LOADING

Type to search

ကမာၻ ့အဆိပ္အျပင္းဆံုး အပင္ ( ၉ ) ပင္

ကမာၻ ့အဆိပ္အျပင္းဆံုး အပင္ ( ၉ ) ပင္

Bagan Thar October 21, 2018
Share

အရမ္းလွသလို အဆိပ္လည္းအရမ္းျပင္းတဲ့အပင္ေတြပါပဲ ။

လွပတယ္ ခ်စ္စရာေကာင္းတယ္ဆုိတဲ့ စကားလံုးေတြကုိ အပင္ေတြကို ေဖာ္က်ဴးရာမွာသံုးေလ့ရွိတယ္ ။
ထုိ႕အျပင္ အိမ္မွာခ်ိတ္ဆြဲထားတဲ့ သက္ရွိေတြရဲ႕ရုပ္လံုးၾကြ ရုပ္ထုမ်ားနဲ႕ အဆင္တန္ဆာမ်ားကုိလည္း အခုလိုစကားလံုးေတြသံုးျပီးေဖာ္ျပေလ့ရွိတယ္ ။
ဒီလိုလွပပါတယ္ဆုိတဲ့အပင္ေတြထဲတစ္ခ်ိဳ႕ဟာ လူသားေတြအတြက္ေဆးဖက္ဝင္ပစၥည္းေတြထုတ္လုပ္ေပးေပမယ့္လည္း တခ်ိဳ႕အပင္ေတြက်ေတာ့လည္းအျပင္းဆံုးအဆိပ္ကုိထုတ္လုပ္ေပးၾကတယ္ ။
ေျပာရရင္လူတစ္ေယာက္ကုိေသသြားေစႏုိင္တဲ့အပင္ေတြကမၻာေပၚမွာအမ်ားအျပားရွိပါတယ္ ။
အရမ္းကုိအႏၱရာယ္မ်ားျပီးေတာ့ ေဝးေဝးကေရွာင္သင့္တဲ့အပင္ေတြပါပဲ ။
မဟုတ္ပဲ အနီးသြားခဲ့ရင္ေတာ့ ေနာက္ဆံုးအခ်ိန္ဆိုတာကုိ သေဘာေပါက္သြားရပါလိမ့္မယ္ ။

အခုကြ်န္ေတာ္တို႕ျပသမွာကေတာ့ အဆိပ္အျပင္းဆံုးဆုိတဲ့အပင္ေတြပါပဲ ။
တစ္ခ်ိဳ႕ကေတာ့ လူသိမ်ားတဲ့အပင္ေတြျဖစ္ၾကေပမယ့္ တခ်ိဳ႕က်ေတာ့လည္း အရမ္းရွားပါးလြန္းတဲ့အပင္ေတြျဖစ္ပါတယ္ ။

၁. Monkshood , Wolfsbane လို႕သိၾကတဲ့ Aconitum Napellus

အျမင္မွာေတာ့ အႏၱရာယ္ကင္းျပီး လွပတဲ့အပင္ေလးတစ္ပင္လုိ႕ထင္ရေပမယ့္ အထင္မွားသြားမယ္…သူ႕အဆိပ္ကအရမ္းကိုျပင္းတယ္ ။
ေလးျမွားေတြသံုးတဲ့ေခတ္ကဆိုရင္ ရန္သူကုိအျမန္ေသေစေအာင္ ဒီအပင္ကအဆိပ္ကုိျမွားမွာသုတ္ျပီးပစ္တာပဲျဖစ္တယ္ ။
ထုိ႕အျပင္ ဝံပုေလြေတြရန္က ကာကြယ္တဲ့ေနရာမွာသံုးတဲ့အတြက္ Wolfsbane လုိ႕လည္းေခၚတယ္ ။
တကယ္လုိ႕စားမိရင္ေတာ့ ေအာ့အန္ ထံုက်င္တာမ်ိဳးေတြ ျဖစ္လာႏုိင္ျပီးေတာ့ အျပင္းထန္ဆံုးအေျခအေနမွာ ေသဆံုးသြားႏုိင္ပါတယ္ ။

