LOADING

Type to search

ေဖ်ာက္ဖ်က္ပစ္ရမယ့္ လူမႈေရးဆိုင္ရာ အက်င့္ဆိုး (၁၀)ခု

ေဖ်ာက္ဖ်က္ပစ္ရမယ့္ လူမႈေရးဆိုင္ရာ အက်င့္ဆိုး (၁၀)ခု

Bagan Thar October 30, 2018
Share

ဘယ္သူမဆို တစ္ခါတစ္ေလမွာ အမွားလုပ္မိတတ္ၾကပါတယ္။ စကားေျပာမွားတာ၊ နာမည္မွားေခၚတာ၊ ကတိေပးထားၿပီး မလုပ္ေပးျဖစ္တာ စသျဖင့္ လူမႈေရးဆိုင္ရာ အမွားေတြရွိတတ္ၾကပါတယ္။

ဒီလို အမွားေတြက ေယဘုယ်အားျဖင့္ အေရးႀကီးတဲ့ ကိစၥေတြမဟုတ္ေပမယ့္ အက်င့္ပါၿပီး အျမဲတမ္းျဖစ္ေနမယ္ဆိုရင္ေတာ့ မေကာင္းေတာ့ပါဘူး။ အက်င့္ဆိုးေတြဟာ ေဖ်ာက္ဖ်က္ရခက္ပါတယ္။

အထူးသျဖင့္ ကိုယ္တိုင္ သတိမထားမိရင္ ပိုဆိုးတတ္ပါတယ္။ ဒါ့ေၾကာင့္ ဘယ္သူ႕မွာမဆိုရွိႏိုင္တဲ့ လူမႈေရးဆိုင္ရာ အက်င့္ဆိုးေတြနဲ႔ ဘယ္လိုေဖ်ာက္ဖ်က္ရမလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အသံအရမ္းက်ယ္လြန္းျခင္း

အသံက်ယ္တာ ဘာျဖစ္လဲလို႔ ေမးစရာရွိပါတယ္။ ဒါေပမယ့္ ဒီအခ်က္ဟာ သင့္ရဲ႕အသံကို ထိန္းခ်ဳပ္ႏိုင္စြမ္း မရွိလို႔ ျဖစ္ရတဲ့ အက်င့္ဆိုးတစ္ခုျဖစ္ပါတယ္။

သင့္ရဲ႕အသိမိတ္ေဆြတစ္ေယာက္ကို လွမ္းေအာ္ေခၚတာက ျပႆနာမရွိဘူးဆိုေပမယ့္ တကယ္ႀကီး ေအာ္ႀကီးဟစ္က်ယ္လုပ္ဖို႔ လိုအပ္လို႔လားဆိုတာ ေသခ်ာစဥ္းစားပါ။

လူေတြဟာ အသံက်ယ္ႀကီးေတြၾကားရင္ ထိတ္လန္႔ၾကတတ္ပါတယ္။ ဒါဆို အသံက်ယ္တဲ့အက်င့္ကို ဘယ္လို ေဖ်ာက္ဖ်က္မလဲ။ သင့္အေနနဲ႔ ေနရာနဲ႔ အခ်ိန္ကို သတိထားဖို႔ပဲ လိုပါတယ္။ လူေတြအမ်ားႀကီးၾကားထဲမွာ အသံက်ယ္ႀကီးနဲ႔ မေျပာမဆိုမိေအာင္ သတိထားပါ။

၂။ ခံတြင္းနံ႔ဆိုးျခင္း

ဒီအခ်က္ကေတာ့ အက်င့္ဆိုးတစ္ခုဆိုတာထက္ အေျခအေနတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ ပတ္၀န္းက်င္ကလူေတြအတြက္ စိတ္အေႏွာင့္အယွက္ျဖစ္စရာတစ္ခုပါပဲ။

