo – khaing ykn yin latt၊ ZN.H (လေးစားမှုဖြင့် ခရက်ဒစ်)

Leave a Comment

Your email address will not be published. Required fields are marked *