၂. ၾကက္ဆူပင္ လုိ႕သိၾကတဲ့ Ricinus Communis

Breaking Bad ၾကည့္ဖူးလား …အဲ့ကားထဲမွာ ဒီအပင္ကုိ Heisenberg က သူ႕ရန္သူကုိရွင္းထုတ္ဖုိ႕သံုးတာေလ ။
တစ္ပင္လံုးသံုးတာမဟုတ္ဘူး ၾကက္ဆူသီးကုိပဲသံုးတာ ။
ဒီအသီးဟာ အစာအိမ္ေယာင္ရမ္းျခင္း ႏွလံုးခုန္ႏႈန္းတိုးျပီးေတာ့ ေသြးဖိအားေလ်ာ့က်ေစျခင္းတုိ႕ျဖစ္ေစပါတယ္ ။
ၾကက္ဆူသီးစားရင္အႏၱရာယ္ရွိတဲ့အေၾကာင္းကုိေတာ့ လူတုိင္းသိမွာပါ ။

၃. Cicuta သို႕မဟုတ္ Water Hemlock

အျပင္ပုိင္းလွပျပီးေတာ့ အတြင္းပိုင္းမွာေတာ့ အဆိပ္ေတြနဲ႕ျပည့္ေနတဲ့အပင္တစ္ပင္ပါပဲ ။
လူေတြက Water Hemlock ပင္ကုိ Queen Anne’s Lace ပင္နဲ႕မွားတတ္ၾကတယ္ ။
Water Hemlock ပင္ ရဲ႕အျဖဴေရာင္အပြင့္ေတြဟာအနံ႕ေမႊြးတယ္ ။
Lace ကေတာ့ အျဖဴေရာင္အပြင္နံ႕ အနီေရာင္ပန္းပြင့္ရိုးတံရွိတယ္ ။
Cicuta ကိုေတာ့ US နဲ႕ UK မွာ အဆိပ္အရွိဆံုးပန္းတစ္ပင္အျဖစ္သတ္မွတ္ထားျပီးေတာ့ လူေပါင္းမ်ားစြာကုိ ဒုကၡေပးခဲ့တဲ့ပန္းလည္းျဖစ္တယ္ ။
စားမိရင္ေတာ့ အျပင္းအထန္ဖ်ားနာျပီး ေသဆံုးသြားရပါတယ္ ။

၄. နတ္သမီးထရန္းပတ္ ၊ ဂ်င္ဆန္ရဲ႕ေဆးေျခာက္ ၊ မေကာင္းဆိုးဝါးရဲ႕ခရုလို႕ လူေတြေခၚၾကတဲ့ Datura Stramonium

ဒီစာရင္းထဲမွာေတာ့ ေတာ္ေတာ္စိတ္ဝင္စားစရာေကာင္းတဲ့ပန္းပါပဲ ။
ဒီအပင္ကလည္း တစ္ျခားအပင္ေတြလိုပဲ အဆိပ္ရွိတဲ့အပင္ပါပဲ ။
ဒ႑ာရီအရဆိုရင္ ဒီအပင္ဟာ Datura Starmonium နဲ႕ပတ္သတ္ေနတယ္လို႕အဆိုရွိပါတယ္ ။
Datura Starmonium ရဲ႕သားေကာင္ေတြဟာ ငရဲလုိပူ ၊ လင္းႏို႕လုိကန္း ၊ ေျမစာဥလုိ နီရဲျပီးေတာ့ ဟက္တာလုိရူးသြပ္ေနၾကတာပဲျဖစ္တယ္ ။
ဒီအပင္ကုိ သိပၸံပညာရွင္ေတြေလ့လာတဲ့အခါမွာေတာ့ စားမိတဲ့သူဟာ ေဒါသေတြၾကီးလာျပီး တုိက္ခိုက္ခ်င္စိတ္ေတြေပၚေပါက္လာတာကိုေတြ႕ရတယ္ ။
ဒီေတာ့ သူ႕ကုိတင္စားထားတာက မေျပာပေလာက္ပါဘူး ။

၅. Gympie Gympie လို႕လူေတြသိၾကတဲ့ Dendrocnide Moroides

အပင္နာမည္ကေတာ့ ရယ္စရာေကာင္းေနေပမယ့္ အာနိသင္ကေတာ့သိပ္ရယ္ရတဲ့အပင္မ်ိဳးမဟုတ္ဘူး ။
ၾသစေတးသ်မွာေပါက္ေရာက္တဲ့အပင္ျဖစ္ျပီးေတာ့ အဆိပ္ေတြပါဝင္တဲ့ အေမႊးေသးေသးေလးေတြတစ္ပင္လံုးကိုဖံုးေနတဲ့အပင္ပါပဲ ။
တစ္ခ်က္ထိလိုက္တာနဲ႕ ေသသြားေစႏုိင္တဲ့အစြမ္းရွိပါတယ္ ။
ထိမိတဲ့သူေတြထဲမွာ အသက္ရွင္က်န္ရစ္ခဲ့တဲ့သူေတြရွိေပမယ့္လည္း လေပါင္းမ်ားစြာၾကာေအာင္နာက်င္မႈခံစားရပါတယ္ ။