သင္ကိုယ္တိုင္ကေတာ့ ခံတြင္းနံ႔ဆိုးတာကို သတိထားမိခ်င္မွ သတိထားမိမွာပါ။ သင့္ရဲ႕ခံတြင္းနံ႔ဆိုးမဆိုးကို သိႏိုင္ဖို႔က လြယ္ပါတယ္။ လက္ေကာက္၀တ္ကို လွ်ာနဲ႔ အနည္းငယ္လ်က္ၾကည့္ၿပီး အနံ႔ကို ျပန္ခံစားၾကည့္ပါ။

တကယ္လို႔ ခံတြင္းနံ႔ဆိုးေနရင္ ဂရုစိုက္ဖို႔ လိုေနပါၿပီ။ သြားကို ပံုမွန္တိုက္ပါ။ ပီေက ဒါမွမဟုတ္ ပူရွိန္းတစ္ခုခု ေဆာင္ထားပါ။ အစားတစ္ခုခုစားၿပီးတိုင္း ပလုတ္က်င္းပါ။

၃။ ကိုယ့္အေၾကာင္းေတြပဲ ေျပာျခင္း

စကားေျပာဆိုမႈတစ္ခုမွာ အျပန္အလွန္ အေပးအယူရွိဖို႔ လိုပါတယ္။ တခ်ိန္လံုး သင့္အေၾကာင္းေတြခ်ည္းပဲ ေျပာဆိုေနမယ္ဆိုရင္ ဘယ္သူကမွ သင္နဲ႔စကားေျပာခ်င္မွာ မဟုတ္ပါဘူး။

ဒါက အက်င့္ဆိုးတစ္ခု ျဖစ္တယ္ဆိုတာကို သတိထားပါ။ ေမးခြန္းမ်ားမ်ားေမးတတ္ေအာင္ ေလ့လာပါ။ သင္ေျပာသေလာက္ ျပန္နားေထာင္ပါ။ ဘယ္သူနဲ႔မဆို စကားေျပာေကာင္းသူတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားပါ။

၄။ ထိန္းမႏိုင္သိမ္းမရျဖစ္ျခင္း

ေပ်ာ္ပြဲရႊင္ပြဲေတြ၊ အခမ္းအနားေတြမွာ ထိန္းမရသိမ္းမရ အေပ်ာ္လြန္က်ဴးေတြကို ဘယ္သူကမွ မလိုခ်င္ပါဘူး။ အလြန္အကၽြံေသာက္စားၿပီး အဆင္အျခင္မဲ့ ေအာ္ဟစ္ဆူညံေနမယ္၊ တျခားလူေတြကို ရန္ရွာတာ၊ အေပ်ာ္က်ဴးတာေတြက မေကာင္းတဲ့ အက်င့္ဆိုးေတြျဖစ္ပါတယ္။

ဒီလိုမျဖစ္ေအာင္ သတိထားၿပီး ထိန္းခ်ဳပ္ဖို႔ လိုပါတယ္။ အေသာက္အစားကို ဆင္ျခင္ပါ။ ကိုယ့္အတိုင္းအတာထက္ မလြန္ပါေစနဲ႔။ အျမဲတမ္း သတိရွိပါေစ။

၅။ ၀တ္စားဆင္ယင္ပံု မဆီေလွ်ာ္ျခင္း

အေျခအေန၊ အခ်ိန္အခါ၊ ပြဲအခမ္းအနားေတြနဲ႔ လိုက္ဖက္ဆီေလွ်ာ္မႈ မရွိတဲ့ အ၀တ္အစားေတြ၊ ၀တ္စံုေတြကို ၀တ္ဆင္ျခင္းကလည္း လူမႈေရးအက်င့္ဆိုးတစ္ခု ျဖစ္ပါတယ္။

သင့္စိတ္ႀကိဳက္၀တ္တယ္ဆိုေပမယ့္ ပတ္၀န္းက်င္က အျမင္ကို ထည့္စဥ္းစားဖို႔ လိုပါတယ္။ ဒီအက်င့္ကို ေဖ်ာက္ဖ်က္ဖို႔အတြက္ အေျခအေနနဲ႔ လိုက္ဖက္မႈရွိတဲ့ အ၀တ္အစားကို ေရြးခ်ယ္တတ္ေအာင္ ေလ့လာပါ။

