LOADING

Type to search

စိတ်ကူးယဉ်ဆန်ပြီးသဘာဝအလျောက်ဖြစ်ပေါ်လာသော အချစ်ရဲ့သင်္ကေတအသဲပုံ ရေကန်များ

စိတ်ကူးယဉ်ဆန်ပြီးသဘာဝအလျောက်ဖြစ်ပေါ်လာသော အချစ်ရဲ့သင်္ကေတအသဲပုံ ရေကန်များ

Bagan Thar October 8, 2018
Share

အသဲပုံ ရေကန် 9 ခု

မြန်မာနိုင်ငံ က ကမ္ဘာ့ အလှပဆုံး အသဲပုံရေကန် ပိုင်ဆိုင်မှု စာရင်း အဆင့် ၄။ တစ်ကမ္ဘာလုံးက တစ်ပြိုင်နက်တည်း အသိအမှတ်ပြုလိုက်တာကတော့ စိတ်ကူးယာဉ်ဆန်ပြီး အချစ်ရဲ့ သင်္ကေတ ပုံရေကန်များပါတဲ့ နောက်ပြီး မြေပြင်မှာ ထင်ထင် ရှားရှား အသဲပုံ ပေါ်ပြီး artificial ( တုပလုပ်ထားခြင်း) မျိုး မဟုတ်ဘဲ သဘာဝ အလျောက်ဖြစ်ပေါ်မှ သာ အသဲပုံ ရေကန် အဆင့် မှီပါတယ်။

အတိုချုပ်ပြီးရေးသား လိုက်ပါသည်။

1) Hart lake

ကနေဒါနိုင်ငံ Brampton ဒေသတွင်ရှိပြီး ကလေးတွေ အပန်းဖြေရေကူးခြင်း အပျော် သစ်ပင်စိုက်ခြင်း lလူများ စက်ဘီးစီးထွက်ခြင်းနှင့် လမ်းလျောက် ထွက်လျင် ဤရေကန်သို့သွားကြပါသည်

2) Lower Chicago Lake. USA

ချီကာဂို အပေါ်ရေကန်နှင့် အောက်ရေကန် နှစ်ကန် ရှိရာ ချီကာဂို အောက်ရေကန်က အသဲ ပုံပေါ်နေပါသည်။

3 ) LAC DU MONTAGNON, FRANCE

ပြင်သစ်နိုင်ငံ Pyrenees အမျိုးသားဥယဉ် တွင်ရှိပြီး 2003 မီတာ အမြင့်တွင်တည်ရှိသည်။

4) Rih Lake ရိခ်ရေကန်( မြန်မာ)

အသဲပုံ ရေကန် တစ်ခုကို မြန်မာနိုင်ငံ ချင်းပြည်နယ်မှာ တွေ့ရှိရပြီး မြန်မာနိုင်ငံ၏ အလွန်လှပသည့် အနောက်တောင်ဘက် နေရာ တစ်ခုဖြစ်သော ချင်းတောင်တန်းများနှင့် အိန္ဒိယ နယ်ခြားတောင်တန်း တို့၏ ကြား မှ ရွာတစ်ရွာတွင်တည်ရှိ ပါသည်။ ရေကန်ကို တွေ့ရဖို့ သွားရန် ခရီးလမ်း ခက်ခဲသော်လည်း ကမ္ဘာလှည့် ခရီးသွားများ ကို အလွန်ဆွဲဆောင်လျက်ရှိသည်။ တိုက်ရိုက်ဘာသာပြန်ထားပါသည်။

5) Lake Borebukta.Norway

Pool of love အချစ်ရေအိုင်ငယ် လို့လည်းခေါ်သည်။ ရေခဲမြစ်တွေ အရည်ပျော် ခဲ့ ရာမှ ဖြစ်ပေါ်လာတဲ့ ရေကန်ဖြစ်ပြီး နော်ဝေးနိုင်ငံ ရဲ့ အကြီးဆုံးကျွန်း Spitzbergen မှာတည်ရှိပါသည်။

6) BUYUK LAKE, TURKEY

တူရကီ နိုင်ငံ မြောက်ပိုင်း အမျိုးသား ဥယာဉ်မှာတည်ရှိပြီး ရေကန်ငယ် များစွာ ထဲကမှ အသဲပုံ ပေါ်နေတဲ့ ရေကန်ငယ် တစ်ခုဖြစ်သည်။

7) TRNOVAČKO LAKE,MONTENEGRO

Montenegro နိုင်ငံက ဘောစနီးယား နိုင်ငံရဲ့ မြောက်ပိုင်းမှာ ရှိတဲ့ နိုင်ငံငယ်လေးပါ။ တောင်တွေကာရံထားတဲ့ အလယ်မှာ ရှိပြီး နွေရာသီ အပန်းဖြေဖို့လူများခရီးထွက်ကြသည်။

8.) EROS LAKE, INDIA

အိန္ဒိယနိုင်ငံ ရဲ့ အနောက်ဘက် Chembra တောင်ကုန်းကနေလမ်းလျောက်သွား ရင်ရောက်နိုင်ပါတယ် ဒီရေအိုင်က လူတွေတူးခဲ့တာ မဟုတ်ဘူးလို့သိရပါတယ်။

9. HEART LAKE, RUSSIA

ရုရှာမှာ ရှိတဲ့ ၄ င်းရေကန် ကိုကြည့်ချင်ရင်တော့ လွယ်လွယ်ကူကူ မရပါဘူး Gora Cherskogo ဆိုတဲ့ တောင်ကို ၅ နာရီလောက် ခက်ခက်ခဲခဲ တက်ပြီးတော့မှ ဒီရေကန်လေးကိုတွေ့ရမှာပါ။ အချုပ်အားဖြင့်ပြော ရရင် သဘာဝတရားကြီး က လူတွေရဲ့ မျက်နှာကို ပြုံး သွားအောင် အလိုလို ပေးထားတဲ့ နေရာလေးတွေဖြစ်ပါတော့တယ်။

Credit – Original Page

Leave a Comment

Your email address will not be published. Required fields are marked *