၆. Giant Hogweed , Cartwheel Flower , Giant Cow Parsnip လုိ႕ေခၚတဲ့ Heracleum Mantegazzianum

ဒီအပင္နဲ႕ထိမိတဲ့သူေတြကေတာ့ အေရၾကည္ဖုေတြ ျဖစ္လာျပီးေတာ့ အမာရြတ္ေတြက်န္ခဲ့ပါတယ္ ။
အဆုိးဆံုးကေတာ့ မ်က္စိကန္းသြားႏုိင္တာပါပဲ ။
ဒီအပင္ဟာ ေပ ၂၀ အျမင့္ထိ ရွိႏုိင္ျပီး အရမ္းအဆိပ္ျပင္းလြန္းတဲ့အတြက္ အေမရိကန္အစိုးရက ဒီအပင္ကုိ အဆိပ္အျပင္းဆံုးေပါင္းပင္အျဖစ္သတ္မွတ္ထားပါတယ္ ။

၇. Actaea Pachypoda or ‘White Baneberry

ဒီအပင္က အဆိပ္ရွိျပီး အႏၱရာယ္မ်ားရံုတင္မကဘူး အျမင္မွာလည္းေၾကာက္ဖုိ႕ေကာင္းေသးတယ္ ။
သည္းထိတ္ရင္ဖုိကားထဲကလုိမ်ိဳး မ်က္လံုးပံုစံ အဖူးေတြရွိျပီးေတာ့ ဒီအပင္ကိုေတာ့ အရုပ္မ်က္လံုးပင္လုိ႕လည္းေခၚၾကပါတယ္ ။
အဆိပ္ရိွတဲ့အပင္ျဖစ္တဲ့အတြက္ သတၱဝါေတြေတာင္ဒီအပင္နားကုိမလာၾကပါဘူး ။

၈. Aristolochia Clematitis or ‘Birthwort’

ဒီအပင္ဟာ အဆိပ္ရွိတယ္ဆိုေပမယ့္လည္းေဆးဘက္ဆုိင္ရာထုတ္ကုန္ေတြမွာသံုးစြဲတာေတြရွိတယ္ ။
အေမရိကန္ အစားအေသာက္နဲ႕ေဆးဝါးအဖြဲ႕အစည္းကေတာ့ ဒီအပင္ကထြက္ရွိတဲ့ေဆးဝါးေတြကုိသံုးစြဲျခင္းကုိတားျမစ္ထားတယ္ ။
ဘာေၾကာင့္လဲဆုိေတာ့ အေမရိကႏုိင္ငံရဲ႕ ေက်ာက္ကပ္ေရာဂါျဖစ္ပြားရတဲ့နံပတ္ ၁ အခ်က္က ဒီအပင္ေၾကာင့္ပဲ ။
သိပၸံပညာရွင္ေတြကေတာ့ အပင္ရဲ႕ပင္စည္နဲ႕ အျမစ္ဟာအဆိပ္အေတာက္ျဖစ္ေစတဲ့အက္ဆစ္ေတြပါဝင္တဲ့အတြက္ေၾကာင့္ပဲလုိ႕ေျပာၾကတယ္ ။
ဘာပဲျဖစ္ျဖစ္ မစားတာအေကာင္းဆံုးပဲ ။