သင့္အသိမိတ္ေဆြေတြ ဘယ္လို၀တ္ဆင္မလဲဆိုတာ ေမးျမန္းသင္ယူပါ။

၆။ မဆီမဆိုင္ေမးခြန္းမ်ား ေမးျခင္း

သင့္အေနနဲ႔ သိခ်င္တာတစ္ခုခု၊ ေမးျမန္းခ်င္တာတစ္ခုခုရွိလာခဲ့ရင္ လက္ရွိအေျခအေန၊ အခ်ိန္အခါနဲ႔ လိုက္ေလ်ာညီေထြမႈ ရွိမရွိကို အရင္စဥ္းစားဖို႔လိုပါတယ္။

မဆီမဆိုင္ေမးခြန္းေတြ ေမးျခင္းက ေျဖရမယ့္သူကို စိတ္အေႏွာက္အယွက္ျဖစ္ေစတဲ့အျပင္ တျခားသူေတြအတြက္လည္း အဆင္မေျပပါဘူး။ ဒါ့ေၾကာင့္ ဘယ္အခ်ိန္မွာ ဘာေမးခြန္းေမးသင့္လဲဆိုတာ သိေအာင္ ႀကိဳးစားပါ။

အလြယ္နည္းကေတာ့ ေပ်ာ္စရာအခ်ိန္ေတြမွာ ေပ်ာ္စရာေကာင္းတဲ့ ေမးခြန္းေတြပဲ ေမးပါ။ ၀မ္းနည္းစရာအေျခအေနေတြမွာ စိတ္ထိခိုက္စရာ ေျဖဆိုရမယ့္ ေမးခြန္းမေတြ မေမးမိပါေစနဲ႔။

၇။ မလိုအပ္ပဲ ေ၀ဖန္စကားေျပာျခင္း

တစ္ေယာက္ေယာက္က သင့္အၾကံဥာဏ္ကို လိုအပ္ရင္ ေမးပါလိမ့္မယ္။ တစ္ခါတစ္ေလမွာ ဘယ္သူ႔ရဲ႕ ထင္ျမင္ယူဆခ်က္ကိုမွ မလိုအပ္တာမ်ိဳးလည္း ရွိပါတယ္။

သူတို႔ကိုယ္ပိုင္အေတြးနဲ႔ ေက်နပ္ေနတတ္ၾကပါတယ္။ ဒီလို မလိုအပ္တဲ့အခ်ိန္မွာ သင့္အျမင္နဲ႔ ေ၀ဖန္ခ်က္ေတြကို ေျပာတာက မေကာင္းတဲ့ အက်င့္တစ္ခုျဖစ္ပါတယ္။

ဒီလိုအခ်ိန္မ်ိဳးမွာ နားေထာင္ေပးဖို႔ပဲ လိုအပ္ပါတယ္။ သင့္ဆီက မွတ္ခ်က္ျပဳတာကို လိုအပ္လို႔ ေတာင္းဆိုလာမွ ေ၀ဖန္အၾကံျပဳပါ။

၈။ စားေသာက္ပံု ညစ္ပတ္ျခင္း

ဒီအခ်က္က အေရးမႀကီးဘူးလို႔ ထင္ရေပမယ့္ ျဖစ္သလို ညစ္ပတ္ေပက်ံေနေအာင္ စားေသာက္တတ္သူမ်ိဳးနဲ႔ ဘယ္သူကမွ အတူတူမစားမေသာက္ခ်င္ၾကပါဘူး။

အစားစားတဲ့အခါ လက္ေတြ၊ အ၀တ္အစားေတြနဲ႔ ပါးစပ္တ၀ိုက္မွာ ေပက်ံစြန္းထင္းတဲ့အထိ ညစ္ပတ္ေအာင္ မစားပါနဲ႔။ အစားအေသာက္ေတြကို ပန္းကန္အျပင္ဖက္ကို မဖိတ္စင္ေအာင္ ဂရုစုိက္ပါ။ ပါးစပ္ထဲက စားစရာေတြ ထြက္က်မလာေအာင္ ဂရုစိုက္ပါ။

