LOADING

Type to search

ကင်ဆာရောဂါကို ပိုက်ဆံနဲ့ ဝယ်နေကြရတဲ့ ကလေးများ (ကျောင်းနားမှာ ရောင်းနေတာတဲ့)

ကင်ဆာရောဂါကို ပိုက်ဆံနဲ့ ဝယ်နေကြရတဲ့ ကလေးများ (ကျောင်းနားမှာ ရောင်းနေတာတဲ့)

Bagan Thar August 13, 2019
Share

ကင်ဆာရောဂါကို ပိုက်ဆံနဲ့ ဝယ်နေကြရတဲ့ ကလေးများ (ကျောင်းနားမှာ ရောင်းနေတာတဲ့)

ဒီပို့စ်စရေးမိမှကလေးကျောင်းအတော်များများရောင်းကြတာသိလာရတော့ အတော်စိတ်ပူမိ။ ကလေးတွေကိုမုန့်ဖိုးပေးပြီး မနက်စောစော ကျောင်းကို ကျောင်းကားနဲ့လွှတ်လိုက်ရတဲ့မေမေတွေ ပိုသတိပြုစေချင်ပါတယ်ရှင့်  ဒီပို့စ်ကို ကျွန်မ မေတ္တာသက်သက်ဖြင့် တင်တာဖြစ်ပါတယ်။

အရင်ဆုံးပြောချင်တာ ဘယ်သူ့စီးပွားရေးမှ ထိခိုက်စေချင်တဲ့စိတ်လုံးဝမရှိဘူးဆိုတာပါ  ဒါပေမယ့် နေ့တဒူဝ  ကလေး ကျောင်းကြိုပို့ရင်း မြင်နေတော့ မနေနိုင်လို့ရေးပါမည်။ ပုံပါ ခေါက်ဆွဲခြောက်ကို ခုလိုခွက်နဲ့ရေနွေးဆူဆူလောင်းတာကို ကလေး အတော်များများ မြင်မိသလောက် Grade 4 to 8 နေ့တိုင်းနီးပါးစားကြပါတယ်။

မနက် ၇း၃၀ ကျောင်းလာတက်ပြီး ၁၂နာရီ ကျောင်းဆင်းတဲ့ကလေးတွေ အများဆုံးစားပါတယ်။ ခုစားနေတာ ဘာမှ မဖြစ်ပါဘူး နောက်၁၀နှစ်ဆို ဒီကလေးတွေ ကင်ဆာဖြစ်ဖို့ ၈၀% နီးစပ်သွားပါပြီ။ မိဘတွေ ဒီပို့စ့်လေးကိုမြင်ရင် ကိုယ့်သားသမီး ရတနာလေးတွေကို တချက်လောက် သတိပေးပေးကြစေချင်ပါတယ်။

ရောင်းသူဈေးသမားတွေလည်း ဒီပို့စ့်လေးကိုမြင်ရင် တခြားအဟာရဖြစ်စေမယ့် ဗိုက်ပြည့်စေမယ့် အရာလေးတွေ ရောင်းချ ပေးဖို့ စိတ်ပြောင်းသွားမယ်ဆိုရင် အထူးကျေးဇူးတင်မိမှာပါ။ ကျောင်းမုန့်ဈေးတန်းမှာရောင်းတာ မဟုတ်ပါဘူး။ ကျောင်းပြင်ပမှာ ရောင်းတာဖြစ်နေလို့ ဘယ်လို စည်းကြပ်သင့်တယ်လည်း မသိတော့ခက်ပါတယ်။

Cherry Mei (လေးစားမှုဖြင့် ခရက်ဒစ်)

Leave a Comment

Your email address will not be published. Required fields are marked *