LOADING

Type to search

အောင်ကြီးထွက်ဆိုချက်နှင့် ဒေါ်ဥမ္မာလှိုင်အမျိုးသားရဲအုပ် ထွက်ဆိုချက်တို့ကွဲလွဲနေ

အောင်ကြီးထွက်ဆိုချက်နှင့် ဒေါ်ဥမ္မာလှိုင်အမျိုးသားရဲအုပ် ထွက်ဆိုချက်တို့ကွဲလွဲနေ

Bagan Thar October 9, 2019
Share

အခင်းဖြစ်တဲ့နေ့က အောင်ကြီးကို ကိုကို၊ ညီညီရဲ့ အမေဒေါ်ဥမ္မာလှိုင်က ကားမှာဖွင့်ဖို့ CD ခွေလာယူပါဆိုပြီး အဖေဖြစ်သူ ရဲအုပ်က နေအိမ်မှာလာခေါ်တယ်။ ပြီးတော့ ကျောင်းမှာ လာချပေးတယ်။ CD ခွေရဖို့ အောင်ကြီးက ဧည့်ခန်းမှာ မိနစ် ၂၀ ကျော် ငုတ်တုတ်ထိုင်စောင့်ခဲ့ရတယ်။

CD ရပြီး အောင်ကြီးထွက်လာတော့ ကလေးကို ပြုကျင့်ပါတယ်ဆိုပြီး CID က အမှုဖွင့်တာ ခံရပြီး အဖမ်းခံခဲ့ရတာ ယနေ့အထိပဲ။ မိနစ် ၂၀ ကျော်လုံး အောင်ကြီးက ဧည့်ခန်းမှာ ထိုင်စောင့်နေခဲ့တယ်ဆိုတာ BBC ကသာ CCTV ချမပြရင် အောင်ကြီးက လုံးဝတရားခံပဲ။ ဆင်ထားတဲ့ အကွက်လေးတွေ လှလွန်းပါတယ်။ ခုတော့ ကိုယ့်လုပ်ရပ်ကိုယ် မလုံလို့ စကားတွေတောင် မှားထွက်ကုန်ပြီလား ရဲအုပ်ကြီးရယ် …

ဒေါ်ဥမ္မာလှိုင်၏ အမျိုးသားထွက်ဆိုချက် ကွဲလွဲမှုရှိ

ယနေ့ ပြုလုပ်သည့် ဗစ်တိုးရီးယားလေး ၏ ၈ ကြိမ်မြောက်ရုံးချိန်းတွင် Wisdom Hill ကျောင်း၏ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်၏ အမျိုးသား ရဲအုပ်( အောင်ကြီးကို အလုပ်ခန့်သည့် ကားပိုင်ရှင်) နှင့်ကျောင်း၏ ယာဉ်မောင်း ၂ ဦး ကို နှစ်ဖက်ရှေ့နေများက အပြန်အလှန် စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ခဲ့သည်။

ထိုသို့ စစ်ဆေးမေးမြန်းမှုတွင် ရဲအုပ်( အောင်ကြိးကို အလုပ်ခန့်သည့် ကားပိုင်ရှင်) ၏ ထွက်ဆိုချက်များသည် တရားခံဟု ယူဆထားသည့် ယာဉ်မောင်းအောင်ကြိး၏ ပြောပြချက် နှင့် ကွဲလွှဲမှုများရှိနေကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကပြောသည်။

“ရဲရဲ့ ထွက်ဆိုချက်ထဲမှာတော့ အများကြီး ထူးခြားတာတော့ မပါဘူး။ဒါပေမဲ့ ကျွန်မတို့ အောင်ကြီးပေးထားတဲ့ Instruction နဲ့ မေးမြန်းတဲ့ အခါမှာ ကိုက်ညီမှုမရှိတာတော့ တွေ့ရတယ်။ ကွဲလွှဲတာတော့ တွေ့ရတယ်”ဟု ဒေါ်စုဒါလီအောင် ကပြောသည်။

အောင်ကြီး၏ Instruction တွင် ရဲအုပ်မှ ၎င်း နေထိုင်သည့် တိုက်ရှေ့သို့ လာရောက်ခေါ်ကြောင်း၊ ရဲအုပ်၏ ယနေ့ ထွက်ဆိုချက်မှာတော့ အောင်ကြီး မှ ၎င်း ၏ နေအိမ်သို့ လာရောက်ကြောင်း တရားရုံးတော်တွင် ထွက်ဆိုထားကြောင်း သိရသည်။

ထိုသို့ ရဲအုပ်၏ ထွက်ဆိုချက် ကွဲလွဲနေမှုများသည် လျို့ဝှက်ချက်များရှိနေသည်ဟု အောင်ကြိး၏ ဖခင်ဖြစ်သူ ကပြောကြားခဲ့သည်။ ယနေ့ ရုံးချိန်းမှာတော့ အောင်ကြီးအတွက် အာမခံရရှိရေးအတွက် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် မှ လျှောက်လွှဲချက်တင်ခဲ့ရာ ဥပဒေ အရာရှိ မှ ကန့်ကွက်လျှောက်လွှာတင်ခဲ့ကြောင်း သိရသည်။ ထိုသို့ လျှောက်လွှဲချက်များ ရုံးတော်သို့ တင်ထားသည့် အတွက် နောက်လာမည့် ရုံးချိန်းတွင် ရုံးတော်မှ အာမခံ ပေးမပေး သိရှိရမည် ဖြစ်သည်။

“အာမခံ ရသင့်တယ်။ စောတယ်ဆိုတာတော့ မှန်တယ်။ အမှန်တကယ်တော့ လွှတ်ကို လွှတ်ရမှာ ညှိစွန်းမှု မရှိတဲ့ အတွက် လွှတ်ကို လွှတ်ရမှာ မလွတ်ခင် အခု ချိန်မှာတော့ ကျွန်တော်တို့ ဘက်က အာမခံတင်တယ်။ အဲ့ဒါကို သူတို့ ဘက်ကနေပြိေးတာ့ ဥပဒေ အရာရှိကနေ နည်းနည်းထောက်ထားတဲ့ ကန့်ကွက်တဲ့ အနေအထားနဲ့ ထောက်ထားတဲ့ အတွက်ကြောင့် ဒီကနေ့ အာမခံ မရဘူးပေါ့။လာမဲ့ အပတ်မှာတော့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ ပေးမယ်လို့ ထင်ပါတယ်”ဟု အောင်ကြီး၏ ဖခင်ဖြစ်သူ ကပြောသည်။

လာမည့် ၉ ကြိမ်မြောက်ရုံးချိန်းကိုတော့ အောက်တိုဘာလ ၂၃ ရက်နေ့ တွင်ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းနေ့ တွင် CCTV မှ တာဝန်ရှိသူနှင့် ကျောင်းမှ ဝန်ထမ်း ဖြစ်သူ ဆရာမ ၂ ဦး(ဆရာမ နှင်းနု မပါ)ကို စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

The Fifth Wave News

Zarni Tike ဖေ့ဘုတ်အကောင့်မှ ကူးယူဖော်ပြ ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *