LOADING

Type to search

လုပ်ထုံးလုပ်နည်းနဲ့ လုပ်မယ်ဆိုရင် ဘယ်သူ့ အဖေခေါ်ရမှန်း မသိတဲ့ မြန်မာပြည်ရဲ့ စနစ်

လုပ်ထုံးလုပ်နည်းနဲ့ လုပ်မယ်ဆိုရင် ဘယ်သူ့ အဖေခေါ်ရမှန်း မသိတဲ့ မြန်မာပြည်ရဲ့ စနစ်

Bagan Thar August 13, 2019
Share

လုပ်ထုံးလုပ်နည်းနဲ့ လုပ်မယ်ဆိုရင် ဘယ်သူ့ အဖေခေါ်ရမှန်း မသိတဲ့ မြန်မာပြည်ရဲ့ စနစ်

ပြီးခဲ့ တဲ့လက ရှမ်းပြည် နယ် အစိုးရကို သူ့ဒေသ က ပြောင်းခင်းတွေ ငမြောင်တောင်ပိုးကျတာ ဒရုန်းနဲ့ ပိုးသတ်ဆေး ဖြန်းပြခဲ့ ပါတယ်၊၊  ပြောင်းခင်း ပိုးကျရင် ၁ရက် ၂ရက်နဲ့ ကုန်တာ၊ အပင်ကြပ်တယ် မြင့်တယ်ဆိုတော့ ကျောပိုး နဲ့ဖြန်းတော့ အလုပ်မတွင်ဘူး၊ ဒရုန်း နဲ့ဖြန်းပြတော့ တဧက ကို၇မိနစ် လောက်နဲ့ ပြီးတယ်၊ နောက်တရက်ဆို ပိုးကောင်တွေ အကုန် သေပြီ၊ ပြောင်းစိုက်တောင်သူတွေ အင်မတန် သဘောကျကြပါတယ်။

တရက် ကို ဧက ၄၀ လောက်ဖြန်းနိုင်တော့ အလုပ်တွင်ပါတယ်၊ တောင်သူတွေလည်း အလုအယက် သူ့အခင်းဖြန်းပေးဖို့ လာပြောကြတယ်။ ဒရုန်းတစင်းကို ပျှမ်းမျှ သိန်း၁၅၀ သူ့ကိုသယ်ဖို့ အတွက် ကားတစီး ရင်းနှီးရမှာ ၊ပြီးတော့ ဒရုန်း ကိုင်တွယ် မောင်းနှင်တတ်ဖို့ သင်တန်းပေး တဲ့ ကုန်ကျစားရိတ် ရှိမယ်။

ရင်းတဲ့သူကလည်းရင်းမယ်၊ တိုင်းပြည်အတွက် လိုအပ်တယ်၊ တောင်သူ တွေ ဆုံး ရှုံး မူ့  ကာကွယ်ပေးနိုင်မယ်၊ ပြသနာက သွင်းခွင့် မပေးဘူး ဥပဒေ နဲ့ ကိုင်ပြောနေကြတယ်၊ ပိုးကျရင်တခင်းတခင်း ကို တမနက်နဲ့ ကုန်မှာ ဒါပေမယ့် ပုဂ္ဂလိကကို သွင်းခွင့်မပြုပါဘူးတဲ့။

ခုထိ မပြောင်းကြသေးဘူး၊ ကပ်ပြီး ခက်အောင် လုပ်နေကြတယ်၊ ခွင့်ပြုချက်ကို ကုန်သွယ်ရေးကမပေးတာလိုလို စိုက်ပျိုးရေး မပေးတာလိုလို၊ ကာကွယ်ရေး က မပေးတာလိုလို နဲ့၊ ဘယ်သူ့ အဖေ ခေါ်ရမှန်းမသိဘူး၊

မူးမြင့်အောင် (လေးစားမှုဖြင့် ခရက်ဒစ်)

Leave a Comment

Your email address will not be published. Required fields are marked *