LOADING

Type to search

သတို႔သမီးေလးတို႔ မဂၤလာပြဲ က်င္းပဖုိ႔(၂)လေလာက္အလိုမွာ လွေနေစဖို႔

သတို႔သမီးေလးတို႔ မဂၤလာပြဲ က်င္းပဖုိ႔(၂)လေလာက္အလိုမွာ လွေနေစဖို႔

Bagan Thar October 31, 2018
Share

မဂၤလာပြဲေလး က်င္းပဖို႔ (၂) လေလာက္အလုိမွာ အလွအပအတြက္ ႀကိဳတင္လုပ္ေဆာင္သင့္တာေလးေတြကို တစ္ခုခ်င္းစီ ျဖည္းျဖည္းခ်င္း တပတ္စီ ႀကိဳးစားၿပီး လုပ္ေဆာင္ပါေနာ္။

သတို႔သမီးေလးတို႔ေရ မဂၤလာပြဲနီးလာၿပီဆိုေတာ့ ျပင္ဆင္ထားတာေတြ အဆင္ေျပပါ့မလားဆိုၿပီး စိတ္ပူေနမွာပါပဲ။ သတို႔သမီးေလးတို႔ စိတ္ပူစရာေတြ ဘယ္ေလာက္မ်ားမ်ား၊ အလုပ္ေတြ ဘယ္ေလာက္ရွဳပ္ရွဳပ္ အလွအပကို ေမ့ထားလုိ႔ မရပါဘူးေနာ္။ သတို႔သမီးေလးတို႔ တသက္မွာ တစ္ခါ ေဆာင္ခြင့္ရတဲ့ ပြဲေလးမဟုတ္လားေနာ္။ အလွဆံုးလို႔ ေျပာရေလာက္ေအာင္ လွေနရမယ့္ အခ်ိန္ျဖစ္တာေၾကာင့္ ႀကိဳတင္ျပင္ဆင္ထားရမွာပါ။ (၂) လဆိုတဲ့ အခ််ိန္က ရက္သတၱပတ္အားျဖင့္ဆိုရင္ (၈) ပတ္ဆိုေတာ့ သတို႔သမီးေလးတို႔ အလွအပအတြက္ အပတ္စဥ္လိုက္ လုပ္သင့္တာေလးေတြ ေျပာျပေပးမယ္ေနာ္။

မဂၤလာပြဲ က်င္းပဖုိ႔ (၈) ပတ္အလို
သတို႔သမီးေလာင္းေလးတုိ႔ မဂၤလာပြဲ က်င္းပဖုိ႔ (၈) ပတ္အလိုေလာက္က စၿပီး မ်က္ႏွာကို ဆိုင္မွာ ပံုမွန္ေလး ေပါင္းတင္တာ၊ spa သြားတာမ်ိဳး လုပ္ပါ။ ခႏၶာကိုယ္ဆိုရင္လည္း scrub လုပ္တာမ်ိဳး လုပ္ပါ။ (၂)လေလာက္အလိုမွာ ဝက္ျခံရွိတယ္ဆိုရင္ ဆိုင္ေတြမွာ ေသေသခ်ာခ်ာေလး treatment လုပ္တာမ်ိဳးေလး လုပ္ႏိုင္ပါတယ္။

မဂၤလာပြဲ က်င္းပဖုိ႔ (၇) ပတ္အလို
သတို႔သမီးေလးတို႔ေရ Skin care ေလး ပံုမွန္သံုးပါ။ ေရမ်ားမ်ား စေသာက္ပါ။ ေရဓါတ္ျပည့္ဝေနမွသာ ဝက္ျခံထြက္တာနဲ႔ မ်က္ကြင္းညိဳတာကို ထိန္းခ်ဳပ္ႏိုင္မွာပါ။ ေကာ္ဖီေလွ်ာ့ေသာက္ပါ။ Skin care ေျပာင္းမသံုးပါနဲ႔ေနာ္။

မဂၤလာပြဲ က်င္းပဖို႔ (၆) ပတ္အလို
သတို႔သမီးေလးတို႔ေရ မ်က္ႏွာကို mask ကပ္ပါ။ တပတ္ကို (၂) ႀကိမ္ေလာက္ အနည္းဆံုး ကပ္ေပးပါေနာ္။ မ်က္ႏွာသုတ္ပုဝါ သန္႔ဖို႔ သတိျပဳပါ။ ျဖစ္ႏိုင္ရင္ေတာ့ တစ္ရွဴးေလးသံုးေပးပါ။ မ်က္ႏွာကို ကုတ္ဖဲ့တာေတြ၊ လက္သည္းနဲ႔ ျခစ္တာေတြ မလုပ္ပါနဲ႔ေနာ္။ (၆) ပတ္ဆိုတာ မဂၤလာပြဲ က်င္းပဖုိ႔ (၁) လခြဲပဲ လိုေတာ့တာမို႔ အမာရြတ္ထင္ရင္ ျပန္ကုဖို႔ ခ်က္ခ်င္းမလြယ္တာေၾကာင့္ပါ။