၉။ ပါးလုပ္ပါးေလာင္းျဖင့္ စကားေျပာျခင္း

အစားစားခ်ိန္မွာ စကားေျပာတာက အရမ္းသတိထားဖို႔ လိုပါတယ္။ ပါးစပ္ထဲမွာ စားစရာေတြ အျပည့္နဲ႔ စကားေျပာတာက တဖက္လူအတြက္ ရြံ႕စရာေကာင္းတဲ့ ျမင္ကြင္းကို ျမင္သြားရေစႏိုင္ပါတယ္။

ဒါ့ေၾကာင့္ ျဖည္းျဖည္းစားပါ။ တစ္လုပ္နဲ႔ တစ္လုပ္ၾကား ဇြန္း ခရင္း တူတို႔ကို ေဘးခ်ထားပါ။ တတ္ႏိုင္သမွ် ပါးစပ္ထဲမွာ အစာ၀ါးေနခ်ိန္မွာ စကားမေျပာပဲ တဖက္လူရဲ႕စကားကို နားေထာင္ပါ။

၁၀။ ပတ္၀န္းက်င္ကို ဂရုမစိုက္ျခင္း

ပစၥည္းေတြ ျပဳတ္က်ေအာင္ လုပ္ေလ့ရွိပါသလား ဒါမွမဟုတ္ ဘတ္စ္ကားစီးတဲ့အခါ သင့္ရဲ႕ေက်ာပိုးအိတ္နဲ႔ အျခားလူေတြကို တိုက္မိတတ္ပါသလား။ ဒါဆိုရင္ေတာ့ သင္ဟာ ပတ္၀န္းက်င္ကို ဂရုမစိုက္တတ္တဲ့ အက်င့္ဆိုးရွိသူတစ္ေယာက္ျဖစ္ပါတယ္။

ဒီအက်င့္က အသက္အရြယ္နဲ႔လည္း ဆိုင္တတ္ပါတယ္။ အသက္ငယ္ရြယ္သူေတြမွာ ပိုၿပီးေတြ႕ရတတ္ပါတယ္။ အသက္ႀကီးလာရင္ ပတ္၀န္းက်င္ကို အေလးထားတတ္လာၿပီး ဒီအက်င့္ဆိုးေပ်ာက္သြားတတ္ပါတယ္။

ဒါေပမယ့္ တစ္ခ်ိဳ႕ေတြကေတာ့ အသက္အရြယ္ရလာတဲ့အထိ မဆင္ျခင္တတ္ပါဘူး။ ဒါ့ေၾကာင့္ လႈပ္ရွားမႈတစ္ခုခုလုပ္တိုင္း သတိျပဳ ဆင္ျခင္ပါ။ ပတ္၀န္းက်င္ကို ေလးစားပါ။ ဘာပဲလုပ္လုပ္ သတိထားတတ္ေအာင္ အေလ့အက်င့္လုပ္ပါ။

Credit – Gentleman Magazine

 

  • Unicode Version

ဘယ်သူမဆို တစ်ခါတစ်လေမှာ အမှားလုပ်မိတတ်ကြပါတယ်။ စကားပြောမှားတာ၊ နာမည်မှားခေါ်တာ၊ ကတိပေးထားပြီး မလုပ်ပေးဖြစ်တာ စသဖြင့် လူမှုရေးဆိုင်ရာ အမှားတွေရှိတတ်ကြပါတယ်။

ဒီလို အမှားတွေက ယေဘုယျအားဖြင့် အရေးကြီးတဲ့ ကိစ္စတွေမဟုတ်ပေမယ့် အကျင့်ပါပြီး အမြဲတမ်းဖြစ်နေမယ်ဆိုရင်တော့ မကောင်းတော့ပါဘူး။ အကျင့်ဆိုးတွေဟာ ဖျောက်ဖျက်ရခက်ပါတယ်။