၉. မန္နီခ်ယ္ ပင္…ကမ္းနားပန္းသီးပင္လုိ႕ေခၚၾကတဲ့ Hippomane Mancinella

အသီးေလးကေတာ့စားခ်င္စရာေကာင္းလြန္းေပမယ့္ သြားစားလိုက္ရင္ေတာ့အမွားၾကီးမွားသြားမယ္ ။
ခဏတာမ်က္စိကြယ္သြားျပီးေတာ့အစာျပြန္တစ္ေလ်ာက္ နာက်င္မႈေတြ ခံစားရလိမ့္မယ္ ။
ဒီအသီးကုိစားခဲ့တဲ့သူေတြအေျပာရေတာ့ လည္ပင္းထဲမွာ မီးေလာင္ေနသလိုခံစားရပါတယ္တဲ့ ။
ျဖစ္လာတဲ့ ဆိုးက်ိဳးေတြကုိေတာ့ ေခတ္သစ္ေဆးပညာနဲ႕ကုသႏုိင္ျပီဆိုေပမယ့္လည္း လူ႕ခႏၶာကိုယ္အတြက္ အႏၱရယ္ေကာင္းေကာင္းေပးႏုိင္တဲ့ အပင္တစ္ပင္ပါပဲ ။

Writer – Min Thu (Daily Hot News)

Unicode Version

အရမ်းလှသလို အဆိပ်လည်းအရမ်းပြင်းတဲ့အပင်တွေပါပဲ ။

လှပတယ် ချစ်စရာကောင်းတယ်ဆိုတဲ့ စကားလုံးတွေကို အပင်တွေကို ဖော်ကျူးရာမှာသုံးလေ့ရှိတယ် ။
ထို့အပြင် အိမ်မှာချိတ်ဆွဲထားတဲ့ သက်ရှိတွေရဲ့ရုပ်လုံးကြွ ရုပ်ထုများနဲ့ အဆင်တန်ဆာများကိုလည်း အခုလိုစကားလုံးတွေသုံးပြီးဖော်ပြလေ့ရှိတယ် ။
ဒီလိုလှပပါတယ်ဆိုတဲ့အပင်တွေထဲတစ်ချို့ဟာ လူသားတွေအတွက်ဆေးဖက်ဝင်ပစ္စည်းတွေထုတ်လုပ်ပေးပေမယ့်လည်း တချို့အပင်တွေကျတော့လည်းအပြင်းဆုံးအဆိပ်ကိုထုတ်လုပ်ပေးကြတယ် ။
ပြောရရင်လူတစ်ယောက်ကိုသေသွားစေနိုင်တဲ့အပင်တွေကမ္ဘာပေါ်မှာအများအပြားရှိပါတယ် ။
အရမ်းကိုအန္တရာယ်များပြီးတော့ ဝေးဝေးကရှောင်သင့်တဲ့အပင်တွေပါပဲ ။
မဟုတ်ပဲ အနီးသွားခဲ့ရင်တော့ နောက်ဆုံးအချိန်ဆိုတာကို သဘောပေါက်သွားရပါလိမ့်မယ် ။

အခုကျွန်တော်တို့ပြသမှာကတော့ အဆိပ်အပြင်းဆုံးဆိုတဲ့အပင်တွေပါပဲ ။
တစ်ချို့ကတော့ လူသိများတဲ့အပင်တွေဖြစ်ကြပေမယ့် တချို့ကျတော့လည်း အရမ်းရှားပါးလွန်းတဲ့အပင်တွေဖြစ်ပါတယ် ။

၁. Monkshood , Wolfsbane လို့သိကြတဲ့ Aconitum Napellus

အမြင်မှာတော့ အန္တရာယ်ကင်းပြီး လှပတဲ့အပင်လေးတစ်ပင်လို့ထင်ရပေမယ့် အထင်မှားသွားမယ်…သူ့အဆိပ်ကအရမ်းကိုပြင်းတယ် ။
လေးမြှားတွေသုံးတဲ့ခေတ်ကဆိုရင် ရန်သူကိုအမြန်သေစေအောင် ဒီအပင်ကအဆိပ်ကိုမြှားမှာသုတ်ပြီးပစ်တာပဲဖြစ်တယ် ။
ထို့အပြင် ဝံပုလွေတွေရန်က ကာကွယ်တဲ့နေရာမှာသုံးတဲ့အတွက် Wolfsbane လို့လည်းခေါ်တယ် ။
တကယ်လို့စားမိရင်တော့ အော့အန် ထုံကျင်တာမျိုးတွေ ဖြစ်လာနိုင်ပြီးတော့ အပြင်းထန်ဆုံးအခြေအနေမှာ သေဆုံးသွားနိုင်ပါတယ် ။

