LOADING

Type to search

ဒလတံတားေဆာက္ရန္ ဒီဇင္ဘာ (၁)ရက္ ပႏၷက္႐ိုက္မည္

ဒလတံတားေဆာက္ရန္ ဒီဇင္ဘာ (၁)ရက္ ပႏၷက္႐ိုက္မည္

Bagan Thar October 5, 2018
Share

ျမန္မာ-ကိုရီးယား ခ်စ္ၾကည္ေရးအျဖစ္ ေဆာင္႐ြက္မည့္ ရန္ကုန္-ဒလျမစ္ကူး တံတား စတင္တည္ေဆာက္ရန္ ဒီဇင္ဘာလ ၁ ရက္တြင္ ပႏၷက္႐ိုက္မည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ တံတားဦးစီးဌာန တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။

အဆိုပါ ဒလတံတားေရလယ္တိုင္ ႏွစ္ခုၾကားအက်ယ္ကို ၃၂၀ မီတာမွ ၃၇၀ မီတာ ျပန္လည္ခ်ဲ႕သည့္အတြက္ ဒီဇိုင္းပံုစံ ျပန္လည္ျပင္ဆင္တည္ေဆာက္ေရးအတြက္ လိုအပ္သည့္ ကိုရီးယားႏိုင္ငံမွ ေခ်းေငြေဒၚလာသန္း ၂၀ ကို စက္တင္ဘာလ တတိယပတ္ကရရွိၿပီး ျဖစ္ေၾကာင္း ၎က ဆက္လက္ ေျပာၾကားသည္။

“ေလာေလာဆယ္ေတာ့ တံတား တည္ေဆာက္ဖို႔ အစီအစဥ္ဆြဲေနတယ္။ မၾကာခင္လည္း ထုတ္ျပန္ေၾကညာေပးသြားပါမယ္”ဟု ၎ကဆိုသည္။

ဒလတံတား ပႏၷက္တင္ျခင္းအခမ္းအနားကို ဒီဇင္ဘာလ ၁ ရက္၊ နံနက္ပိုင္းတြင္ ဒလၿမိဳ႕နယ္ဘက္ျခမ္းရွိ တံတားတည္ေဆာက္မည့္ စီမံကိန္းေနရာတြင္ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း၊ အခမ္းအနားတြင္ မုန္႔ဟင္းခါးပိႆာတစ္ေထာင္ အလွဴဒါနျပဳလုပ္ကာ ေကၽြးေမြးသြားမည္ျဖစ္ေၾကာင္း ဒလၿမိဳ႕နယ္၊ မဲဆႏၵနယ္ အမွတ္ ၁ မွ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းရင္က ေျပာၾကားသည္။

ဒလတံတား တည္ေဆာက္ျခင္းလုပ္ငန္းမ်ားကို ပႏၷက္႐ိုက္ၿပီးသည္ႏွင့္ စတင္မည္ျဖစ္ေၾကာင္းႏွင့္ ရန္ကုန္-ဒလ ျမစ္ကူးတံတားကို ေလးလမ္းသြား၊ သံမဏိႀကိဳးဆိုင္းအမ်ိဳးအစားႏွင့္ တံတား အရွည္မွာ ၆၁၄၄ ေပရွည္လ်ားမည္ျဖစ္ၿပီး အျမင့္ေပ ၄၉ မီတာ တည္ေဆာက္ရန္ စီစဥ္ထားေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနထံမွ သိရသည္။

ဒလတံတားစီမံကိန္းအတြက္ ေတာင္ကိုရီးယားႏိုင္ငံမွ ပထမသတ္မွတ္ထားသည့္ အေမရိကန္ေဒၚလာ ၁၃၇ ဒသမ ၈၃၃ သန္းအျပင္ ဒီဇိုင္းျပင္ဆင္ တည္ေဆာက္ရာတြင္ လိုအပ္သည့္ အေမရိကန္ေဒၚလာသန္း ၂၀ ကို ကိုရီးယားႏိုင္ငံမွ ေခ်းမည္ျဖစ္ၿပီး အေမရိကန္ေဒၚလာ ၃၀ ဒသမ ၃၄၁ သန္းကို ျမန္မာအစိုးရဘက္က စိုက္ထုတ္ကာ တည္ေဆာက္သြားမည္ျဖစ္သည္။