အထူးသဖြင့် ကိုယ်တိုင် သတိမထားမိရင် ပိုဆိုးတတ်ပါတယ်။ ဒါ့ကြောင့် ဘယ်သူ့မှာမဆိုရှိနိုင်တဲ့ လူမှုရေးဆိုင်ရာ အကျင့်ဆိုးတွေနဲ့ ဘယ်လိုဖျောက်ဖျက်ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁။ အသံအရမ်းကျယ်လွန်းခြင်း

အသံကျယ်တာ ဘာဖြစ်လဲလို့ မေးစရာရှိပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ သင့်ရဲ့အသံကို ထိန်းချုပ်နိုင်စွမ်း မရှိလို့ ဖြစ်ရတဲ့ အကျင့်ဆိုးတစ်ခုဖြစ်ပါတယ်။

သင့်ရဲ့အသိမိတ်ဆွေတစ်ယောက်ကို လှမ်းအော်ခေါ်တာက ပြဿနာမရှိဘူးဆိုပေမယ့် တကယ်ကြီး အော်ကြီးဟစ်ကျယ်လုပ်ဖို့ လိုအပ်လို့လားဆိုတာ သေချာစဉ်းစားပါ။

လူတွေဟာ အသံကျယ်ကြီးတွေကြားရင် ထိတ်လန့်ကြတတ်ပါတယ်။ ဒါဆို အသံကျယ်တဲ့အကျင့်ကို ဘယ်လို ဖျောက်ဖျက်မလဲ။ သင့်အနေနဲ့ နေရာနဲ့ အချိန်ကို သတိထားဖို့ပဲ လိုပါတယ်။ လူတွေအများကြီးကြားထဲမှာ အသံကျယ်ကြီးနဲ့ မပြောမဆိုမိအောင် သတိထားပါ။

၂။ ခံတွင်းနံ့ဆိုးခြင်း

ဒီအချက်ကတော့ အကျင့်ဆိုးတစ်ခုဆိုတာထက် အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ကလူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုပါပဲ။

သင်ကိုယ်တိုင်ကတော့ ခံတွင်းနံ့ဆိုးတာကို သတိထားမိချင်မှ သတိထားမိမှာပါ။ သင့်ရဲ့ခံတွင်းနံ့ဆိုးမဆိုးကို သိနိုင်ဖို့က လွယ်ပါတယ်။ လက်ကောက်ဝတ်ကို လျှာနဲ့ အနည်းငယ်လျက်ကြည့်ပြီး အနံ့ကို ပြန်ခံစားကြည့်ပါ။

တကယ်လို့ ခံတွင်းနံ့ဆိုးနေရင် ဂရုစိုက်ဖို့ လိုနေပါပြီ။ သွားကို ပုံမှန်တိုက်ပါ။ ပီကေ ဒါမှမဟုတ် ပူရှိန်းတစ်ခုခု ဆောင်ထားပါ။ အစားတစ်ခုခုစားပြီးတိုင်း ပလုတ်ကျင်းပါ။

၃။ ကိုယ့်အကြောင်းတွေပဲ ပြောခြင်း

စကားပြောဆိုမှုတစ်ခုမှာ အပြန်အလှန် အပေးအယူရှိဖို့ လိုပါတယ်။ တချိန်လုံး သင့်အကြောင်းတွေချည်းပဲ ပြောဆိုနေမယ်ဆိုရင် ဘယ်သူကမှ သင်နဲ့စကားပြောချင်မှာ မဟုတ်ပါဘူး။

ဒါက အကျင့်ဆိုးတစ်ခု ဖြစ်တယ်ဆိုတာကို သတိထားပါ။ မေးခွန်းများများမေးတတ်အောင် လေ့လာပါ။ သင်ပြောသလောက် ပြန်နားထောင်ပါ။ ဘယ်သူနဲ့မဆို စကားပြောကောင်းသူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။

၄။ ထိန်းမနိုင်သိမ်းမရဖြစ်ခြင်း

ပျော်ပွဲရွှင်ပွဲတွေ၊ အခမ်းအနားတွေမှာ ထိန်းမရသိမ်းမရ အပျော်လွန်ကျူးတွေကို ဘယ်သူကမှ မလိုချင်ပါဘူး။ အလွန်အကျွံသောက်စားပြီး အဆင်အခြင်မဲ့ အော်ဟစ်ဆူညံနေမယ်၊ တခြားလူတွေကို ရန်ရှာတာ၊ အပျော်ကျူးတာတွေက မကောင်းတဲ့ အကျင့်ဆိုးတွေဖြစ်ပါတယ်။