မဂၤလာပြဲ က်င္းပဖို႔ (၅) ပတ္အလို
သတို႔သမီးေလးတို႔ ခႏၶာကိုယ္အတြက္ အျပင္းအထန္ diet လုပ္ေနတယ္ဆိုရင္ ျဖည္းျဖည္းပဲ လုပ္ဖို႔ ျပင္ဆင္ပါ။ gym ေဆာ့ေနတယ္ဆိုရင္လည္း ပံုမွန္ေလးပဲ ေလ့က်င့္ပါ။ ဒါေတြက အလွအပကို အေထာက္အကူျပဳတယ္ဆိုေပမယ့္ က်န္းမာေရးေတာ့ ထိခိုက္လို႔ မရဘူးေလေနာ္။ အိပ္ေရးဝဝ အိပ္ပါ။

မဂၤလာပြဲ က်င္းပဖုိ႔ (၄) ပတ္အလို
သတို႔သမီးေလးတို႔ ဆံထံုးအတြက္ ဆံပင္ေပါင္းတင္တာမ်ိဳး လုပ္ပါ။ တခ်ိဳ႔သတို႔သမီးေလးေတြက မဂၤလာပြဲရက္နဲ႔ ဟန္းနီးမြန္းကို ရက္သိပ္မကြာတာမို႔ ဟန္းနီးမြန္းမွာ ဆံပင္လွလွေလးနဲ႔ သြားခ်င္တာမ်ိဳး ရွိပါတယ္။ ဟန္းနီးမြန္းကို ဆံပင္အေကာက္ေလးနဲ႔ သြားခ်င္တယ္ဆိုတာမ်ိဳးေပါ့။ ဒီလိုဆိုရင္ (၄) ပတ္ေလာက္အလိုမွာ ဆံထံုး ထံုးေပးမယ့္သူနဲ႔ တိုင္ပင္ပါေနာ္။

မဂၤလာပြဲ က်င္းပဖို႔ (၃) ပတ္အလို
မဂၤလာပြဲမွာ မ်က္ကပ္မွန္ တပ္မယ္လို႔ စိတ္ကူးထားရင္ (၃) ပတ္ေလာက္ အလိုကတည္းက ႀကိဳတင္ၿပီး တပ္ၾကည့္ထားပါ။ အသားက်ဖို႔ လိုပါတယ္။ သတို႔သမီးေလးတို႔ မဂၤလာပြဲေရာက္မွ တပ္မယ္ဆိုရင္ အဆင္မေျပမွာ စိုးတာေၾကာင့္ပါ။

မဂၤလာပြဲ က်င္းပဖို႔ (၂) ပတ္အလို
သတို႔သမီးေလးတို႔ အသားအေရ ၾကည္လင္ေနဖို႔ လိုပါတယ္။ အသီးအႏွံမ်ားမ်ားစားပါ။ သတုိ႔သမီးေလးတို႔ ဆိုင္မွာသြားၿပီး ေပါင္းတင္တာမ်ိဳး မဟုတ္ရင္ေတာင္ အိမ္မွာ ေပါင္းတင္တာမ်ိဳး လုပ္ပါ။ စိတ္ဖိစီးမႈ ေလွ်ာ့ခ်ၿပီး အတတ္ႏိုင္ဆံုး ေပါ့ေပါ့ပါးပါးေလး ေနပါ။

မဂၤလာပြဲ က်င္းပဖို႔ (၁) ပတ္အလို
ေျခသည္းလက္သည္း အလွျပင္ျခင္းဆိုင္ရာေတြ လုပ္ေဆာင္ပါ။ အတုုတပ္တာ ဒါမွမဟုတ္ ဆိုင္မွာ ဆိုးတာမ်ိဳး လုပ္ပါ။ ေျခသည္းလက္သည္း ေဆးေၾကာတာမ်ိဳးလည္း လုပ္ဖို႔မေမ့ပါနဲ႔ေနာ္။

