LOADING

Type to search

ကာနယ် စလေဒင်တောင် လက်လံရတဲ့ မြန်မာပြည် (ဟာသ)

ကာနယ် စလေဒင်တောင် လက်လံရတဲ့ မြန်မာပြည် (ဟာသ)

Bagan Thar August 13, 2019
Share

ကာနယ် စလေဒင်တောင် လက်လံရတဲ့ မြန်မာပြည် (ဟာသ)

မြန်​မာပြည်​ကိုလွတ်​လပ်​​ရေး​ပေးပြီး နှစ်​​ပေါင်း ၇၀နီးပါးကြာမှ ကာနယ်​စ​လေဒင်​ တစ်​​ယောက်​ဘာစိတ်​ကူးရသည်​မသိမြန်​မာ ပြည်​ကိုလာလည်​ပါ​တော့တယ်​။ ကျွန်ုပ်​လဲ ​ဘော်​ဒါရင်း​တွေဆို​တော့ သူသွား ချင်​တဲ့​နေရာ​တွေလိုက်​ပို့​ပေးပါတယ်​  “ဟာ ​မောင်​ရင်​တို့ အ​တော့်​ကိုထိန်းသိမ်းတာပဲ ကြည့်​စမ်းပါအုံး ရန်​ကုန်​မြို့ကြီးက ကျုပ်​တို့ အင်္ဂလိပ်​အုပ်​ချုပ်​တုန်းကအတိုင်းပဲ ဘာမှမ ​ပြောင်းလဲဘူး….”  “ဟုတ်​…”  “ကျုပ်​ကို ဆိပ်​ကမ်းလိုက်​ပို့​ပေးပါအုံး…”

ကျွန်ုပ်​လဲ ဝါးတန်းဆိပ်​ကမ်း​ခေါ်လာ​တော့ ရန်​ကုန်​မြစ်​ထဲက သ​ဘောင်္​တွေကြည့်​ပြီး  “အို့မိုင်​​ဂေါ့…. ဦးနာ​အောက်​နဲ့ကျုပ်​တို့အင်္ဂလိပ်​ပိုင်​ ဧရာဝတီ သ​င်္ဘော ကုမ္ပဏီ ပြိုင်​ခဲ့ကြတဲ့ သ​ဘောင်္​တွေ အခုထိသုံးလို့ရ​နေတယ်​။ တကယ်​အံ့သြတယ်​ မြန်​မာ​တွေသိပ်​​တော်​တယ်​….”  ချီးကျူးကာ မန်း​လေးကို ရထားဖြင့်​သွားချင်​ သည်​ဆိုသဖြင့်​လိုက်​ပို့ရာ  ​”မောင်​ရင်​ ရထားလမ်းက ဒီတစ်​လမ်းပဲရှိတာ လား….”  “ဟုတ်​ပါတယ်​ ကာနယ်​…”  “ဟာ …ဒီရထားလမ်းက ကျုပ်​တို့​ဖောက်​ခဲ့တာ လေ ဒါနဲ့ မန်း​လေးကိုကားလမ်းဘယ်​နှစ်​ လမ်းရှိလဲ..”

“၃လမ်းပါ ရန်​ကုန်​ ပြည်​ မိတ္ထီလာ မန်း​လေး၊ ရန်​ကုန်​ ပျဉ်းမနား မိတ္ထီလာ မန်း​လေး နဲ့ ရန်​ကုန်​ မန်း​လေး အမြန်​လမ်းပါ….”  “ဟင်​ ​မောင်​ရင်​​ပြောသလိုဆို အမြန်​လမ်းတစ်​ ခုပဲ​မောင်​ရင်​တို့ ​ဖောက်​တာ​ပေါ့ …”  “ဟုတ်​ …ဟုတ်​ပါတယ်​..”  ကျွန်ုပ်​လဲရှက်​ရှက်​နဲ့​ဖြေလိုက်​တယ်​  “ဒါနဲ့ မန်း​လေး မြစ်​ကြီးနားလမ်းထပ်​​ဖောက်​သေးလား…”  “ရထားလမ်း​ရော ကားလမ်း​ရော ကာနယ်​တို့ ​ဖောက်​ထားတဲ့အတိုင်းပါပဲ…”

ကျွန်ုပ်​​ခေါင်း​တောင်​မ​ဖော်​ရဲ​တော့  “ထားပါ​တော့ ရိုးမ​တောကြီး​တွေကျွန်ုပ်​ကြည့်​ ချင်​ပါတယ်​ ကျွန်ုပ်​တို့ တစ်​ပင်​ခုက်​ ၁၀ပင်​ စိုက်​ခဲ့တာ ခု​လောက်​ဆို စိမ်းစိမ်းစိုစို ရှိ​လောက်​​ရော​ပေါ့..”  “ဟို​လေ ဟို ဟို ရိုးမကြီး​တွေမရှိ​တော့ပါဘူး…”  “ဘာ ​မောင်​ရင်​ …”  “ဟုတ်​ပါတယ်​ မရှိ​တော့ပါဘူး…”  “ဟာ..”  ကာနယ်​စ​လေဒင်​ သူ့နှာဖူးသူရိုက်​ကာ ​နောက်​လှန်​သွားတယ်​ ခဏ​နေမှ  ​”မောင်​ရင်​တို့ နှစ်​၇၀ ​လောက်​ဘာလုပ်​​နေကြလဲ…”  ကျွန်ုပ်​လဲ မပွင့်​တစ်​ပွင့်​​လေသံဖြင့်​  “ရန်​ဖြစ်​​နေကြပါတယ်​ ကာနယ်​…”  “ငင်..”

မုဆိုးလက် (လေးစားမှုဖြင့် ခရက်ဒစ်)

Leave a Comment

Your email address will not be published. Required fields are marked *