ဒီလိုမဖြစ်အောင် သတိထားပြီး ထိန်းချုပ်ဖို့ လိုပါတယ်။ အသောက်အစားကို ဆင်ခြင်ပါ။ ကိုယ့်အတိုင်းအတာထက် မလွန်ပါစေနဲ့။ အမြဲတမ်း သတိရှိပါစေ။

၅။ ဝတ်စားဆင်ယင်ပုံ မဆီလျှော်ခြင်း

အခြေအနေ၊ အချိန်အခါ၊ ပွဲအခမ်းအနားတွေနဲ့ လိုက်ဖက်ဆီလျှော်မှု မရှိတဲ့ အဝတ်အစားတွေ၊ ဝတ်စုံတွေကို ဝတ်ဆင်ခြင်းကလည်း လူမှုရေးအကျင့်ဆိုးတစ်ခု ဖြစ်ပါတယ်။

သင့်စိတ်ကြိုက်ဝတ်တယ်ဆိုပေမယ့် ပတ်ဝန်းကျင်က အမြင်ကို ထည့်စဉ်းစားဖို့ လိုပါတယ်။ ဒီအကျင့်ကို ဖျောက်ဖျက်ဖို့အတွက် အခြေအနေနဲ့ လိုက်ဖက်မှုရှိတဲ့ အဝတ်အစားကို ရွေးချယ်တတ်အောင် လေ့လာပါ။

သင့်အသိမိတ်ဆွေတွေ ဘယ်လိုဝတ်ဆင်မလဲဆိုတာ မေးမြန်းသင်ယူပါ။

၆။ မဆီမဆိုင်မေးခွန်းများ မေးခြင်း

သင့်အနေနဲ့ သိချင်တာတစ်ခုခု၊ မေးမြန်းချင်တာတစ်ခုခုရှိလာခဲ့ရင် လက်ရှိအခြေအနေ၊ အချိန်အခါနဲ့ လိုက်လျောညီထွေမှု ရှိမရှိကို အရင်စဉ်းစားဖို့လိုပါတယ်။

မဆီမဆိုင်မေးခွန်းတွေ မေးခြင်းက ဖြေရမယ့်သူကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့အပြင် တခြားသူတွေအတွက်လည်း အဆင်မပြေပါဘူး။ ဒါ့ကြောင့် ဘယ်အချိန်မှာ ဘာမေးခွန်းမေးသင့်လဲဆိုတာ သိအောင် ကြိုးစားပါ။

အလွယ်နည်းကတော့ ပျော်စရာအချိန်တွေမှာ ပျော်စရာကောင်းတဲ့ မေးခွန်းတွေပဲ မေးပါ။ ဝမ်းနည်းစရာအခြေအနေတွေမှာ စိတ်ထိခိုက်စရာ ဖြေဆိုရမယ့် မေးခွန်းမတွေ မမေးမိပါစေနဲ့။

၇။ မလိုအပ်ပဲ ဝေဖန်စကားပြောခြင်း

တစ်ယောက်ယောက်က သင့်အကြံဉာဏ်ကို လိုအပ်ရင် မေးပါလိမ့်မယ်။ တစ်ခါတစ်လေမှာ ဘယ်သူ့ရဲ့ ထင်မြင်ယူဆချက်ကိုမှ မလိုအပ်တာမျိုးလည်း ရှိပါတယ်။

သူတို့ကိုယ်ပိုင်အတွေးနဲ့ ကျေနပ်နေတတ်ကြပါတယ်။ ဒီလို မလိုအပ်တဲ့အချိန်မှာ သင့်အမြင်နဲ့ ဝေဖန်ချက်တွေကို ပြောတာက မကောင်းတဲ့ အကျင့်တစ်ခုဖြစ်ပါတယ်။