သတို႔သမီးေလးတို႔ေရ မဂၤလာပြဲေလး က်င္းပဖို႔ (၂) လေလာက္အလုိမွာ အလွအပအတြက္ ႀကိဳတင္လုပ္ေဆာင္သင့္တာေလးေတြကို တစ္ခုခ်င္းစီ ျဖည္းျဖည္းခ်င္း တပတ္စီ ႀကိဳးစားၿပီး လုပ္ေဆာင္ပါေနာ္။ ဒါမွ သတို႔သမီးေလးတို႔ မဂၤလာပြဲမွာ လွေနမွာပါေနာ္။

www.baganthar.com
Credit: Marry

Unicode Version

မင်္ဂလာပွဲလေး ကျင်းပဖို့ (၂) လလောက်အလိုမှာ အလှအပအတွက် ကြိုတင်လုပ်ဆောင်သင့်တာလေးတွေကို တစ်ခုချင်းစီ ဖြည်းဖြည်းချင်း တပတ်စီ ကြိုးစားပြီး လုပ်ဆောင်ပါနော်။

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲနီးလာပြီဆိုတော့ ပြင်ဆင်ထားတာတွေ အဆင်ပြေပါ့မလားဆိုပြီး စိတ်ပူနေမှာပါပဲ။ သတို့သမီးလေးတို့ စိတ်ပူစရာတွေ ဘယ်လောက်များများ၊ အလုပ်တွေ ဘယ်လောက်ရှုပ်ရှုပ် အလှအပကို မေ့ထားလို့ မရပါဘူးနော်။ သတို့သမီးလေးတို့ တသက်မှာ တစ်ခါ ဆောင်ခွင့်ရတဲ့ ပွဲလေးမဟုတ်လားနော်။ အလှဆုံးလို့ ပြောရလောက်အောင် လှနေရမယ့် အချိန်ဖြစ်တာကြောင့် ကြိုတင်ပြင်ဆင်ထားရမှာပါ။ (၂) လဆိုတဲ့ အချျိန်က ရက်သတ္တပတ်အားဖြင့်ဆိုရင် (၈) ပတ်ဆိုတော့ သတို့သမီးလေးတို့ အလှအပအတွက် အပတ်စဉ်လိုက် လုပ်သင့်တာလေးတွေ ပြောပြပေးမယ်နော်။

မင်္ဂလာပွဲ ကျင်းပဖို့ (၈) ပတ်အလို
သတို့သမီးလောင်းလေးတို့ မင်္ဂလာပွဲ ကျင်းပဖို့ (၈) ပတ်အလိုလောက်က စပြီး မျက်နှာကို ဆိုင်မှာ ပုံမှန်လေး ပေါင်းတင်တာ၊ spa သွားတာမျိုး လုပ်ပါ။ ခန္ဓာကိုယ်ဆိုရင်လည်း scrub လုပ်တာမျိုး လုပ်ပါ။ (၂)လလောက်အလိုမှာ ဝက်ခြံရှိတယ်ဆိုရင် ဆိုင်တွေမှာ သေသေချာချာလေး treatment လုပ်တာမျိုးလေး လုပ်နိုင်ပါတယ်။

မင်္ဂလာပွဲ ကျင်းပဖို့ (၇) ပတ်အလို
သတို့သမီးလေးတို့ရေ Skin care လေး ပုံမှန်သုံးပါ။ ရေများများ စသောက်ပါ။ ရေဓါတ်ပြည့်ဝနေမှသာ ဝက်ခြံထွက်တာနဲ့ မျက်ကွင်းညိုတာကို ထိန်းချုပ်နိုင်မှာပါ။ ကော်ဖီလျှော့သောက်ပါ။ Skin care ပြောင်းမသုံးပါနဲ့နော်။

မင်္ဂလာပွဲ ကျင်းပဖို့ (၆) ပတ်အလို
သတို့သမီးလေးတို့ရေ မျက်နှာကို mask ကပ်ပါ။ တပတ်ကို (၂) ကြိမ်လောက် အနည်းဆုံး ကပ်ပေးပါနော်။ မျက်နှာသုတ်ပုဝါ သန့်ဖို့ သတိပြုပါ။ ဖြစ်နိုင်ရင်တော့ တစ်ရှူးလေးသုံးပေးပါ။ မျက်နှာကို ကုတ်ဖဲ့တာတွေ၊ လက်သည်းနဲ့ ခြစ်တာတွေ မလုပ်ပါနဲ့နော်။ (၆) ပတ်ဆိုတာ မင်္ဂလာပွဲ ကျင်းပဖို့ (၁) လခွဲပဲ လိုတော့တာမို့ အမာရွတ်ထင်ရင် ပြန်ကုဖို့ ချက်ချင်းမလွယ်တာကြောင့်ပါ။