ဒလတံတားအျမန္ဆံုး တည္ေဆာက္ေရးအတြက္ ဒလၿမိဳ႕နယ္တြင္ေနထိုင္သည့္ ေဒသခံျပည္သူမ်ားက ၂၀၁၈ ခုႏွစ္၊ ဇြန္လ ၁၇ ရက္တြင္ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။

Credit: The Voice


Unicode Version

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးအဖြစ် ဆောင်ရွက်မည့် ရန်ကုန်-ဒလမြစ်ကူး တံတား စတင်တည်ဆောက်ရန် ဒီဇင်ဘာလ ၁ ရက်တွင် ပန္နက်ရိုက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဒလတံတားရေလယ်တိုင် နှစ်ခုကြားအကျယ်ကို ၃၂၀ မီတာမှ ၃၇၀ မီတာ ပြန်လည်ချဲ့သည့်အတွက် ဒီဇိုင်းပုံစံ ပြန်လည်ပြင်ဆင်တည်ဆောက်ရေးအတွက် လိုအပ်သည့် ကိုရီးယားနိုင်ငံမှ ချေးငွေဒေါ်လာသန်း ၂၀ ကို စက်တင်ဘာလ တတိယပတ်ကရရှိပြီး ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“လောလောဆယ်တော့ တံတား တည်ဆောက်ဖို့ အစီအစဉ်ဆွဲနေတယ်။ မကြာခင်လည်း ထုတ်ပြန်ကြေညာပေးသွားပါမယ်”ဟု ၎င်းကဆိုသည်။

ဒလတံတား ပန္နက်တင်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၁ ရက်၊ နံနက်ပိုင်းတွင် ဒလမြို့နယ်ဘက်ခြမ်းရှိ တံတားတည်ဆောက်မည့် စီမံကိန်းနေရာတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အခမ်းအနားတွင် မုန့်ဟင်းခါးပိဿာတစ်ထောင် အလှူဒါနပြုလုပ်ကာ ကျွေးမွေးသွားမည်ဖြစ်ကြောင်း ဒလမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောကြားသည်။

ဒလတံတား တည်ဆောက်ခြင်းလုပ်ငန်းများကို ပန္နက်ရိုက်ပြီးသည်နှင့် စတင်မည်ဖြစ်ကြောင်းနှင့် ရန်ကုန်-ဒလ မြစ်ကူးတံတားကို လေးလမ်းသွား၊ သံမဏိကြိုးဆိုင်းအမျိုးအစားနှင့် တံတား အရှည်မှာ ၆၁၄၄ ပေရှည်လျားမည်ဖြစ်ပြီး အမြင့်ပေ ၄၉ မီတာ တည်ဆောက်ရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ဒလတံတားစီမံကိန်းအတွက် တောင်ကိုရီးယားနိုင်ငံမှ ပထမသတ်မှတ်ထားသည့် အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းအပြင် ဒီဇိုင်းပြင်ဆင် တည်ဆောက်ရာတွင် လိုအပ်သည့် အမေရိကန်ဒေါ်လာသန်း ၂၀ ကို ကိုရီးယားနိုင်ငံမှ ချေးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းကို မြန်မာအစိုးရဘက်က စိုက်ထုတ်ကာ တည်ဆောက်သွားမည်ဖြစ်သည်။

ဒလတံတားအမြန်ဆုံး တည်ဆောက်ရေးအတွက် ဒလမြို့နယ်တွင်နေထိုင်သည့် ဒေသခံပြည်သူများက ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၇ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Credit: The Voice

Tags:

Leave a Comment

Your email address will not be published. Required fields are marked *