LOADING

Type to search

ခ်င္းတြင္းျမစ္ေရ စုိးရိမ္ေရမွတ္ထက္ ေက်ာ္လြန္သြားၿပီ၊ ခႏၱီးၿမဳိ႕ေက်းရြာမ်ား ေရလြတ္ရာ ေျပာင္းေရႊ႕

ခ်င္းတြင္းျမစ္ေရ စုိးရိမ္ေရမွတ္ထက္ ေက်ာ္လြန္သြားၿပီ၊ ခႏၱီးၿမဳိ႕ေက်းရြာမ်ား ေရလြတ္ရာ ေျပာင္းေရႊ႕

Bagan Thar July 14, 2019
Share

ခ်င္းတြင္းျမစ္ေရ စုိးရိမ္ေရမွတ္ထက္ ေက်ာ္လြန္သြားၿပီ၊ ခႏၱီးၿမဳိ႕ေက်းရြာမ်ား ေရလြတ္ရာ ေျပာင္းေရႊ႕

စစ္ကုိင္းတုိင္းေဒသႀကီး ခႏၲီးၿမိဳ႕အတြင္း ခ်င္းတြင္းျမစ္ေရသည္ ဇူလုိင္လ ၁၄ ရက္ေန႔ မနက္ တုိင္းထြာခ်က္အရ စုိးရိမ္ ေရမွတ္ေက်ာ္လြန္ေရာက္ရွိေနၿပီး အနိမ့္ပုိင္းေက်းရြာတစ္ခ်ဳိ႕တြင္ ေရ၀င္ေရာက္သျဖင့္ လူမ်ား ေျပာင္းေရႊ႕ ေနထုိင္မႈ မ်ား ရွိလာေၾကာင္း ခႏၱီးျမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴးရုံးမွ သိရသည္။

ခႏၲီးၿမိဳ႕အနီး ခ်င္းတြင္းျမစ္ေရသည္ ယေန႔ နံနက္ တုိင္းထြာခ်က္အရ စုိးရိမ္ေရမွတ္ ၁၃၆၀ စင္တီမီတာ ၏ အထက္ ၁၃၇၈ စင္တီမီတာ တြင္ ေရာက္ရွိေနၿပီျဖစ္သည္။ ယင္းအတြက္ေၾကာင့္ ခႏၲီးၿမိဳ႕နယ္ ခ်င္းတြင္းျမစ္ကမ္းေဘးရွိ အနိမ့္ပုိင္း ေက်းရြာ မ်ား ျဖစ္သည့္ ဆင္ေသေက်းရြာ၊ ေရႊျမင့္မုိရ္ေက်းရြာႏွင့္ နန္းဖီးလင္းေက်းရြာတုိ႔တြင္ ျမစ္ေရမ်ား ၀င္ေရာက္ေနၿပီျဖစ္သည္။

ျမစ္ေရ၀င္ေရာက္မႈေၾကာင့္ ဆင္ေသေက်းရြာမွ အိမ္ေထာင္စု ၆၆ စု၊ ေရႊျမင့္မုိရ္ေက်းရြာမွ အိမ္ေထာင္စု ၁၃ စုႏွင့္ နန္းဖီးလင္းေက်းရြာမွ အိမ္ေထာင္စု ၂၂ စုတုိ႔သည္ ေရလြတ္ရာေဆြမ်ဳိးမ်ား အိမ္သုိ႔ ေျပာင္းေရႊ႕ေနထုိင္ေနရၿပီျဖစ္ေၾကာင္း ခႏၲီးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးခင္ေမာင္ဆင့္က ေျပာသည္။

The Voice (ေလးစားမႈျဖင့္ ခရက္ဒစ္)

Unicode Version

ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်သွားပြီ၊ ခန္တီးမြို့အနီးကျေးရွာများ ရေလွတ်ရာ ပြောင်းရွှေ့

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့အတွင်း ချင်းတွင်းမြစ်ရေသည် ဇူလိုင်လ ၁၄ ရက်နေ့ မနက် တိုင်းထွာချက်အရ စိုးရိမ် ရေမှတ်ကျော်လွန်ရောက်ရှိနေပြီး အနိမ့်ပိုင်းကျေးရွာတစ်ချို့တွင် ရေဝင်ရောက်သဖြင့် လူများ ပြောင်းရွှေ့ နေထိုင်မှု များ ရှိလာကြောင်း ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ခန္တီးမြို့အနီး ချင်းတွင်းမြစ်ရေသည် ယနေ့ နံနက် တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ၁၃၆၀ စင်တီမီတာ ၏ အထက် ၁၃၇၈ စင်တီမီတာ တွင် ရောက်ရှိနေပြီဖြစ်သည်။ ယင်းအတွက်ကြောင့် ခန္တီးမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးရှိ အနိမ့်ပိုင်း ကျေးရွာ များ ဖြစ်သည့် ဆင်သေကျေးရွာ၊ ရွှေမြင့်မိုရ်ကျေးရွာနှင့် နန်းဖီးလင်းကျေးရွာတို့တွင် မြစ်ရေများ ဝင်ရောက်နေပြီဖြစ်သည်။

မြစ်ရေဝင်ရောက်မှုကြောင့် ဆင်သေကျေးရွာမှ အိမ်ထောင်စု ၆၆ စု၊ ရွှေမြင့်မိုရ်ကျေးရွာမှ အိမ်ထောင်စု ၁၃ စုနှင့် နန်းဖီးလင်းကျေးရွာမှ အိမ်ထောင်စု ၂၂ စုတို့သည် ရေလွတ်ရာဆွေမျိုးများ အိမ်သို့ ပြောင်းရွှေ့နေထိုင်နေရပြီဖြစ်ကြောင်း ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်က ပြောသည်။

The Voice (လေးစားမှုဖြင့် ခရက်ဒစ်)

Leave a Comment

Your email address will not be published. Required fields are marked *