LOADING

Type to search

“ရခိုင်ရဲ့ နတ်ပြည် ရခိုင်ရဲ့ အလှတရားတစ်ခု(သို့မဟုတ်) လောင်းကျိုးကမ်းခြေ”

“ရခိုင်ရဲ့ နတ်ပြည် ရခိုင်ရဲ့ အလှတရားတစ်ခု(သို့မဟုတ်) လောင်းကျိုးကမ်းခြေ”

Bagan Thar October 10, 2018
Share

ရခိုင်ရဲ့ နတ်ပြည် ရခိုင်ရဲ့ အလှတရားတစ်ခု(သို့မဟုတ်)လောင်းကျိုးကမ်းခြေ

သိပ်မလိုတော့ဘူး မိုးလေကင်းလွတ်သီတင်းကျွတ်ဆိုတဲ့ကာလကိုရောက်တော့မယ် သီတင်းကျွတ် ကနေစပြီး တန်ခူး ကဆုန် လအထိ ပင်လယ်ကမ်းခြေတွေဟာ ဖူးပွင့်နေတဲ့ပန်းလေးတွေလို အစွမ်းကုန်လှနေတဲ့ အချိန်တွေပါပဲ ပင်လယ်ရေပြာလဲ့လဲ့ လှိုင်းလေ ငြိမ်ငြိမ် ရာသီဥတု ကောင်းကောင်းနဲ့ အပန်းခြေချင် တယ်ဆိုရင်တော့ Nov. Dec . Jan .Feb လတွေကအကောင်းဆုံးအချိန်တွေပဲ ဆိုတော့ကာ ရခိုင်ကမ်းခြေတွေမှာ လူလဲသိပ်မသိသေးဘူး သဘာဝအတိုင်း အများကြီးကျန်တဲ့ ကမ်းခြေတစ်ခုကို ပြောပြချင်တယ်။

ဟာ ဒါဆို ငပလီကကော မလှဘူးလားမေးစရာရှိတယ် ငပလီလည်းလှတာပ ဒါပေသိ ကမ်းခြေတောက်လျောက် က hotel အပြည့်ဖြစ်သွားပြီဆိုတော့ တကယ့်ကို နားအေးပါအေးနဲ့ အနားယူချင်သူတွေအတွက် အခုပြောမဲ့ကမ်းခြေက အသင့်တော်ဆုံးပဲ

ကမ်းခြေနာမည် က လောင်းကျိုးတဲ့

ဘာတွေရှိလဲ

လူမရှုပ်တဲ့ ကမ်းခြေဖြူဖြူ ရေကူးရေငုတ်လို့ကောင်းတဲ့ ပင်လယ်ပြာပြာ မျက်စိ တဆုံးမြင်ရမဲ့ အုန်းတော အုန်းတောတွေနဲ့ ကပ်လျက် ဥယျဉ်ခြံတွေနဲ့ လယ်ကွင်းစိမ်းစိမ်း လတ်ဆတ်တဲ့ပင်လယ်စာ တွေကို မြည်းစမ်းခွင့်ရမှာပါ။

ဘယ်လိုလူတွေအတွက်သင့်တော်လဲ

အသစ်ဆိုမှ သိချင်သူတွေ သဘာဝအတိုင်း နေချင်သူ သဲပုံပေါ်မှာ တဲထိုးပြီး ပင်လယ် အရသာကို ခံစားချင်သူတွေ လူအရမ်းများတာကိုမကြိုက်တဲ့သူတွေ အတွက် သင့်တော်ပါတယ်။

ဘယ်နေရာမှာရှိလဲ

ရန်ကုန်ကနေ ၂၇၂ ကီလို ငပလီကနေ ၁၁၆ ကီလို ရန်ကုန် ဂွ ငပလီ သွားလမ်းပေါ်မှာ အရင်ကမ်းသာယာ ကမ်းခြေနဲ့ကပ်ရပ်မှပေါ့ တနည်းပြောရရင် လောင်ကျိုးကိုလာရင် ကမ်းသာယာကော ကြွေချိုင်ကမ်းခြေကောရောက်သလိုပဲ ကမ်းခြေတွေက တစ်ဆက်တည်းတွေ ကမ်းခြေကလှမလှဆိုတာ အောက်မှာပုံတွေ သာ ရှိုးလိုက်တော့ မောင် …

Credit – Thu

Leave a Comment

Your email address will not be published. Required fields are marked *