LOADING

Type to search

အင်ဒိုနီးရှားလမ်းမထက်က ကျွဲချိုနဲ့ ရောဂါလိုက်ကုတဲ့ ကုထုံးဆန်း

အင်ဒိုနီးရှားလမ်းမထက်က ကျွဲချိုနဲ့ ရောဂါလိုက်ကုတဲ့ ကုထုံးဆန်း

Bagan Thar October 12, 2018
Share

ရောဂါကုထုံးတွေကို ခေတ်မီဆေးဝါးနည်းပညာတွေနဲ့ ချည်း ကုသနေကြတာမဟုတ်ပါဘူး။ နီးစပ်ရာမှ ဆေးမြီးတိုတွေ၊ ယုံကြည်ရာ နည်းလမ်းတွေနဲ့ လိုက်လံကုသနေတာတွေ ရှိနေဆဲပါပဲ။ တစ်ခါက အိန္ဒိယမှာဆိုရင် ပန်းနာရင်ကြပ်ရှိတဲ့ လူနာတွေကို ငါးအရှင်တွေ ကျွေးခြင်းဖြင့် ကုသခဲ့ကြတာပါ။

ပြီးခဲ့တဲ့ရက်တွေတုန်းက အင်ဒိုနီးရှားနိုင်ငံက လမ်းမပေါ်မှာ သွေးလှည့်ပတ်မှုကောင်းအောင်နဲ့ နာကျင်မှုတွေသက်သာအောင်ဆိုပြီး ကျွဲချိုကုထုံးနဲ့ ကုပေးနေကြောင်း သိခဲ့ရပါတယ်။

ရေကျွဲရဲ့ချိုတွေကို အပူပေးကာ လူခန္ဓာကိုယ်ပေါ်မှာ ကပ်လိုက်တဲ့အခါ စုပ်ခွက်လိုမျိုး အသားကို စုပ်ပြီး ကပ်နေပါတယ်။ အခုလို ထူးထူးဆန်းဆန်းပုံစံမျိုးနဲ့  ကုသမှုခံယူနေသူတွေကို ဂျာကာတာမြို့ရဲ့ လမ်းမထက်တွေမှာ မြင်ရမှာပါ။

တကယ်တော့ ဒီကုထုံးဟာလည်း ရိုးရာဆေးလောကမှာ နေရာယူပြီးသား စုပ်ခွက်ကုထုံးလိုပုံစံမျိုးနဲ့ အတူတူ ဖြစ်ပါတယ်။ ဖန်ခွက်လေးတွေ နေရာမှာ ကျွဲချိုတွေ ဝင်လာခြင်းပါပဲ။ ဖန်ခွက်နဲ့ကုသတဲ့ စုပ်ခွက်ကုထုံးကိုတော့ ကမ္ဘာကျော်အနုပညာရှင်တွေဖြစ်တဲ့ Justin Bieber ၊ Jennifer Aniston နဲ့ gwyenth Paltrow တို့လို လူမျိုးတွေကပါ ယုံယုံကြည်ကြည်နဲ့ ကုသမှုခံယူဖူးကြပါတယ်။

ဒီလိုကုထုံးမျိုးဟာ အန္တရာယ်တော့မရှိပေမယ့် သေချာ ပိုးသတ်ထားတဲ့ ကိရိယာတွေကို အသုံးမပြုဘူးဆိုရင်တော့ ပိုးဝင်တတ်ကြောင်း သတိပေးချက်တွေရှိနေပါတယ်။

Credit*-Penny

Source: Elite Readers

Leave a Comment

Your email address will not be published. Required fields are marked *