၂. ကြက်ဆူပင် လို့သိကြတဲ့ Ricinus Communis

Breaking Bad ကြည့်ဖူးလား …အဲ့ကားထဲမှာ ဒီအပင်ကို Heisenberg က သူ့ရန်သူကိုရှင်းထုတ်ဖို့သုံးတာလေ ။
တစ်ပင်လုံးသုံးတာမဟုတ်ဘူး ကြက်ဆူသီးကိုပဲသုံးတာ ။
ဒီအသီးဟာ အစာအိမ်ယောင်ရမ်းခြင်း နှလုံးခုန်နှုန်းတိုးပြီးတော့ သွေးဖိအားလျော့ကျစေခြင်းတို့ဖြစ်စေပါတယ် ။
ကြက်ဆူသီးစားရင်အန္တရာယ်ရှိတဲ့အကြောင်းကိုတော့ လူတိုင်းသိမှာပါ ။

၃. Cicuta သို့မဟုတ် Water Hemlock

အပြင်ပိုင်းလှပပြီးတော့ အတွင်းပိုင်းမှာတော့ အဆိပ်တွေနဲ့ပြည့်နေတဲ့အပင်တစ်ပင်ပါပဲ ။
လူတွေက Water Hemlock ပင်ကို Queen Anne’s Lace ပင်နဲ့မှားတတ်ကြတယ် ။
Water Hemlock ပင် ရဲ့အဖြူရောင်အပွင့်တွေဟာအနံ့မွှွေးတယ် ။
Lace ကတော့ အဖြူရောင်အပွင်နံ့ အနီရောင်ပန်းပွင့်ရိုးတံရှိတယ် ။
Cicuta ကိုတော့ US နဲ့ UK မှာ အဆိပ်အရှိဆုံးပန်းတစ်ပင်အဖြစ်သတ်မှတ်ထားပြီးတော့ လူပေါင်းများစွာကို ဒုက္ခပေးခဲ့တဲ့ပန်းလည်းဖြစ်တယ် ။
စားမိရင်တော့ အပြင်းအထန်ဖျားနာပြီး သေဆုံးသွားရပါတယ် ။

၄. နတ်သမီးထရန်းပတ် ၊ ဂျင်ဆန်ရဲ့ဆေးခြောက် ၊ မကောင်းဆိုးဝါးရဲ့ခရုလို့ လူတွေခေါ်ကြတဲ့ Datura Stramonium

ဒီစာရင်းထဲမှာတော့ တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ပန်းပါပဲ ။
ဒီအပင်ကလည်း တစ်ခြားအပင်တွေလိုပဲ အဆိပ်ရှိတဲ့အပင်ပါပဲ ။
ဒဏ္ဍာရီအရဆိုရင် ဒီအပင်ဟာ Datura Starmonium နဲ့ပတ်သတ်နေတယ်လို့အဆိုရှိပါတယ် ။
Datura Starmonium ရဲ့သားကောင်တွေဟာ ငရဲလိုပူ ၊ လင်းနို့လိုကန်း ၊ မြေစာဥလို နီရဲပြီးတော့ ဟက်တာလိုရူးသွပ်နေကြတာပဲဖြစ်တယ် ။
ဒီအပင်ကို သိပ္ပံပညာရှင်တွေလေ့လာတဲ့အခါမှာတော့ စားမိတဲ့သူဟာ ဒေါသတွေကြီးလာပြီး တိုက်ခိုက်ချင်စိတ်တွေပေါ်ပေါက်လာတာကိုတွေ့ရတယ် ။
ဒီတော့ သူ့ကိုတင်စားထားတာက မပြောပလောက်ပါဘူး ။

၅. Gympie Gympie လို့လူတွေသိကြတဲ့ Dendrocnide Moroides

အပင်နာမည်ကတော့ ရယ်စရာကောင်းနေပေမယ့် အာနိသင်ကတော့သိပ်ရယ်ရတဲ့အပင်မျိုးမဟုတ်ဘူး ။
သြစတေးသျမှာပေါက်ရောက်တဲ့အပင်ဖြစ်ပြီးတော့ အဆိပ်တွေပါဝင်တဲ့ အမွှေးသေးသေးလေးတွေတစ်ပင်လုံးကိုဖုံးနေတဲ့အပင်ပါပဲ ။
တစ်ချက်ထိလိုက်တာနဲ့ သေသွားစေနိုင်တဲ့အစွမ်းရှိပါတယ် ။
ထိမိတဲ့သူတွေထဲမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူတွေရှိပေမယ့်လည်း လပေါင်းများစွာကြာအောင်နာကျင်မှုခံစားရပါတယ် ။

