LOADING

Type to search

စစ်စွမ်းရည်ပြိုင်ပွဲတွင် မြန်မာ့ဆေးတပ်ဖွဲ့ စံချိန်ကောင်းများ ရရှိခဲ့

စစ်စွမ်းရည်ပြိုင်ပွဲတွင် မြန်မာ့ဆေးတပ်ဖွဲ့ စံချိန်ကောင်းများ ရရှိခဲ့

Bagan Thar August 16, 2019
Share

စစ်စွမ်းရည်ပြိုင်ပွဲတွင် မြန်မာ့ဆေးတပ်ဖွဲ့ စံချိန်ကောင်းများ ရရှိခဲ့

ဥဇဘက်ကစ္စတန် နိုင်ငံမှာ ကျင်းပသည့်  2019 ခုနှစ် International Army Gamesရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် မြန်မာ့တပ်မတော် ဆေး တပ်ဖွဲ့ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်နေတဲ့ စစ်မြေပြင် ဆေးတပ်ဖွဲ့စွမ်းရည် ပြိုင်ပွဲရဲ့ ပြိုင်ပွဲအမျိုးအစား (၁၁)မျိုးကို ယနေ့ယှဉ်ပြိုင် ပြီးဆုံးခဲ့ပါပြီ။

ယနေ့ နောက်ဆုံး ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ် (၁၁) အမျိုးသားသူနာပြု အဖွဲ့လိုက် အခက်အခဲ ဖြတ်ကျော်ခြင်းပြိုင်ပွဲ မှာတော့ နာမည်ကြီးရုရှား  ဘီလာရု နဲ့အာဆီယံပြိုင်ဘက် ဗီယက်နမ် အသင်းများကို ဖြတ်ကျော်ပြီး ၁၃ မိနစ် ၂၈ စက္ကန့်နဲ့ အဆင့်( ၄) နေရာက ပန်းဝင် ခဲ့ပါတယ်။  ပွဲစဉ်အားလုံး ပြီးဆုံးချိန် တစ်ဦးချင်း/အသင်းလိုက်အောင်ပွဲရ ရှိမှုအခြေအနေမှာ အမျိုးသမီးသူနာပြု ရိုင်ဖယ်အသင်း -ဒုတိယဆု  ရိုင်ဖယ် တစ်ဦးချင်းပစ်ခတ်စဉ်ပြိုင်ပွဲ-သူနာပြု သက်ထားအောင် –ဒုတိယဆု (ပစ်မှတ်သို့ ကျည် ၁၀တောင့်လုံး ထိမှန်သည်)  အဖွဲလိုက်အခက်အခဲဖြတ်ကျော် team leadship  အမျိုးသား/အမျိုးသမီး —–စတုတ္ထဆု

နိုင်ငံအလိုက်အဆင့် ရပ်တည်မှုမှာတော့ မြန်မာဆေးတပ်ဖွဲ့က အဆင့် ၅ နေရာ အာဆီယံ ပြိုင်ဘက် ဗီယက်နမ်ကအဆင့် ၇ နဲ့ အောက်ပါအတိုင်းသိရှိရပါတယ်-၁/ ဥဇဘက် ကစ္စတန် ၂/ ကာဇတ်စတန် ၃/ ရုရှား ၄/ ဘီလာရု ၅/မြန်မာ ၆/ အာဇာဘိုင်ကျန် ၇/ဗီယက်နမ် ၈/ဥဇဘက်ကစ္စတန် (ခ) ၉/ အာမေးနီယား ၁၀/ ဇင်ဘာဘွေ ၁၁/တာဂျစ် ၁၂/ အင်ဂိုလာ ၁၃/ ဗင်နီဇွဲလား

မြန်မာ့ဆေးတပ်ဖွဲ့ကိုယ်စားပြု တပ်မတော် ဆေးမှူး သူနာပြုများဟာ ကျွမ်းကျင် မှု/ လေ့ကျင့်သား ပြည့်ဝမှု မိမိကိုယ်ကို ယုံကြည်မှု အပေါ်အခြေခံပြီး နိုင်ငံ့ဂုဏ် ဆောင်နိုင်ဖို့ ပြိုင်ပွဲတစ်လျောက်အကောင်းဆုံး ယှဉ်ပြိုင်ကာ မြန်မာ့စိတ်ဓာတ်ကို ပြသနိုင်ခဲ့ပါတယ်။  မြန်မာ အမျိုးသမီးပြိုင်ပွဲဝင်များမှာကိုယ်ခန္ဓာတည်ဆောက်ပုံအရ အခြား ပြိုင်ပွဲဝင်များ ထက် သေးငယ် သော်လည်း ပေါင်ချိန် ၁၆၀-၁၇၀ ရှိလူနာများအား  စစ်မြေပြင်မှဆွဲထုတ်ခြင်း ထမ်းပြေးခြင်းများဖြင့်  ပြိုင်ပွဲဝင်ခဲ့ပြီး ရလဒ်ကောင်း ပိုင်ဆိုင်နိုင်ရေး ကြိုးစားခဲ့ကြပါတယ်။

အဖက်ဖက် က မိမိ ထက် သာလွန်တဲ့နိုင်ငံများကြားမှာ ပါဝင် ယှဉ်ပြိုင်ရသော်လည်း လက်ခံနိုင်တဲ့အတိုင်းအတာ တစ်ခု အထိအောင်မြင်ခဲ့တာကို မြင်တွေ့ရပါတယ်။  ပြိုင်ပွဲအတွင်း ယှဉ်ပြိုင်သူ များသာမကဘဲ အုပ်ချုပ်သူများအနေဖြင့်လည်း မိမိအသင်းသားများ၏ စွမ်းရည်ကို ရိုးသားစွာဖြင့် ကြိုးစား ယှဉ်ပြိုင်ရန်သာ အားပေးခဲ့ပြီး အခြားအသင်းများ၏ အားနည်းချက်များအပေါ် ထောက်ညွှန် ကန့်ကွက်ခြင်း မပြုဘဲ မိမိအသင်း  အကောင်းဆုံး ယှဉ်ပြိုင်ရေးကိုသာ ဦးတည် ကြိုးစားခဲ့ပါတယ်။

မြန်မာဆေးအဖွဲ့ရဲ့ ယှဉ်ပြိုင်မှု နဲ့ရပ်တည်ချက်များ ကို ကျေနပ်မိပါတယ်။ယခုနှစ် ယှဉ်ပြိုင်မှု မျာအပေါ် အခြေခံပြီး နောက်နှစ်တွေမှာလဲ ယခုထက် ကောင်းမွန်တဲ့ ရလဒ်များ ရ ရှိပါစေကြောင်း ဆန္ဒပြု ရေးသားအပ် ပါသည်။

Tin Ko Win 14-8-2019 (လေးစားမှုဖြင့် ခရက်ဒစ်)

Leave a Comment

Your email address will not be published. Required fields are marked *