မင်္ဂလာပွဲ ကျင်းပဖို့ (၅) ပတ်အလို
သတို့သမီးလေးတို့ ခန္ဓာကိုယ်အတွက် အပြင်းအထန် diet လုပ်နေတယ်ဆိုရင် ဖြည်းဖြည်းပဲ လုပ်ဖို့ ပြင်ဆင်ပါ။ gym ဆော့နေတယ်ဆိုရင်လည်း ပုံမှန်လေးပဲ လေ့ကျင့်ပါ။ ဒါတွေက အလှအပကို အထောက်အကူပြုတယ်ဆိုပေမယ့် ကျန်းမာရေးတော့ ထိခိုက်လို့ မရဘူးလေနော်။ အိပ်ရေးဝဝ အိပ်ပါ။

မင်္ဂလာပွဲ ကျင်းပဖို့ (၄) ပတ်အလို
သတို့သမီးလေးတို့ ဆံထုံးအတွက် ဆံပင်ပေါင်းတင်တာမျိုး လုပ်ပါ။ တချို့သတို့သမီးလေးတွေက မင်္ဂလာပွဲရက်နဲ့ ဟန်းနီးမွန်းကို ရက်သိပ်မကွာတာမို့ ဟန်းနီးမွန်းမှာ ဆံပင်လှလှလေးနဲ့ သွားချင်တာမျိုး ရှိပါတယ်။ ဟန်းနီးမွန်းကို ဆံပင်အကောက်လေးနဲ့ သွားချင်တယ်ဆိုတာမျိုးပေါ့။ ဒီလိုဆိုရင် (၄) ပတ်လောက်အလိုမှာ ဆံထုံး ထုံးပေးမယ့်သူနဲ့ တိုင်ပင်ပါနော်။

မင်္ဂလာပွဲ ကျင်းပဖို့ (၃) ပတ်အလို
မင်္ဂလာပွဲမှာ မျက်ကပ်မှန် တပ်မယ်လို့ စိတ်ကူးထားရင် (၃) ပတ်လောက် အလိုကတည်းက ကြိုတင်ပြီး တပ်ကြည့်ထားပါ။ အသားကျဖို့ လိုပါတယ်။ သတို့သမီးလေးတို့ မင်္ဂလာပွဲရောက်မှ တပ်မယ်ဆိုရင် အဆင်မပြေမှာ စိုးတာကြောင့်ပါ။

မင်္ဂလာပွဲ ကျင်းပဖို့ (၂) ပတ်အလို
သတို့သမီးလေးတို့ အသားအရေ ကြည်လင်နေဖို့ လိုပါတယ်။ အသီးအနှံများများစားပါ။ သတို့သမီးလေးတို့ ဆိုင်မှာသွားပြီး ပေါင်းတင်တာမျိုး မဟုတ်ရင်တောင် အိမ်မှာ ပေါင်းတင်တာမျိုး လုပ်ပါ။ စိတ်ဖိစီးမှု လျှော့ချပြီး အတတ်နိုင်ဆုံး ပေါ့ပေါ့ပါးပါးလေး နေပါ။

မင်္ဂလာပွဲ ကျင်းပဖို့ (၁) ပတ်အလို
ခြေသည်းလက်သည်း အလှပြင်ခြင်းဆိုင်ရာတွေ လုပ်ဆောင်ပါ။ အတုတပ်တာ ဒါမှမဟုတ် ဆိုင်မှာ ဆိုးတာမျိုး လုပ်ပါ။ ခြေသည်းလက်သည်း ဆေးကြောတာမျိုးလည်း လုပ်ဖို့မမေ့ပါနဲ့နော်။

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲလေး ကျင်းပဖို့ (၂) လလောက်အလိုမှာ အလှအပအတွက် ကြိုတင်လုပ်ဆောင်သင့်တာလေးတွေကို တစ်ခုချင်းစီ ဖြည်းဖြည်းချင်း တပတ်စီ ကြိုးစားပြီး လုပ်ဆောင်ပါနော်။ ဒါမှ သတို့သမီးလေးတို့ မင်္ဂလာပွဲမှာ လှနေမှာပါနော်။

www.baganthar.com
Credit: Marry

Leave a Comment

Your email address will not be published. Required fields are marked *