ဒီလိုအချိန်မျိုးမှာ နားထောင်ပေးဖို့ပဲ လိုအပ်ပါတယ်။ သင့်ဆီက မှတ်ချက်ပြုတာကို လိုအပ်လို့ တောင်းဆိုလာမှ ဝေဖန်အကြံပြုပါ။

၈။ စားသောက်ပုံ ညစ်ပတ်ခြင်း

ဒီအချက်က အရေးမကြီးဘူးလို့ ထင်ရပေမယ့် ဖြစ်သလို ညစ်ပတ်ပေကျံနေအောင် စားသောက်တတ်သူမျိုးနဲ့ ဘယ်သူကမှ အတူတူမစားမသောက်ချင်ကြပါဘူး။

အစားစားတဲ့အခါ လက်တွေ၊ အဝတ်အစားတွေနဲ့ ပါးစပ်တဝိုက်မှာ ပေကျံစွန်းထင်းတဲ့အထိ ညစ်ပတ်အောင် မစားပါနဲ့။ အစားအသောက်တွေကို ပန်းကန်အပြင်ဖက်ကို မဖိတ်စင်အောင် ဂရုစိုက်ပါ။ ပါးစပ်ထဲက စားစရာတွေ ထွက်ကျမလာအောင် ဂရုစိုက်ပါ။

၉။ ပါးလုပ်ပါးလောင်းဖြင့် စကားပြောခြင်း

အစားစားချိန်မှာ စကားပြောတာက အရမ်းသတိထားဖို့ လိုပါတယ်။ ပါးစပ်ထဲမှာ စားစရာတွေ အပြည့်နဲ့ စကားပြောတာက တဖက်လူအတွက် ရွံ့စရာကောင်းတဲ့ မြင်ကွင်းကို မြင်သွားရစေနိုင်ပါတယ်။

ဒါ့ကြောင့် ဖြည်းဖြည်းစားပါ။ တစ်လုပ်နဲ့ တစ်လုပ်ကြား ဇွန်း ခရင်း တူတို့ကို ဘေးချထားပါ။ တတ်နိုင်သမျှ ပါးစပ်ထဲမှာ အစာဝါးနေချိန်မှာ စကားမပြောပဲ တဖက်လူရဲ့စကားကို နားထောင်ပါ။

၁၀။ ပတ်ဝန်းကျင်ကို ဂရုမစိုက်ခြင်း

ပစ္စည်းတွေ ပြုတ်ကျအောင် လုပ်လေ့ရှိပါသလား ဒါမှမဟုတ် ဘတ်စ်ကားစီးတဲ့အခါ သင့်ရဲ့ကျောပိုးအိတ်နဲ့ အခြားလူတွေကို တိုက်မိတတ်ပါသလား။ ဒါဆိုရင်တော့ သင်ဟာ ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်တဲ့ အကျင့်ဆိုးရှိသူတစ်ယောက်ဖြစ်ပါတယ်။

ဒီအကျင့်က အသက်အရွယ်နဲ့လည်း ဆိုင်တတ်ပါတယ်။ အသက်ငယ်ရွယ်သူတွေမှာ ပိုပြီးတွေ့ရတတ်ပါတယ်။ အသက်ကြီးလာရင် ပတ်ဝန်းကျင်ကို အလေးထားတတ်လာပြီး ဒီအကျင့်ဆိုးပျောက်သွားတတ်ပါတယ်။

ဒါပေမယ့် တစ်ချို့တွေကတော့ အသက်အရွယ်ရလာတဲ့အထိ မဆင်ခြင်တတ်ပါဘူး။ ဒါ့ကြောင့် လှုပ်ရှားမှုတစ်ခုခုလုပ်တိုင်း သတိပြု ဆင်ခြင်ပါ။ ပတ်ဝန်းကျင်ကို လေးစားပါ။ ဘာပဲလုပ်လုပ် သတိထားတတ်အောင် အလေ့အကျင့်လုပ်ပါ။

Credit – Gentleman Magazine

Leave a Comment

Your email address will not be published. Required fields are marked *