LOADING

Type to search

တရားခံအောင်ကြီးကို အာမခံပေးရန် စောလွန်းသေးကြောင်း ဥပဒေအရာရှိ လျှောက်ထား

တရားခံအောင်ကြီးကို အာမခံပေးရန် စောလွန်းသေးကြောင်း ဥပဒေအရာရှိ လျှောက်ထား

Bagan Thar October 9, 2019
Share

နေပြည်တော်၊ အောက်တိုဘာ ၉

ဗစ်တိုးရီးယားအမှုမှ တရားခံဟုယူဆသူ ကိုအောင်ကြီး (ခ)အောင်ကျော်မျိုးကို အာမခံပေးရန်လျှောက်ထားမှုကို တရားရုံးတော်က ပလပ်သင့်သည်ဟု ဥပဒေအရာရှိ ကလျှောက်ထားခဲ့သည်။

ဗစ်တိုးရီးယားအမှုအတွက် တရားလိုပြသက်သေ ၂၇ ဦးကိုတရားရုံးတော်က စစ်ချက်ယူရမည်ဖြစ်ပြီး ယနေ့ အချိန်အထိ တရားလိုပြသက်သေ ၆ဦးကိုသာစစ်ချက် ယူရသေး၍ အောင်ကြီးအတွက်အာမခံလျှောက်ထားမှု မှာ စောလွန်းနေသောကြောင့် အာမခံလျှောက်ထားမှုကို ပလပ်သင့်သည်ဟု ဥပဒေအရာရှိက ရုံးတော်တွင် ပြောကြားခဲ့သည်။

“အမှုကို ပြည့်စုံစွာစစ်ဆေးရခြင်းမရှိသေးခင် အာမခံ လျှောက်ထားမှုက စောလွန်းနေသေးတယ်” ဟု ဥပဒေ အရာရှိကပြောသည်။ ယနေ့ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိခရိုင်တရားရုံးတွင် စစ်ချက်ယူသော ဗစ်တိုးရီးယားအမှု၏ ရှစ်ကြိမ်မြောက်ရုံးချိန်းတွင် အောင်ကြီး၏ရှေ့နေက အာမခံပေးရန်ရုံးတော်သို့ လျှောက်ထားမှုကြောင့် ဥပဒေအရာရှိက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗစ်တိုးရီးယား၏မိခင်၊ ဖခင်နှင့် အဘွားဖြစ်သူအပြင် ကာယကံရှင် ဗစ်တိုးရီးယားကိုယ်တိုင်က တရားခံဟုယူဆသူအောင်ကြီးမဟုတ်ကြောင်း ထွက်ဆိုထားကြ ကြောင်း အောင်ကြီး၏ရှေ့နေ ဦးခင်မောင်ဇော်ကပြော သည်။

ထို့ကြောင့် အောင်ကြီးသည်တရားခံအစစ်မဟုတ်သော ကြောင့် ရဲသွားရမည့်လမ်းကြောင်းအတိုင်းမလုပ်ပဲ အမှုကို ရှည်လျားအောင်လုပ်ဆောင်နေလျှင် ကာယကံ ရှင်ကလေးကို ပိုနစ်နာစေနိုင်သည်ဟု ဦးခင်မောင်ဇော် က ရုံးတော်တွင်လျှောက်ထားတင်ပြခဲ့သည်။

အောင်ကြီး(ခ)ကိုအောင်ကျော်မျိုးကို အာမခံပေးမပေး တရားရုံးအမိန့်ကို လာမည့်အောက်တိုဘာလ ၂၃ရက်ယနေ့ရုံးချိန်းတွင် အမိန့်ချမည်ဖြစ်ကြောင်းသိရသည်။

စက်တင်ဘါလ ၂၁ရက်နေ့က အောင်ကြီးအတွက် အာမခံကို စတင်လျှောက်ထားခဲ့ခြင်းဖြစ်သည်။ ထိုနေ့ရုံးချိန်းတွင် ဗစ်တိုးရီးယားအမှုမှသက်သေခံ ပစ္စည်းသက်သေအဖြစ် သိမ်းဆည်းရာတွင်သက်သေအဖြစ်လက်မှတ်ထိုးခဲ့သည့် ရာအိမ်မှူးနှစ်ဦးကိုစစ်ချက်ယူခဲ့ သည်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏခရိုင်တရားရုံးတွင် Wisdom Hill မူကြိုကျောင်း၌ လိင်ပိုင်းဆိုင်ရာအ ကြမ်းဖက်ခံရသည့် ကလေးငယ်ဗစ်တိုးရီးယားအမှု ရှစ် ကြိမ်မြောက်ရုံးချိန်းကို ယနေ့ဆက်လက်စစ်ဆေးခဲ့သည်။

ယနေ့ရုံးချိန်းတွင် Wisdom Hill မူကြိုကျောင်းအုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်၏ခင်ပွန်းဖြစ်သူနှင့် ထိုမူကြိုကျောင်း ၏ဖယ်ရီယာဉ်မောင်းနှစ်ဦးကို စစ်ဆေးခဲ့ကြောင်းသိရ သည်။

ကလေးငယ် ဗစ်တိုးရီးယားကိုလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အထက်ပါမူကြိုကျောင်းတွင် ၂၀၁၉ ခုနှစ်မေလ ၁၆ ရက်နေ့ကဖြစ်ပွားခဲ့သည်။

အေး​အေးဟန်

Leave a Comment

Your email address will not be published. Required fields are marked *