၆. Giant Hogweed , Cartwheel Flower , Giant Cow Parsnip လို့ခေါ်တဲ့ Heracleum Mantegazzianum

ဒီအပင်နဲ့ထိမိတဲ့သူတွေကတော့ အရေကြည်ဖုတွေ ဖြစ်လာပြီးတော့ အမာရွတ်တွေကျန်ခဲ့ပါတယ် ။
အဆိုးဆုံးကတော့ မျက်စိကန်းသွားနိုင်တာပါပဲ ။
ဒီအပင်ဟာ ပေ ၂၀ အမြင့်ထိ ရှိနိုင်ပြီး အရမ်းအဆိပ်ပြင်းလွန်းတဲ့အတွက် အမေရိကန်အစိုးရက ဒီအပင်ကို အဆိပ်အပြင်းဆုံးပေါင်းပင်အဖြစ်သတ်မှတ်ထားပါတယ် ။

၇. Actaea Pachypoda or ‘White Baneberry

ဒီအပင်က အဆိပ်ရှိပြီး အန္တရာယ်များရုံတင်မကဘူး အမြင်မှာလည်းကြောက်ဖို့ကောင်းသေးတယ် ။
သည်းထိတ်ရင်ဖိုကားထဲကလိုမျိုး မျက်လုံးပုံစံ အဖူးတွေရှိပြီးတော့ ဒီအပင်ကိုတော့ အရုပ်မျက်လုံးပင်လို့လည်းခေါ်ကြပါတယ် ။
အဆိပ်ရှိတဲ့အပင်ဖြစ်တဲ့အတွက် သတ္တဝါတွေတောင်ဒီအပင်နားကိုမလာကြပါဘူး ။

၈. Aristolochia Clematitis or ‘Birthwort’

ဒီအပင်ဟာ အဆိပ်ရှိတယ်ဆိုပေမယ့်လည်းဆေးဘက်ဆိုင်ရာထုတ်ကုန်တွေမှာသုံးစွဲတာတွေရှိတယ် ။
အမေရိကန် အစားအသောက်နဲ့ဆေးဝါးအဖွဲ့အစည်းကတော့ ဒီအပင်ကထွက်ရှိတဲ့ဆေးဝါးတွေကိုသုံးစွဲခြင်းကိုတားမြစ်ထားတယ် ။
ဘာကြောင့်လဲဆိုတော့ အမေရိကနိုင်ငံရဲ့ ကျောက်ကပ်ရောဂါဖြစ်ပွားရတဲ့နံပတ် ၁ အချက်က ဒီအပင်ကြောင့်ပဲ ။
သိပ္ပံပညာရှင်တွေကတော့ အပင်ရဲ့ပင်စည်နဲ့ အမြစ်ဟာအဆိပ်အတောက်ဖြစ်စေတဲ့အက်ဆစ်တွေပါဝင်တဲ့အတွက်ကြောင့်ပဲလို့ပြောကြတယ် ။
ဘာပဲဖြစ်ဖြစ် မစားတာအကောင်းဆုံးပဲ ။

၉. မန်နီချယ် ပင်…ကမ်းနားပန်းသီးပင်လို့ခေါ်ကြတဲ့ Hippomane Mancinella

အသီးလေးကတော့စားချင်စရာကောင်းလွန်းပေမယ့် သွားစားလိုက်ရင်တော့အမှားကြီးမှားသွားမယ် ။
ခဏတာမျက်စိကွယ်သွားပြီးတော့အစာပြွန်တစ်လျောက် နာကျင်မှုတွေ ခံစားရလိမ့်မယ် ။
ဒီအသီးကိုစားခဲ့တဲ့သူတွေအပြောရတော့ လည်ပင်းထဲမှာ မီးလောင်နေသလိုခံစားရပါတယ်တဲ့ ။
ဖြစ်လာတဲ့ ဆိုးကျိုးတွေကိုတော့ ခေတ်သစ်ဆေးပညာနဲ့ကုသနိုင်ပြီဆိုပေမယ့်လည်း လူ့ခန္ဓာကိုယ်အတွက် အန္တရယ်ကောင်းကောင်းပေးနိုင်တဲ့ အပင်တစ်ပင်ပါပဲ ။

Writer – Min Thu (Daily Hot News)

Leave a Comment

Your email address will not be published. Required fields are marked *