LOADING

Type to search

ပြည်ထဲရေးအနေနဲ့ ဖြိုးပြည့်စုံအား မှားဖမ်းတဲ့ကိစ္စ အသိပေးဖြေကြားသင့်သည့် အချက်များ

ပြည်ထဲရေးအနေနဲ့ ဖြိုးပြည့်စုံအား မှားဖမ်းတဲ့ကိစ္စ အသိပေးဖြေကြားသင့်သည့် အချက်များ

Bagan Thar October 9, 2019
Share

နိုင်ငံတကာမှာလည်း မသင်္ကာရင် ခေါ်ပြီးစစ်ဆေးပိုင်ခွင့်ရှိတာပါပဲ ခိုင်လုံတဲ့သက်သေရှိရင် အမှုဆွဲတင်တယ်.. သက်သေအထောက်အထား မခိုင်လုံရင် မရှိရင် ပြန်လွှတ်ကြရတယ် ဒါကို လုပ်ရိုးလုပ်စဉ်ပဲ…

ပြောစရာရှိတာ ပထမအချက်က လက်ထိပ်ခတ်ထားပြီးသားလူတစ်ယောက်ကို အကြောင်းမဲ့ထိုးကြိတ်မှုအတွက် သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူလူထုကို ဘယ်လိုပြန်လည်ဖြေရှင်းချက်ပေးမှာလဲဆိုတဲ့ တာဝန်ယူ တာဝန်ခံမှုကိုတော့ ပြည်သူလူထုက သိချင်ကြမှာပါ…

ဒုတိယအချက်က ကိုယ်တစ်ကယ်ကျူးလွန်ထားခြင်း မရှိပဲ အခုလို အဖမ်းခံရပြီး အပြစ်မရှိဘူးဆိုပြီး ပြန်လွှတ်လိုက်ပေမယ့် နစ်နာသူရဲ့ဂုဏ်သိက္ခာအတွက် ပြန်လည်တရားစွဲဆိုလို့ ရတဲ့ ဥပဒေ မြန်မာပြည်မှာရှိပါသလား ရှိရင် တရားပြန်စွဲရမယ် မရှိဘူးဆိုရင် ဒီလိုမရှိတာဟာ ပြည်သူအတွက် တရားမျှတတယ်လို့ ထင်ကြသလား မမျှတဘူးလို့ ထင်ရင် ဥပဒေရေးဆွဲဖို့ လုပ်သင့်တယ်လို့ထင်တယ်…

တတိယအချက်အနေနဲ့ မနေ့က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ့ page က ကတ်တမင်း ၁၀ လုံးမိတယ်ဆိုပြီး တရားဝင် သတင်းထုတ်ပြန်ပြီးမှ ဘာလို့ ပြန်ဖျက်သွားတာလဲ.. ဒီအတွက် ဘယ်သူက တာဝန်ယူ တာဝန်ခံမှာလဲ…

နောက်တစ်ချက်က ဘယ်သူသတင်းပေးတာလည်း အဲလူကို မူးယစ်အဖွဲ့က မမှန်သတင်းပေးမှုနဲ့ တရားပြန်ဆွဲ ပေးမှာလား…

ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူကို ရှင်းလင်းစွာ အသိပေးဖြေကြားပေးဖို့ တာဝန်ရှိမယ်ထင်တယ်…

C.M.O (ဂဏန်း)

Leave a Comment

Your email address will not be published. Required fields are marked *